မက်ဆီတို့လို ဘာကာမှာမရှိတဲ့ သူတွေအကြောင်း တွေးမနေနိုင်ဘူးဆိုတဲ့ နည်းပြသစ် ဇာဗီ

ဘာစီလိုနာ အသင်းရဲ့ဂန္တဝင် ကစားသမားတဦးဖြစ်တဲ့ ကစားသမားဟောင်း ဇာဗီ ကတော့ မနေ့ကပဲ အသင်းရဲ့နည်းပြသစ်အဖြစ် နူးကမ့်ပ် ကွင်းကြီးထဲမှာ မိတ်ဆက်မှုတွေပြုလုပ်သွားခဲ့ပါတယ်။အသင်းဖော်ဟောင်း မက်ဆီ က သူ့ကို ဘာစီလိုနာ ကို ပြန်မလာခင် ကံကောင်းပါစေဆိုပြီး မက်ဆေ့ပို့ခဲ့ကြောင်းလည်း ဇာဗီ က ပြောခဲ့ပါတယ်။

ဇာဗီ ဟာ အခုရာသီမှာ ရလဒ်‌တွေဆိုးရွားနေတဲ့ ဘာစီလိုနာ အသင်းကို ကိုင်တွယ်ဖို့ ကာတာကလပ် အယ်လ်ဆတ် အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ရော်နယ်လ်ကိုးမန်းရဲ့နေရာမှာ အစားထိုးတာဝန်ယူရမှာဖြစ်ပါတယ်။ဇာဗီ ဟာ ဘာစီလိုနာ အသင်းနဲ့ (၂၀၂၄)အထိ စာချုပ်ချုပ်ခဲ့တာပါ။

မက်ဆီ ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဘာစီလိုနာ ကနေ ထွက်ခွာပြီး ပီအက်စ်ဂျီ ကို ပြောင်းရွှေ့သွားခဲ့တာကြောင့် ဇာဗီ ဟာ သူ့ရဲ့အသင်းဖော်ဟောင်း ကို နည်းပြပြန်ပြရမယ့် အခွင့်အရေးဆုံးရှုံးခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီ ကို နည်းပြအဖြစ် ကိုင်တွယ်ချင်လားလို့ မေးမြန်းခဲ့ရာမှာ ဇာဗီ က “မက်ဆီ၊အီတူး၊ရော်နယ်ဒင်ဟို တို့ကို နည်းပြချင်တာပေါ့ ဒါပေမယ့် သူတို့ ဒီမှာမရှိတော့ပါဘူး။မက်ဆီ ဟာ အလွန်ကောင်းမွန်တဲ့ သူငယ်ချင်းဖြစ်ပြီး သူကျွန်တော့်ကို ကံကောင်းပါစေလို့ မက်ဆေ့ပို့ခဲ့ပါတယ်”

“ဒါပေမယ့် ဒီမှာမရှိတဲ့ ကစားသမားတွေအကြောင်းကို ကျွန်တော်တို့ စဉ်းစားလို့ မရပါဘူး”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ကလပ်အသင်းကို ပြန်လာတာနဲ့ ပတ်သက်ပြီးတော့လည်း ဇာဗီ က “ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားနေတာပါ။အိမ်ပြန်ရောက်ပါပြီ။ကျွန်တော်တို့ဟာ စီးပွားရေးအရ ခက်ခဲတဲ့ အခြေအနေကို ရောက်နေသလို အားကစားပိုင်းမှာလည်း အကောင်းဆုံးအနေအထားကို မရောက်သေးပါဘူး”

“ဒါပေမယ့် ကျွန်တော်တို့ဟာ ဘာကာပါ ကမ္ဘာ့အကောင်းဆုံးအသင်းပေါ့။ပရိသတ်တွေအားလုံးကို ပြန်မြင်တွေ့ရတာဟာ အလွန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။သူတို့ကို ကောင်းမွန်တဲ့ ဘောလုံးပွဲတွေ ပြန်ပေးရမှာဖြစ်ပြီး အလုပ်ကိုလေးလေးနက်နက်နဲ့ တန်ဖိုးထားပြီး လုပ်ဆောင်ရမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဇာဗီ ဟာ နိုင်ငံတကာဘောလုံးပွဲတွေအပြီးမှာ ဘာစီလိုနာ အသင်းကို သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် အက်စပန်ညို ပွဲကို စတင်ကိုင်တွယ်ရမှာဖြစ်ပါတယ်။ဒီပွဲပြီးရင်တော့ ချန်ပီယံလိဂ်အတွက် အရေးပါတဲ့ ဘင်ဖီကာ နဲ့ ပွဲစဉ်ကို ဆက်လက်ကိုင်တွယ်ရမှာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းရဲ့ဂႏၲဝင္ ကစားသမားတဦးျဖစ္တဲ့ ကစားသမားေဟာင္း ဇာဗီ ကေတာ့ မေန႔ကပဲ အသင္းရဲ့နည္းျပသစ္အျဖစ္ ႏူးကမ့္ပ္ ကြင္းႀကီးထဲမွာ မိတ္ဆက္မႈေတြျပဳလုပ္သြားခဲ့ပါတယ္။အသင္းေဖာ္ေဟာင္း မက္ဆီ က သူ႔ကို ဘာစီလိုနာ ကို ျပန္မလာခင္ ကံေကာင္းပါေစဆိုၿပီး မက္ေဆ့ပို႔ခဲ့ေၾကာင္းလည္း ဇာဗီ က ေျပာခဲ့ပါတယ္။

ဇာဗီ ဟာ အခုရာသီမွာ ရလဒ္‌ေတြဆိုးရြားေနတဲ့ ဘာစီလိုနာ အသင္းကို ကိုင္တြယ္ဖို႔ ကာတာကလပ္ အယ္လ္ဆတ္ အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းၿပီး ေရာ္နယ္လ္ကိုးမန္းရဲ့ေနရာမွာ အစားထိုးတာဝန္ယူရမွာျဖစ္ပါတယ္။ဇာဗီ ဟာ ဘာစီလိုနာ အသင္းနဲ႔ (၂၀၂၄)အထိ စာခ်ဳပ္ခ်ဳပ္ခဲ့တာပါ။

မက္ဆီ ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ဘာစီလိုနာ ကေန ထြက္ခြာၿပီး ပီအက္စ္ဂ်ီ ကို ေျပာင္းေရႊ႕သြားခဲ့တာေၾကာင့္ ဇာဗီ ဟာ သူ႔ရဲ့အသင္းေဖာ္ေဟာင္း ကို နည္းျပျပန္ျပရမယ့္ အခြင့္အေရးဆုံးရႈံးခဲ့တာလည္းျဖစ္ပါတယ္။

မက္ဆီ ကို နည္းျပအျဖစ္ ကိုင္တြယ္ခ်င္လားလို႔ ေမးျမန္းခဲ့ရာမွာ ဇာဗီ က “မက္ဆီ၊အီတူး၊ေရာ္နယ္ဒင္ဟို တို႔ကို နည္းျပခ်င္တာေပါ့ ဒါေပမယ့္ သူတို႔ ဒီမွာမရွိေတာ့ပါဘူး။မက္ဆီ ဟာ အလြန္ေကာင္းမြန္တဲ့ သူငယ္ခ်င္းျဖစ္ၿပီး သူကၽြန္ေတာ့္ကို ကံေကာင္းပါေစလို႔ မက္ေဆ့ပို႔ခဲ့ပါတယ္”

“ဒါေပမယ့္ ဒီမွာမရွိတဲ့ ကစားသမားေတြအေၾကာင္းကို ကၽြန္ေတာ္တို႔ စဥ္းစားလို႔ မရပါဘူး”လို႔ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။ကလပ္အသင္းကို ျပန္လာတာနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဇာဗီ က “ကၽြန္ေတာ္ တကယ္ကို စိတ္လႈပ္ရွားေနတာပါ။အိမ္ျပန္ေရာက္ပါၿပီ။ကၽြန္ေတာ္တို႔ဟာ စီးပြားေရးအရ ခက္ခဲတဲ့ အေျခအေနကို ေရာက္ေနသလို အားကစားပိုင္းမွာလည္း အေကာင္းဆုံးအေနအထားကို မေရာက္ေသးပါဘူး”

“ဒါေပမယ့္ ကၽြန္ေတာ္တို႔ဟာ ဘာကာပါ ကမၻာ့အေကာင္းဆုံးအသင္းေပါ့။ပရိသတ္ေတြအားလုံးကို ျပန္ျမင္ေတြ႕ရတာဟာ အလြန္စိတ္လႈပ္ရွားဖို႔ ေကာင္းပါတယ္။သူတို႔ကို ေကာင္းမြန္တဲ့ ေဘာလုံးပြဲေတြ ျပန္ေပးရမွာျဖစ္ၿပီး အလုပ္ကိုေလးေလးနက္နက္နဲ႔ တန္ဖိုးထားၿပီး လုပ္ေဆာင္ရမွာပါ”လို႔ ဆိုခဲ့ပါတယ္။

ဇာဗီ ဟာ နိုင္ငံတကာေဘာလုံးပြဲေတြအၿပီးမွာ ဘာစီလိုနာ အသင္းကို သူ႔ရဲ့ပထမဆုံးပြဲစဥ္အျဖစ္ အက္စပန္ညိဳ ပြဲကို စတင္ကိုင္တြယ္ရမွာျဖစ္ပါတယ္။ဒီပြဲၿပီးရင္ေတာ့ ခ်န္ပီယံလိဂ္အတြက္ အေရးပါတဲ့ ဘင္ဖီကာ နဲ႔ ပြဲစဥ္ကို ဆက္လက္ကိုင္တြယ္ရမွာျဖစ္ပါတယ္။