မင်းသားဝီလျံ ပေးတဲ့ MBE တံဆိပ်ကို မိခင်ဖြစ်သူကို ပေးသွားမယ့် ရက်ရှ်ဖိုဒ့်
မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်မှုး ရက်ရ်ှဖိုဒ့် က MBE တံဆိပ်ကို သူရဲ့အမေဖြစ်သူကို ပေးသွားမယ်လို့ ပြောလိုက်ပါတယ်။ဒါ့အပြင် ကလေးသူငယ်တွေကို ကူညီပေးမယ့် စည်းရုံးလှုံဆော်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။
ရက်ရ်ှဖိုဒ့် ဟာ Windsor ရဲတိုက်မှာ မင်းသား ဝီလျံဆီကနေ MBE တံဆ်ိပ်ကို ရယူခဲ့တာလည်းဖြစ်ပါတယ်။အသက်(၂၄)နှစ်အရွယ်ကစားသမား ဟာ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်းမှာ ကလေးသူငယ်တွေ ဆာလောင်မှုမရှိစေဖို့ အဓိက ဆောင်ရွက်နိုင်ခဲ့တာကြောင့် အသိမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။ရက်ရ်ှဖိုဒ့် ဟာ MBE ဆုတံဆိပ်ကို မိခင်ဖြစ်သူကို ပေးသွားမယ်လို့ ပြောခဲ့တာပါ။
ရက်ရ်ှဖိုဒ့် ရဲ့မိခင်ဖြစ်သူဟာ အနိမ့်ဆုံးလုပ်ခလစာနဲ့ ယူနိုက်တက် ကစားသမားအပါအ၀င် မွေးချင်း(၄)ယောက်ကို ပြုစုပျိုးထောင်ခဲ့တာလည်းဖြစ်ပါတယ်။စားနပ်ရိက္ခာ ဆင်းရဲနွမ်းပါးမှုနဲ့ ပတ်သက်ပြီး သူမရဲ့ကိုယ်ပိုင်အလုပ်အတွက် အသိအမှတ်ပြုခံခဲ့ရသလို သူမကို ဂုဏ်ပြုတဲ့ အနေနဲ့ နာမည်ပေးထားတဲ့ အစားအသောက်ဘဏ်ကိုလည်း တွေ့ခဲ့ရပါတယ်။
ရက်ရ်ှဖိုဒ့် ဟာ ဒီအခမ်းအနားအပြီးမှာ မိခင်ဖြစ်သူကို ဒီဆုတံဆိပ်ပေးမယ်လို့ ပြောခဲ့သလ်ို သူငယ်ငယ်တုန်းက မရရှိခဲ့တဲ့ အရာတွေကို ကလေးတွေရရှိဖို့ ဆက်လက်လှုံဆော်သွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ရက်ရ်ှဖိုဒ့် က “ ကျွန်တော့်မှာသာ ဒါတွေရှိခဲ့မယ်ဆိုရင် ဘ၀ဟာ အများကြီးပိုကောင်းလာပြီး ရွေးချယ်စရာတွေအများကြီးရှိလာမှာပါ”လို့ ပြောခဲ့ပါတယ်။
လူတိုင်းဟာ အတူတကွလက်တွဲပြီး သေးငယ်တွေအပြောင်းအလဲတွေကို လုပ်လာနိုင်ခဲ့ရင် လူငယ်တွေအတွက် ပိုကောင်းလာနိုင်တယ်လို့ ရက်ရ်ှဖိုဒ့် က ထပ်မံဆိုခဲ့ပါတယ်။ရက်ရ်ှဖိုဒ့် က “နောက်လာမယ့် မျိုးဆက်ကို အရမ်းထူးခြားတဲ့ မျိုးဆက်အနေနဲ့ မြင်မိပါတယ်။သူတို့ တွေကိုသာ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ လမ်းညွှန်မှုကို ပြနိုင်ဖို့ ပဲလိုတာပါ။ကျွန်တော်လုပ်နေတဲ့ အရာတွေက သူတို့ကို အဲ့ဒါတွေ ပေးနေတာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။
ရက်ရ်ှဖိုဒ့် ဟာ ကပ်ရောဂါကာလအတွင်းမှာ ကလေးသူငယ်တွေကို အစားရိက္ခာမပြတ်လပ်စေဖို့ အတွက် အထူးကြိုးပမ်းခဲ့တာဖြစ်ပြီး လောဒ့်ဒေါင်းကာလအတွင်းမှာ အစိုးရဲ့မူ၀ဒါကိုပါ ပြောင်းလဲအောင်လုပ်ခဲ့တာဖြစ်ပါတယ်။
ရက်ရ်ှဖိုဒ့် ဟာ ဒီလိုလုပ်ဆောင်မှုကြောင့် ပြီး အောက်တိုဘာလကလည်း မန်ချက်စတာတက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အသက်အငယ်ဆုံးနဲ့ လက်ခံသူဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။
Zawgyi
ရက်ရှ်ဖိုဒ့် ဟာ ဒီအခမ်းအနားအပြီးမှာ မိခင်ဖြစ်သူကို ဒီဆုတံဆိပ်ပေးမယ်လို့ ပြောခဲ့သလို သူငယ်ငယ်တုန်းက မရရှိခဲ့တဲ့ အရာတွေကို ကလေးတွေရရှိဖို့ ဆက်လက်လှုံဆော်သွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ရက်ရှ်ဖိုဒ့် က “ ကျွန်တော့်မှာသာ ဒါတွေရှိခဲ့မယ်ဆိုရင် ဘ၀ဟာ အများကြီးပိုကောင်းလာပြီး ရွေးချယ်စရာတွေအများကြီးရှိလာမှာပါ”လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖိုဒ့် ဟာ ကပ်ရောဂါကာလအတွင်းမှာ ကလေးသူငယ်တွေကို အစားရိက္ခာမပြတ်လပ်စေဖို့ အတွက် အထူးကြိုးပမ်းခဲ့တာဖြစ်ပြီး လောဒ့်ဒေါင်းကာလအတွင်းမှာ အစိုးရဲ့မူဝဒါကိုပါ ပြောင်းလဲအောင်လုပ်ခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖိုဒ့် ဟာ ဒီလိုလုပ်ဆောင်မှုကြောင့် ပြီး အောက်တိုဘာလကလည်း မန်ချက်စတာတက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အသက်အငယ်ဆုံးနဲ့ လက်ခံသူဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။