ဆိုးလ်ရှားကို ထုတ်တော့လို့ ယူနိုက်တက်ကို ဒဲ့ပဲ ပြောလိုက်တော့တဲ့ ရီယိုဖာဒီနန်

ရီယိုဖာဒီနန် ကတော့ ဆိုးလ်ရှားရဲ့နည်းပြရာထူအတွက် မန်ချက်စတာယူနိုက်တက် အသင်းကို မေးခွန်းထုတ်လိုက်ပြီး နည်းပြပြောင်းလဲဖို့ အချိန်တန်နေပြီလို့ ပြောလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ရော်နယ်ဒို၊ဆန်ချိုနဲ့ ဗာရန်းတို့ ကို ပေါင်သန်း(၁၃၀)ကျော် သုံးစွဲပြီး ခေါ်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလားရနိုင်တဲ့ အသင်းအဖြစ် မှတ်ချက်တွေပြုခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကတော့ အထင်နဲ့အမြင်လွဲလောက်အောင် ရလဒ်ပိုင်းတွေ အလွန်ဆိုးရွားနေခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၆)နေရာကို ရောက်ရှိနေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလ်ိဂ်(၆)ပွဲမှာ (၄)ပွဲအထိ ရှုံးန်ိမ့်ထားခဲ့တာပါ။မန်ချက်စတာယူနိုက်တက် အသင်း အိမ်ကွင်းမှာ လီဗာပူးလ်နဲ့ မန်စီးတီး အသင်းတို့ ကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆိုးလ်ရှားဟာလည်း ရာထူးက ထုတ်ပယ်ခံရဖို့ ဖိအားတွေတိုးလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြဖြစ်လာဖို့ ဘရန်ဒန်ရော်ဂျာ၊အဲရစ်တန်ဟတ်နဲ့ ရန်ဂနစ် တို့ က ဖြစ်နိုင်ဖွယ်ပစ်မှတ်တွေအဖြစ်ရှိနေတာလည်းဖြစ်ပါတယ်။အရင်က ရလဒ်ဆိုးရင်တောင် ဆိုးလ်ရှားကို ထောက်ခံတဲ့ ရီယိုဖာဒီနန် ရဲ့ရပ်တည်မှုဟာ သိသ်ိသာသာ ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

ရီယိုဖာဒီနန် က “ကျွန်တော်တို့ ဟာ မျှော်လင့်ချက်တွေနဲ့ ဒီရာသီကို စတင်ခဲ့တာပါ။အပြောင်းအရွှေ့လှုပ်ရှားမှုတွေ၊စိတ်လှုပ်ရှားမှုတွေနဲ့ ကျွန်တော်တို့ အချိန်ရောက်ပြီလို့တောင် ထင်ခဲ့ကြတာပါ။အခုအချိန်မှာတော့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ်လို့ မထင်ပါဘူး။အပတ်တိုင်း အသင်းကိုကြည့်ပြီး နည်းဗျုဟာကျကျ ဘာတွေလုပ်ရမလဲလို့ တွေးနေမိတယ်”

“ယူနိုက်တက်ရဲ့ကစားပုံမှာ ဒသာနနဲ့ အထောက်အထားတွေကိုလည်း ဘာမှမတွေ့ရပါဘူး။ဒါဟာ စီမံခန့်ခွဲမှုကြောင့်ဖြစ်ပြီး အသင်းကို ကြည့်ရတာ စိတ်ရှုပ်ထွေးလာခဲ့ပါတယ်။ ကျွန်တော်က အမြဲတမ်း သံသယ၀င်နေခဲ့တာပါ။သူတို့က ချန်ပီယံဖြစ်အောင်လုပ်နိုင်မလားဆိုတာကိုအပြည့်အ၀ မယုံကြည်ခဲ့ပါဘူး။သူလုပ်နိုင်မယ်လို့တော့ ထင်ခဲ့မ်ိတာပေါ့”

“ဒါပေမယ့် ဒီရာသီမှာ မြင်တွေ့နေရတဲ့ ပုံစံတွေအရ နည်းပြရာထူးကို အခြားလုပ်နိုင်တဲ့သူထံ လွှဲပြောင်းပေးရမယ့် အချိန်ပဲလို့ ထင်မိပါတယ်။အခုအချိန်မှာ အိုလီ အနေနဲ့ ခေါင်းမော့ပြီး ထွက်ခွာနိုင်တဲ့ အချိန်ပါပဲ”လို့ ပြောခဲ့ပါတယ်။

Zawgyi

ရီယိုဖာဒီနန္ ကေတာ့ ဆိုးလ္ရွားရဲ့နည္းျပရာထူအတြက္ မန္ခ်က္စတာယူနိုက္တက္ အသင္းကို ေမးခြန္းထုတ္လိုက္ၿပီး နည္းျပေျပာင္းလဲဖို႔ အခ်ိန္တန္ေနၿပီလို႔ ေျပာလိုက္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ေရာ္နယ္ဒို၊ဆန္ခ်ိဳနဲ႔ ဗာရန္းတို႔ ကို ေပါင္သန္း(၁၃၀)ေက်ာ္ သုံးစြဲၿပီး ေခၚယူခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ဖလားရနိုင္တဲ့ အသင္းအျဖစ္ မွတ္ခ်က္ေတြျပဳခဲ့ၾကပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ အထင္နဲ႔အျမင္လြဲေလာက္ေအာင္ ရလဒ္ပိုင္းေတြ အလြန္ဆိုးရြားေနခဲ့ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္(၆)ေနရာကို ေရာက္ရွိေနခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလ္ိဂ္(၆)ပြဲမွာ (၄)ပြဲအထိ ရႈံးန္ိမ့္ထားခဲ့တာပါ။မန္ခ်က္စတာယူနိုက္တက္ အသင္း အိမ္ကြင္းမွာ လီဗာပူးလ္နဲ႔ မန္စီးတီး အသင္းတို႔ ကို အရွက္ရဖြယ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ နည္းၿပ ဆိုးလ္ရွားဟာလည္း ရာထူးက ထုတ္ပယ္ခံရဖို႔ ဖိအားေတြတိုးလာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့နည္းျပျဖစ္လာဖို႔ ဘရန္ဒန္ေရာ္ဂ်ာ၊အဲရစ္တန္ဟတ္နဲ႔ ရန္ဂနစ္ တို႔ က ျဖစ္နိုင္ဖြယ္ပစ္မွတ္ေတြအျဖစ္ရွိေနတာလည္းျဖစ္ပါတယ္။အရင္က ရလဒ္ဆိုးရင္ေတာင္ ဆိုးလ္ရွားကို ေထာက္ခံတဲ့ ရီယိုဖာဒီနန္ ရဲ့ရပ္တည္မႈဟာ သိသ္ိသာသာ ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။

ရီယိုဖာဒီနန္ က “ကၽြန္ေတာ္တို႔ ဟာ ေမၽွာ္လင့္ခ်က္ေတြနဲ႔ ဒီရာသီကို စတင္ခဲ့တာပါ။အေျပာင္းအေရႊ႕လႈပ္ရွားမႈေတြ၊စိတ္လႈပ္ရွားမႈေတြနဲ႔ ကၽြန္ေတာ္တို႔ အခ်ိန္ေရာက္ၿပီလို႔ေတာင္ ထင္ခဲ့ၾကတာပါ။အခုအခ်ိန္မွာေတာ့ အမွတ္ေပးဖလားကို စိန္ေခၚနိုင္မယ္လို႔ မထင္ပါဘူး။အပတ္တိုင္း အသင္းကိုၾကည့္ၿပီး နည္းဗ်ဳဟာက်က် ဘာေတြလုပ္ရမလဲလို႔ ေတြးေနမိတယ္”

“ယူနိုက္တက္ရဲ့ကစားပုံမွာ ဒသာနနဲ႔ အေထာက္အထားေတြကိုလည္း ဘာမွမေတြ႕ရပါဘူး။ဒါဟာ စီမံခန္႔ခြဲမႈေၾကာင့္ျဖစ္ၿပီး အသင္းကို ၾကည့္ရတာ စိတ္ရႈပ္ေထြးလာခဲ့ပါတယ္။ ကၽြန္ေတာ္က အျမဲတမ္း သံသယ၀င္ေနခဲ့တာပါ။သူတို႔က ခ်န္ပီယံျဖစ္ေအာင္လုပ္နိုင္မလားဆိုတာကိုအျပည့္အ၀ မယုံၾကည္ခဲ့ပါဘူး။သူလုပ္နိုင္မယ္လို႔ေတာ့ ထင္ခဲ့မ္ိတာေပါ့”

“ဒါေပမယ့္ ဒီရာသီမွာ ျမင္ေတြ႕ေနရတဲ့ ပုံစံေတြအရ နည္းျပရာထူးကို အျခားလုပ္နိုင္တဲ့သူထံ လႊဲေျပာင္းေပးရမယ့္ အခ်ိန္ပဲလို႔ ထင္မိပါတယ္။အခုအခ်ိန္မွာ အိုလီ အေနနဲ႔ ေခါင္းေမာ့ၿပီး ထြက္ခြာနိုင္တဲ့ အခ်ိန္ပါပဲ”လို႔ ေျပာခဲ့ပါတယ္။