ဆိုးလ်ရှားထက်တောင် တန်ဖိုးပိုကြီးတဲ့ ကမ္ဘာ့စျေးအကြီးဆုံးနာရီကို ရော်နယ်ဒိုပိုင်ဆိုင်ထား

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ ကွင်းတွင်း၊ ကွင်းပြင် ကျော်ကြားမှုတွေကြောင့် တစ်နှစ်ကို ပေါင် (၁) ဘီလီယံကျော်အထိ ရရှိနေတာဖြစ်ပါတယ်။

ဒီလိုမျိုး ရော်နယ်ဒိုကတော့ ဇိမ်ခံပြိုင်ကား အကောင်းစားတွေကို ခုံမင်ပြီး သူ့အိမ်မှာလည်း ဒီကားတွေအတွက် သီးသန့်ဂိုဒေါင်တွေ အမြဲထည့်သွင်း တည်ဆောက်ရလေ့ရှိတာပါ။

ဒါ့အပြင် လက်ပတ်နာရီနဲ့ ပတ်သက်လို့လည်း ရော်နယ်ဒိုတစ်ယောက် ကမ္ဘာ့စျေးအကြီးဆုံးနာရီကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ဒီနာရီကို ဂျူဗင်တပ်စ်ကစားသမားဘဝမှာ ဝယ်ယူခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က ပေါင် (၃၇၁,၀၀၀) တန်ကြေးရှိတယ်လို့ သိရပါတယ်။ ကမ္ဘာကျော် Rolex အမှတ်တံဆိပ်ဖြစ်ပြီး ရွှေဖြူ (၁၈) ကာရက်ပါဝင်သလို လက်ပတ်ကြိုးနဲ့ နာရီဒိုင်ခွက်တို့မှာလည်း စိန် (၃၀) ကာရက် ထည့်သွင်း ဖန်တီးထားတာပါ။

နာရီရဲ့ အစိတ်အပိုင်းတိုင်းကို စိန် ဒါမှမဟုတ် ရွှေဖြူနဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့်လည်း ကမ္ဘာ့စျေးအကြီးဆုံးနာရီဖြစ်နေခဲ့ပါတယ်။ ဒီနာရီကို ရော်နယ်ဒိုနဲ့အတူ ပထမဆုံးမြင်တွေ့ခဲ့ရချိန်က ခရစ္စမတ်ကာလ၊ ဒီဇင်ဘာ (၂၇)၊ (၂၀၁၉) က ဖြစ်ပါတယ်။

(၂၀၂၀)၊ ဇန်နဝါရီက ဒူဘိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Dubai Global Soccer Awards မှာလည်း ရော်နယ်ဒိုက ဒီနာရီကို ပတ်ဖြစ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြောင်းလာပြီးနောက်ပိုင်း ရော်နယ်ဒိုက ဒီနာရီ ဝတ်ဆင်တာကိုမမြင်တွေ့ရတော့တာက ထူးဆန်းပြီး တူရင်မှာပဲထားခဲ့လေသလား ဒါမှမဟုတ် ရိုးသွားပြီလားဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။