ရော်နယ်ဒို မပါလေ ယူနိုက်တက်က ပိုကောင်းလေပဲလို့ ပြောလိုက်တဲ့ ပေါလ်မာဆင်

အာဆင်နုယ် အသင်း ကွင်းလယ်ကစားသမားဟောင်း ပေါလ်မာဆင် က မန်ချက်စတာယူနိုက်တက် အသင်းဟာ ရော်နယ်ဒို မပါဘဲ ပိ်ုမိုကောင်းမွန်တဲ့ အသင်းဖြစ်လာလိမ့်မယ်လို့ အခိုင်အမာကို ယုံကြည်နေတာဖြစ်ပါတယ်။ပေါလ်မာဆင် က ရော်နယ်ဒို ဟာ ရှေ့တန်းမှာ အရှိန်အဟုန်ပြင်းပြင်း မပြတာကြောင့် တန်ပြန်တိုက်စစ်ကစားဖို့ ရုန်းကန်နေရတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ပေါလ်မာဆင် က “ယူနိုက်တက်ဟာ ရော်နယ်ဒို မပါဘဲ ပိုကောင်းတဲ့ ဘောလုံးအသင်းလို့ ကျွန်တော် ထင်မြင်မိပါတယ်။သူတို့ ဟာ ပြီးခဲ့တဲ့ရာသီက တန်ပြန်တိုက်စစ်ကို ကောင်းမွန်စွာကစားနိုင်ခဲ့ပြီး ရှုံးပွဲမရှိအောင်တောင် သွားနိုင်ခဲ့ပါသေးတယ်။ရော်နယ်ဒိုနဲ့ တော့ ခင်ဗျားအဲဒါကို နားလည်မှာမဟုတ်ပါဘူး။အခုတော့ သိသွားပါပြီ။သူတို့မှာ ဒီလိုအရှိန်တွေမရှိတော့ပါဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် ပေါလ်မာဆင် က မန်ချက်စတာယူနိုက်တက် အသင်းဟာ ရော်နယ်ဒို နဲ့ အတူ အောင်မြင်တဲ့ ရာသီဖြစ်လာလိမ့်မယ်ဆိုတာ အာမခံချက်မရှိဘူးလို့လည်း ဆက်ပြီး ပြောဆိုခဲ့ပါတယ်။”ခင်ဗျားအနေနဲ့ ဘာမှမအောင်မြင်ရင် တရာသီဂိုး(၂၀)သွင်းတဲ့ တိုက်စစ်မှုးက ဘာလုပ်မှာလဲ?”

“စပါးမှာရှိတဲ့ ဟာရီက်ိန်းလိုပါပဲ။ဂိုးအများအပြားသွင်းတဲ့ တိုက်စစ်မှုးရှိတာက ခင်ဗျားတို့ကို ထိပ်ဆုံး(၄)သင်းနေရာ ၀င်ရောက်နိုင်မယ်လို့ အာမခံချက်မပေးနိုင်ပါဘူး”လို့ ပြောခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ လီဗာပူးလ်နဲ့ မန်စီးတီး (၂)သင်းလုံးကို အိမ်ကွင်းမှာ အရေးနိမ့်ပြီး ရလဒ်ဆိုးတွေကို ကျော်ဖြတ်နေရတာလည်းဖြစ်ပါတယ်။

ဒီပွဲတွေမှာ ရော်နယ်ဒို ရဲ့စွမ်းဆောင်ရည်တွေဟာ မကောင်းခဲ့တာကြောင့် သူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေရှိနေကြတာလည်းဖြစ်ပါတယ်။ဒီလိုဝေဖန်မှုတွေရှိပေမယ့် ရော်နယ်ဒို ဟာ ဂျုဗင်တပ်စ် ကနေ ရောက်လာပြီးတည်းက အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးအချို့ကို သွင်းယူပေးနေခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ချန်ပီယံလိဂ်ပွဲတွေမှာ အရေးပါတဲ့ သွင်းဂိုးတွေသွင်းယူထားတာဖြစ်ပြီး ချန်ပီယံလိဂ်မှာ (၅)ဂိုးသွင်းယုတာ အပါအ၀င် (၁၂)ပွဲကစားပြီး (၉)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ စပါး အသင်းကို အနိုင်ရတဲ့ ပွဲမှာလည်း (၁)ဂိုးသွင်း (၁)ဂိုးဖန်တီးခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၀က်စ်ဟမ်၊အာဆင်နယ် တို့ရဲ့အောက် အဆင့်(၆)နေရာမှာ ရောက်ရှိနေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် ၀က်ဖိုဒ့်၊ချယ်လ်ဆီး၊အာဆင်နယ်တို့ နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။

Zawgyi

အာဆင္ႏုယ္ အသင္း ကြင္းလယ္ကစားသမားေဟာင္း ေပါလ္မာဆင္ က မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေရာ္နယ္ဒို မပါဘဲ ပိ္ုမိုေကာင္းမြန္တဲ့ အသင္းျဖစ္လာလိမ့္မယ္လို႔ အခိုင္အမာကို ယုံၾကည္ေနတာျဖစ္ပါတယ္။ေပါလ္မာဆင္ က ေရာ္နယ္ဒို ဟာ ေရွ႕တန္းမွာ အရွိန္အဟုန္ျပင္းျပင္း မျပတာေၾကာင့္ တန္ျပန္တိုက္စစ္ကစားဖို႔ ႐ုန္းကန္ေနရတယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ေပါလ္မာဆင္ က “ယူနိုက္တက္ဟာ ေရာ္နယ္ဒို မပါဘဲ ပိုေကာင္းတဲ့ ေဘာလုံးအသင္းလို႔ ကၽြန္ေတာ္ ထင္ျမင္မိပါတယ္။သူတို႔ ဟာ ၿပီးခဲ့တဲ့ရာသီက တန္ျပန္တိုက္စစ္ကို ေကာင္းမြန္စြာကစားနိုင္ခဲ့ၿပီး ရႈံးပြဲမရွိေအာင္ေတာင္ သြားနိုင္ခဲ့ပါေသးတယ္။ေရာ္နယ္ဒိုနဲ႔ ေတာ့ ခင္ဗ်ားအဲဒါကို နားလည္မွာမဟုတ္ပါဘူး။အခုေတာ့ သိသြားပါၿပီ။သူတို႔မွာ ဒီလိုအရွိန္ေတြမရွိေတာ့ပါဘူး”လို႔ ဆိုပါတယ္။

ဒါ့အျပင္ ေပါလ္မာဆင္ က မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေရာ္နယ္ဒို နဲ႔ အတူ ေအာင္ျမင္တဲ့ ရာသီျဖစ္လာလိမ့္မယ္ဆိုတာ အာမခံခ်က္မရွိဘူးလို႔လည္း ဆက္ၿပီး ေျပာဆိုခဲ့ပါတယ္။”ခင္ဗ်ားအေနနဲ႔ ဘာမွမေအာင္ျမင္ရင္ တရာသီဂိုး(၂၀)သြင္းတဲ့ တိုက္စစ္မႈးက ဘာလုပ္မွာလဲ?”

“စပါးမွာရွိတဲ့ ဟာရီက္ိန္းလိုပါပဲ။ဂိုးအမ်ားအျပားသြင္းတဲ့ တိုက္စစ္မႈးရွိတာက ခင္ဗ်ားတို႔ကို ထိပ္ဆုံး(၄)သင္းေနရာ ၀င္ေရာက္နိုင္မယ္လို႔ အာမခံခ်က္မေပးနိုင္ပါဘူး”လို႔ ေျပာခဲ့တာပါ။ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ လက္ရွိအခ်ိန္မွာ လီဗာပူးလ္နဲ႔ မန္စီးတီး (၂)သင္းလုံးကို အိမ္ကြင္းမွာ အေရးနိမ့္ၿပီး ရလဒ္ဆိုးေတြကို ေက်ာ္ျဖတ္ေနရတာလည္းျဖစ္ပါတယ္။

ဒီပြဲေတြမွာ ေရာ္နယ္ဒို ရဲ့စြမ္းေဆာင္ရည္ေတြဟာ မေကာင္းခဲ့တာေၾကာင့္ သူ႔ရဲ့စြမ္းေဆာင္ရည္ေတြနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္မႈေတြရွိေနၾကတာလည္းျဖစ္ပါတယ္။ဒီလိုေဝဖန္မႈေတြရွိေပမယ့္ ေရာ္နယ္ဒို ဟာ ဂ်ဳဗင္တပ္စ္ ကေန ေရာက္လာၿပီးတည္းက အသင္းအတြက္ အေရးပါတဲ့ သြင္းဂိုးအခ်ိဳ႕ကို သြင္းယူေပးေနခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ခ်န္ပီယံလိဂ္ပြဲေတြမွာ အေရးပါတဲ့ သြင္းဂိုးေတြသြင္းယူထားတာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ (၅)ဂိုးသြင္းယုတာ အပါအ၀င္ (၁၂)ပြဲကစားၿပီး (၉)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ စပါး အသင္းကို အနိုင္ရတဲ့ ပြဲမွာလည္း (၁)ဂိုးသြင္း (၁)ဂိုးဖန္တီးခဲ့တာပါ။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ၀က္စ္ဟမ္၊အာဆင္နယ္ တို႔ရဲ့ေအာက္ အဆင့္(၆)ေနရာမွာ ေရာက္ရွိေနတာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအျဖစ္ ၀က္ဖိုဒ့္၊ခ်ယ္လ္ဆီး၊အာဆင္နယ္တို႔ နဲ႔ ယွဥ္ၿပိဳင္ရဖို႔ ရွိေနတာျဖစ္ပါတယ္။