ဇာဗီ လိုအပ်ရင် ဘာစီလိုနာ အတွက် ကူညီဖို့ အသင့်ဖြစ်နေတဲ့ ပူယိုးလ်နဲ့ အဲလ်ဗတ်စ်

ဘာစီလိုနာ အသင်းဥက္ကဌ လာပေါ်တာ က အသင်းရဲ့ဂန္တ၀င်ကစားသမား ပူယိုးလ် နဲ့ အဲလ်ဗတ်စ် တို့ဟာ အသင်းနည်းပြသစ် ဇာဗီ သာ သူတို့ကို လိုအပ်တယ်ဆိုရင် အသင်းထံပြန်လာမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ဇာဗီ ဟာ ကာတာကလ် အယ်လ်ဆတ် အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဘာစီလိုနာ အသင်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ရော်နယ်လ်ကိုးမန်း ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဇာဗီ ဟာ အသင်းကို အောင်မြင်စွာနဲ့ ဦးဆောင်နိုင်မယ်လို့ စပိန်ကလပ်က မျှော်လင့်နေတာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဒီရာသီ ပြည်တွင်းနဲ့ ဥရောပပြိုင်ပွဲ(၂)ခုလုံးမှာ ရလဒ်ကောင်းတွေရယူနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဇာဗီ ဟာ ဘာစီလိုနာ အသင်းကို အောင်မြင်မှုတွေရယူပေးနိုင်ဖို့ လွယ်ကူမှာမဟုတ်ပေမယ့် သူ့ကို လုံလောက်တဲ့ ကူညီမှုတွေပေးနိုင်ဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။လာပေါ်တာ ကတော့ အဲလ်ဗတ်စ် နဲ့ ပူယိုးလ် တို့ဟာ ဇာဗီ လိုအပ်လာရင် ကူညီပေးဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။အယ်လ်ဗတ်စ် ကလည်း အသင်းအတွက်စွမ်းဆောင်ပေးဖို့ ကမ်းလှမ်းထားတယ်လို့ ဘာစီိလိုနာ ဥက္ကဌ က ဆိုပါတယ်။

ပူယိုးလ် ဟာ ဘာစီလိုနာ အသင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ သူလည်းဖြစ်ပါတယ်။လာပေါ်တာ က “အယ်လ်ဗတ်ဟာ အသင်းကို ပုံစံမျိုးစုံနဲ့ ကူညီပေးနေပြီး အားကစားရှုထောင့်ကနေလည်း သူ့အကူအညီကို ပေးခဲ့ပါတယ်။ပူယိုးလ်နဲ့လည်း တိုက်ရိုက်ဆက်ဆံရေးရှိပါတယ်။ဇာဗီ လိုအပ်ရင် သူတို့ ကူညီနိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဇာဗီ ဟာ ဘာစီလိုနာ အသင်းအတွက် သူရဲ့ပထမဆုံးပွဲစဉ်အဖြစ် အခုလ(၂၀)ရက်မှာ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အက်စပန်ညို အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီပွဲပြီးရင်တော့ ချန်ပီယံလိဂ် နောက်တဆင့်တက်ဖို့ အရေးပါတဲ့ ပွဲစဉ်အဖြစ် ဘင်ဖီကာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဇာဗီ ဟာ သူရဲ့ပထမဆုံးပွဲစဉ်အတွက် ပြင်ဆင်ဖို့ အချိန်(၂)ပတ်ရှိနေတာလည်းဖြစ်ပါတယ်။ဒါပေမယ့် အဓိက ကစားသမားတွေဟာ နိုင်ငံတာကပွဲစဉ်တွေ သွားရောက်ယှဉ်ပြိုင်နေရတဲ့ အတွက် ကစားသမားအချို့ နဲ့သာ လေ့ကျင့်ပြင်ဆင်ရတော့မှာလည်းဖြစ်ပါတယ်။ဘာစီလိုနာ အသင်းကတော့ ဇာဗီ အနေနဲ့အသင်းက်ို အမှတ်ပေးဖယား ထိပ်ဆုံးကို ရောက်အောင် ပို့ဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေတာပါ။

ဘာစီလိုနာ အသင်းဟာ လာလီဂါ (၁၂)ပွဲကစားပြီးချိန်မှာ (၁၇)မှတ်သာ ရရှိထားပြီး အမှတ်ပေးဖယား အဆင့်(၉)နေရာမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဒီ(၁၂)ပွဲမှာ နိုင်ပွဲ(၄)ပွဲသာ ရှိခဲ့တာလည်းဖြစ်ပါတယ်။ချန်ပီယံလိဂ်မှာလည်း (၄)ပွဲကစားပြီးချိန်မှာ (၂)ပွဲသာ အနိုင်ရထားတာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းဥကၠဌ လာေပၚတာ က အသင္းရဲ့ဂႏၲ၀င္ကစားသမား ပူယိုးလ္ နဲ႔ အဲလ္ဗတ္စ္ တို႔ဟာ အသင္းနည္းျပသစ္ ဇာဗီ သာ သူတို႔ကို လိုအပ္တယ္ဆိုရင္ အသင္းထံျပန္လာမွာျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ဇာဗီ ဟာ ကာတာကလ္ အယ္လ္ဆတ္ အသင္းကေန ထြက္ခြာခဲ့ၿပီးေနာက္ ဘာစီလိုနာ အသင္းနဲ႔ (၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ ေရာ္နယ္လ္ကိုးမန္း ကို နည္းျပရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္ ဇာဗီ ဟာ အသင္းကို ေအာင္ျမင္စြာနဲ႔ ဦးေဆာင္နိုင္မယ္လို႔ စပိန္ကလပ္က ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းဟာ ဒီရာသီ ျပည္တြင္းနဲ႔ ဥေရာပၿပိဳင္ပြဲ(၂)ခုလုံးမွာ ရလဒ္ေကာင္းေတြရယူနိုင္ဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

ဇာဗီ ဟာ ဘာစီလိုနာ အသင္းကို ေအာင္ျမင္မႈေတြရယူေပးနိုင္ဖို႔ လြယ္ကူမွာမဟုတ္ေပမယ့္ သူ႔ကို လုံေလာက္တဲ့ ကူညီမႈေတြေပးနိုင္ဖို႔ ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။လာေပၚတာ ကေတာ့ အဲလ္ဗတ္စ္ နဲ႔ ပူယိုးလ္ တို႔ဟာ ဇာဗီ လိုအပ္လာရင္ ကူညီေပးဖို႔ အဆင္သင့္ရွိေနတယ္လို႔ ေျပာခဲ့ပါတယ္။အယ္လ္ဗတ္စ္ ကလည္း အသင္းအတြက္စြမ္းေဆာင္ေပးဖို႔ ကမ္းလွမ္းထားတယ္လို႔ ဘာစီိလိုနာ ဥကၠဌ က ဆိုပါတယ္။

ပူယိုးလ္ ဟာ ဘာစီလိုနာ အသင္းနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတဲ့ သူလည္းျဖစ္ပါတယ္။လာေပၚတာ က “အယ္လ္ဗတ္ဟာ အသင္းကို ပုံစံမ်ိဳးစုံနဲ႔ ကူညီေပးေနၿပီး အားကစားရႈေထာင့္ကေနလည္း သူ႔အကူအညီကို ေပးခဲ့ပါတယ္။ပူယိုးလ္နဲ႔လည္း တိုက္ရိုက္ဆက္ဆံေရးရွိပါတယ္။ဇာဗီ လိုအပ္ရင္ သူတို႔ ကူညီနိုင္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

ဇာဗီ ဟာ ဘာစီလိုနာ အသင္းအတြက္ သူရဲ့ပထမဆုံးပြဲစဥ္အျဖစ္ အခုလ(၂၀)ရက္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္တဲ့ အက္စပန္ညိဳ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ဒီပြဲၿပီးရင္ေတာ့ ခ်န္ပီယံလိဂ္ ေနာက္တဆင့္တက္ဖို႔ အေရးပါတဲ့ ပြဲစဥ္အျဖစ္ ဘင္ဖီကာ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

ဇာဗီ ဟာ သူရဲ့ပထမဆုံးပြဲစဥ္အတြက္ ျပင္ဆင္ဖို႔ အခ်ိန္(၂)ပတ္ရွိေနတာလည္းျဖစ္ပါတယ္။ဒါေပမယ့္ အဓိက ကစားသမားေတြဟာ နိုင္ငံတာကပြဲစဥ္ေတြ သြားေရာက္ယွဥ္ၿပိဳင္ေနရတဲ့ အတြက္ ကစားသမားအခ်ိဳ႕ နဲ႔သာ ေလ့က်င့္ျပင္ဆင္ရေတာ့မွာလည္းျဖစ္ပါတယ္။ဘာစီလိုနာ အသင္းကေတာ့ ဇာဗီ အေနနဲ႔အသင္းက္ို အမွတ္ေပးဖယား ထိပ္ဆုံးကို ေရာက္ေအာင္ ပို႔ေဆာင္ေပးနိုင္မယ္လို႔ ယုံၾကည္ေနတာပါ။

ဘာစီလိုနာ အသင္းဟာ လာလီဂါ (၁၂)ပြဲကစားၿပီးခ်ိန္မွာ (၁၇)မွတ္သာ ရရွိထားၿပီး အမွတ္ေပးဖယား အဆင့္(၉)ေနရာမွာ ေရာက္ရွိေနတာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းဟာ ဒီ(၁၂)ပြဲမွာ နိုင္ပြဲ(၄)ပြဲသာ ရွိခဲ့တာလည္းျဖစ္ပါတယ္။ခ်န္ပီယံလိဂ္မွာလည္း (၄)ပြဲကစားၿပီးခ်ိန္မွာ (၂)ပြဲသာ အနိုင္ရထားတာျဖစ္ပါတယ္။