နာမည်အပျက်မခံဘဲ စောစောစီးစီး အာဆင်နယ်က ထွက်လိုက်ရမှာလို့ ဝန်ခံလိုက်တဲ့ ဝင်းဂါး

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက သူ့အနေနဲ့ အသင်းကို ခရွန်ကီဝယ်ယူပြီး (၁) မိနစ်အတွင်းမှာပဲ အသင်းကထွက်လိုက်သင့်တယ်လို့ ဝန်ခံပြောကြားလာပါတယ်။

ဝင်းဂါးဟာ အာဆင်နယ်ကို နှစ်ပေါင်း (၂၂) နှစ်ကြာ တာဝန်ယူခဲ့ပြီး ဘယ်အသင်းမှ လိုက်မမှီနိုင်တဲ့ ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးပေးခဲ့သူပါ။

ဒါပေမယ့် ဟိုက်ဘူရီကနေ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ပြီးချိန်မှာ ဘဏ္ဍာရေးပြဿနာတွေကြောင့် အသင်းကို လုံလောက်တဲ့ အားဖြည့်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။

(၂၀၀၇) မှာ အာဆင်နယ်ကို အမေရိကန်သူဌေး ခရွန်ကီက ပိုင်ဆိုင်ခဲ့ပြီး သူ့အနေနဲ့ အဲ့ဒီအချိန်မှာပဲ အာဆင်နယ်ကို စွန့်ခွာသင့်တယ်လို့ ဝန်ခံလာပါတယ်။ အာစင်ဝင်းဂါးက “ကျွန်တော် အဲ့ဒီအချိန်တည်းက အခြားအသင်းကို ပြောင်းလိုက်သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော် အာဆင်နယ်မှာရှိရတာကို အရမ်းချစ်မြတ်နိုးခဲ့ပါတယ်”

“ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အာဆင်နယ်နဲ့ တစ်သားတည်းအဖြစ် သတ်မှတ်ခဲ့ပြီး ဒီအမှားအပေါ် ကျွန်တော် နောင်တရနေပါတယ်။ ဒါပေမယ့် တခြားဘာထူးထူးခြားခြား အကြောင်းပြချက်မရှိပါဘူး။ ပြင်သစ်လက်ရွေးစင်ကို ကိုင်တွယ်ဖို့၊ အင်္ဂလန်လက်ရွေးစင်ကို ကိုင်တွယ်ဖို့ (၃) ကြိမ် အခွင့်အရေးရခဲ့ပါတယ်”

“ရီးရဲယ်မက်ဒရစ်ကို (၂) ကြိမ်၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီနဲ့ ယူနိုက်တက်ကို ကိုင်တွယ်ဖို့တောင် အခွင့်အရေးရှိခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်နည်းပြဘဝ နှောင်းပိုင်းကာလတွေမှာ ပရိသတ်တွေရဲ့ ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် နောက်ဆုံးမှာတော့ အာစင်ဝင်းဂါးက အာဆင်နယ်ကို စွန့်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။