ယူနိုက်တက် ကစားသမားဟောင်းတဦးကို ကမ္ဘာ့အဆင့် ကစားသမားလို့ ပြောလိုက်တဲ့ ဂျွန်တယ်ရီ

ချယ်လ်ဆီး အသင်း ဂန္တ၀င်ကစားသမား ဂျွန်တယ်ရီ က မန်ချက်စတာယူနိုက်တက် အသင်းနောက်ခံလူဟောင်း ဗီဒစ် ဟာ ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားဖြစ်တယ်လို့ ပြောလိုက်ပါတယ်။အင်္ဂလန် အသင်းခေါင်း ဆောင်ဟောင်း ဟာ သူနဲ့ဗီဒစ်တို့ ကြားမှာ အကောင်းဆုံးနောက်ခံလူက ဘယ်သူဖြစ်လဲဆိုတာကို တွစ်တာစာမျက်နှာမှာ အချေအတင်ဆွေးနွေးခဲ့ရာမှာ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဂျွန်တယ်ရီ က “ ကျွန်တော့်အမြင်မှာတော့ ဗီဒစ်ဟာ ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။ဂျွန်တယ်ရီ နဲ့ ဗီဒစ် တို့ဟာ သူတိ်ု့ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်နေတဲ့ အချိန် သူတို့ ရဲ့ သက်ဆိုင်တဲ့ ကလပ်အသင်းတွေမှာ အပြိုင်အဆိုင်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

သူတို့ (၂)ဦးဟာ ပွဲတွေမှာ အနိုင်ရတဲ့သူဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ဗီဒစ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ ပရီးမီးယားလိဂ်(၅)ကြိမ်၊ချန်ပီယံလိဂ်အပါအ၀င် ဆုဖလားအများအပြား ရယူနိုင်ခဲ့ တာလည်းဖြစ်ပါတယ်။ဗီဒစ် နဲ့ဖာဒီနန် တို့ ရဲ့ခံစစ်ကြောင်းဟာ မန်ချက်စတာယူနိုက်တက် အသင်း အောင်မြင်မှုတွေရယူရာမှာ အဓိကအခန်းကဏ္ဍအဖြစ်ပါ၀င်ခဲ့တာပါ။

ဆားဘီးယား ကစားသမားဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် (၂၁၅) ပွဲပါ၀င်ကစားခဲ့ပြီး (၉၅)ပွဲ ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဂျွန်တယ်ရီကလည်း သူရဲ့ကစားသမားဘ၀မှာ ထင်ရှားကျော်ကြားခဲ့တဲ့ အရာလည်းရှိခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ အင်္ဂလန်နောက်ခံလူဟောင်း ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဂိုးသွင်းအများဆုံးနောက်ခံလူအဖြစ် (၄၁)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဂျွန်တယ်ရီ ဟာ ချယ်လ်ဆီး အသင်းနဲ့ အတူ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဂျွန်တယ်ရီ ဟာ ချယ်လ်ဆီးအသင်းအတွက် (၄၉၂)ပွဲပါ၀င်ကစားပြီး (၂၁၄)ပွဲ ဂိုးမပေးရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဂျွန်တယ်ရီ ဟာ (၂၀၀၄-၀၅) ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ (၁၅)ဂိ်ုးသာ ပေးခဲ့ရတဲ့ ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းကို ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။(၂၀၀၀)ခုနှစ် အစောပိုင်းကာလက ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ ပရီးမီးယားလိဂ်ကို ကြီးစိုးခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ (၂၀၀၀)ကနေ (၂၀၁၀) ကြားထဲမှာ ပရီးမီးယားလိဂ်ဖလားကို (၅)ကြိမ် ရရှိခဲ့ပြီး ချယ်လ်ဆီး အသင်းက ပရီးမီးယားလိဂ်(၂)ကြိမ်၊အက်ဖ်အေဖလား(၂)ကြိမ် အပါအ၀င် အခြားဆုဖလားတွေကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက် အောင်မြင်မှုတွေရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ယူရိုပါလိဂ်၊လိဂ်ဖလား၊အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

ခ်ယ္လ္ဆီး အသင္း ဂႏၲ၀င္ကစားသမား ဂၽြန္တယ္ရီ က မန္ခ်က္စတာယူနိုက္တက္ အသင္းေနာက္ခံလူေဟာင္း ဗီဒစ္ ဟာ ကမၻာ့အဆင့္ရွိတဲ့ ကစားသမားျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။အဂၤလန္ အသင္းေခါင္း ေဆာင္ေဟာင္း ဟာ သူနဲ႔ဗီဒစ္တို႔ ၾကားမွာ အေကာင္းဆုံးေနာက္ခံလူက ဘယ္သူျဖစ္လဲဆိုတာကို တြစ္တာစာမ်က္ႏွာမွာ အေခ်အတင္ေဆြးေႏြးခဲ့ရာမွာ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဂၽြန္တယ္ရီ က “ ကၽြန္ေတာ့္အျမင္မွာေတာ့ ဗီဒစ္ဟာ ကမၻာ့အဆင့္ရွိတဲ့ ကစားသမားပါ”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။ဂၽြန္တယ္ရီ နဲ႔ ဗီဒစ္ တို႔ဟာ သူတိ္ု႔ စြမ္းေဆာင္ရည္အေကာင္းဆုံးျဖစ္ေနတဲ့ အခ်ိန္ သူတို႔ ရဲ့ သက္ဆိုင္တဲ့ ကလပ္အသင္းေတြမွာ အၿပိဳင္အဆိုင္ျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။

သူတို႔ (၂)ဦးဟာ ပြဲေတြမွာ အနိုင္ရတဲ့သူျဖစ္ေၾကာင္း သက္ေသျပခဲ့ပါတယ္။ဗီဒစ္ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းနဲ႔ အတူ ပရီးမီးယားလိဂ္(၅)ႀကိမ္၊ခ်န္ပီယံလိဂ္အပါအ၀င္ ဆုဖလားအမ်ားအျပား ရယူနိုင္ခဲ့ တာလည္းျဖစ္ပါတယ္။ဗီဒစ္ နဲ႔ဖာဒီနန္ တို႔ ရဲ့ခံစစ္ေၾကာင္းဟာ မန္ခ်က္စတာယူနိုက္တက္ အသင္း ေအာင္ျမင္မႈေတြရယူရာမွာ အဓိကအခန္းက႑အျဖစ္ပါ၀င္ခဲ့တာပါ။

ဆားဘီးယား ကစားသမားဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ပရီးမီးယားလိဂ္ (၂၁၅) ပြဲပါ၀င္ကစားခဲ့ၿပီး (၉၅)ပြဲ ေပးဂိုးမေပးရေအာင္ စြမ္းေဆာင္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဂၽြန္တယ္ရီကလည္း သူရဲ့ကစားသမားဘ၀မွာ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ အရာလည္းရွိခဲ့ပါတယ္။

ခ်ယ္လ္ဆီးနဲ႔ အဂၤလန္ေနာက္ခံလူေဟာင္း ဟာ ပရီးမီးယားလိဂ္သမိုင္းတေလၽွာက္ ဂိုးသြင္းအမ်ားဆုံးေနာက္ခံလူအျဖစ္ (၄၁)ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။ဂၽြန္တယ္ရီ ဟာ ခ်ယ္လ္ဆီး အသင္းနဲ႔ အတူ ဆုဖလားအားလုံးကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။ဂၽြန္တယ္ရီ ဟာ ခ်ယ္လ္ဆီးအသင္းအတြက္ (၄၉၂)ပြဲပါ၀င္ကစားၿပီး (၂၁၄)ပြဲ ဂိုးမေပးရေအာင္ ကူညီေပးနိုင္ခဲ့ပါတယ္။

ဂၽြန္တယ္ရီ ဟာ (၂၀၀၄-၀၅) ေဘာလုံးရာသီ ပရီးမီးယားလိဂ္မွာ (၁၅)ဂိ္ုးသာ ေပးခဲ့ရတဲ့ ခ်ယ္လ္ဆီးအသင္း ခံစစ္ေၾကာင္းကို ဦးေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။(၂၀၀၀)ခုႏွစ္ အေစာပိုင္းကာလက ခ်ယ္လ္ဆီးနဲ႔ မန္ခ်က္စတာယူနိုက္တက္ အသင္းတို႔ဟာ ပရီးမီးယားလိဂ္ကို ႀကီးစိုးခဲ့ၾကတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ (၂၀၀၀)ကေန (၂၀၁၀) ၾကားထဲမွာ ပရီးမီးယားလိဂ္ဖလားကို (၅)ႀကိမ္ ရရွိခဲ့ၿပီး ခ်ယ္လ္ဆီး အသင္းက ပရီးမီးယားလိဂ္(၂)ႀကိမ္၊အက္ဖ္ေအဖလား(၂)ႀကိမ္ အပါအ၀င္ အျခားဆုဖလားေတြကိုလည္း ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ အနားယူၿပီးေနာက္ ေအာင္ျမင္မႈေတြရယူနိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ယူရိုပါလိဂ္၊လိဂ္ဖလား၊အက္ဖ္ေအဖလားနဲ႔ ကြန္ျမဴနတီဒိုင္းတို႔ကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။