ဇာဗီ ဘာကာနည်းပြဖြစ်လာလို့ အံအားသင့်ဖွယ် စပ်ိန်ကလပ်ကို ပြန်ဖို့ ရှိနေတဲ့ မက်ဆီ

မက်ဆီ ဟာ အသင်းဖော်ဟောင်း ဇာဗီ ဘာစီလိုနာ အသင်းနည်းပြဖြစ်လာခဲ့ပြီးနောက် (၂၀၂၃)မှာ အံအား သင့်ဖွယ် စပိန်ကလပ်ကို ပြန်ဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။မက်ဆီ ဟာ ပြီးခဲ့တဲ့ နွေရာသီက လုပ်ခလစာ(၅၀)ရာခိုင်နှုန်းလျှော့ယူပြီး ဘာစီလိုနာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာ အသင်းဟာ အသင်းရဲ့ဘဏ္ဍာရေးအခက်အခဲနဲ့ စပိန်လာလီဂါရဲ့စည်းမျဉ်းတွေကြောင့် မက်ဆီ ကို အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့ အဆင်မပြေဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကြောင့် မက်ဆီ ဟာ ဘာစီလိုနာ အသင်းကနေ ၀မ်းနည်းစွာ ထွက်ခွာခဲ့ရပြီး ပီအက်စ်ဂျီ အသင်းကို အလွတ်နဲ့ပြောင်းရွှေ့ခဲ့တာပါ။

မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းနဲ့ (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ထပ်တိုး(၁)နှစ်ပါ၀င်နေခဲ့ တာလည်းဖြစ်ပါတယ်။ဘာစီလိုနာ အသင်းကတော့ မက်ဆီ အနေနဲ့ ပြင်သစ်ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ဖြစ်တဲ့ (၂၀၂၃)မှာ အသင်းထံ ပြန်လာနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မာကာ ကတော့ နည်းပြသစ် ဇာဗီ ဟာ မက်ဆီ အသင်းကို ပြန်လာနိုင်ဖို့ အတွက် အဓိက သော့ချက်ဖြစ်လာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ဇာဗီ ဟာ ထုတ်ပယ်ခံရတဲ့ နည်းပြဟောင်း ရော်နယ်လ်ကိုးမန်းရဲ့နေရာမှာ အစားထိုး၀င်ရောက်ခဲ့တာပါ။မက်ဆီ နဲ့ ဇာဗီ တို့ဟာ ဘာစီလိုနာ အသင်းမှာ ကာလကြာရှည် တွဲဖက်ကစားခဲ့တာလည်းဖြစ်ပါတယ်။

အသက်(၄၁)နှစ်အရွယ်ရှိ စပိန်ဂန္တ၀င် ကစားသမားဟောင်း ဟာ မက်ဆီ ကို ဘာစီလိုနာ အသင်းမှာ ကစားဖို့ ဆွဲဆောင်နိုင်တယ်လို့ စပိန်သတင်းစာက ဆိုထားတာပါ။ဘာစီလိုနာ အသင်း ဥက္ကဌရာထူးအတွက် ၀င်ပြိုင်ခဲ့တဲ့ ဗစ်တာဖောင့် က စပိန်ကလပ်အနေနဲ့ မက်ဆီ ကို (၂၀၂၃)မှာ ပြန်လည်ခေါ်ယူဖို့ တိုက်တွန်းထားပါတယ်။

မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ဒဏ်ရာပြသနာတွေကြောင့် သူရဲ့ပြင်သစ်ကလပ် ကစားသမားဘ၀အစဟာ ခက်ခဲနေတာလည်းဖြစ်ပါတယ်။မက်ဆီ ဟာ ပီအက်စ်ဂျီ အတွက် လီဂူး၀မ်းပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီး အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ တောင် သုံးသပ်မှုတွေရှိနေကြတာဖြစ်ပါတယ်။

ဇာဗီ ကတော့ ဘာစီလိုနာ အသင်းမှာ ကစားသမားဘ၀အနေနဲ့ လာလီဂါဖလား(၈)ကြိမ်၊ချန်ပီယံလိဂ်ဖလား (၄)ကြိမ်အပါအ၀င် ဆုဖလားအများအပြားကို ရယူနိုင်ခဲ့တာပါ။စပိန်ကစားသမားဟောင်း ဟာ အယ်လ်ဆတ် အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဘာစီလိုနာ အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ (၂၀၂၄)အထိ စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

မက္ဆီ ဟာ အသင္းေဖာ္ေဟာင္း ဇာဗီ ဘာစီလိုနာ အသင္းနည္းျပျဖစ္လာခဲ့ၿပီးေနာက္ (၂၀၂၃)မွာ အံအား သင့္ဖြယ္ စပိန္ကလပ္ကို ျပန္ဖို႔ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။မက္ဆီ ဟာ ၿပီးခဲ့တဲ့ ေႏြရာသီက လုပ္ခလစာ(၅၀)ရာခိုင္ႏႈန္းေလၽွာ့ယူၿပီး ဘာစီလိုနာ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ျပင္ဆင္ခဲ့ တာျဖစ္ပါတယ္။

ဒါေပမယ့္ ဘာစီလိုနာ အသင္းဟာ အသင္းရဲ့ဘ႑ာေရးအခက္အခဲနဲ႔ စပိန္လာလီဂါရဲ့စည္းမ်ဥ္းေတြေၾကာင့္ မက္ဆီ ကို အသင္းမွာ ဆက္ထိန္းသိမ္းနိုင္ဖို႔ အဆင္မေျပျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။အဲဒါေၾကာင့္ မက္ဆီ ဟာ ဘာစီလိုနာ အသင္းကေန ၀မ္းနည္းစြာ ထြက္ခြာခဲ့ရၿပီး ပီအက္စ္ဂ်ီ အသင္းကို အလြတ္နဲ႔ေျပာင္းေရႊ႕ခဲ့တာပါ။

မက္ဆီ ဟာ ပီအက္စ္ဂ်ီ အသင္းနဲ႔ (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ထပ္တိုး(၁)ႏွစ္ပါ၀င္ေနခဲ့ တာလည္းျဖစ္ပါတယ္။ဘာစီလိုနာ အသင္းကေတာ့ မက္ဆီ အေနနဲ႔ ျပင္သစ္ကလပ္နဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခ်ိန္ျဖစ္တဲ့ (၂၀၂၃)မွာ အသင္းထံ ျပန္လာနိုင္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

မာကာ ကေတာ့ နည္းျပသစ္ ဇာဗီ ဟာ မက္ဆီ အသင္းကို ျပန္လာနိုင္ဖို႔ အတြက္ အဓိက ေသာ့ခ်က္ျဖစ္လာနိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ဇာဗီ ဟာ ထုတ္ပယ္ခံရတဲ့ နည္းျပေဟာင္း ေရာ္နယ္လ္ကိုးမန္းရဲ့ေနရာမွာ အစားထိုး၀င္ေရာက္ခဲ့တာပါ။မက္ဆီ နဲ႔ ဇာဗီ တို႔ဟာ ဘာစီလိုနာ အသင္းမွာ ကာလၾကာရွည္ တြဲဖက္ကစားခဲ့တာလည္းျဖစ္ပါတယ္။

အသက္(၄၁)ႏွစ္အရြယ္ရွိ စပိန္ဂႏၲ၀င္ ကစားသမားေဟာင္း ဟာ မက္ဆီ ကို ဘာစီလိုနာ အသင္းမွာ ကစားဖို႔ ဆြဲေဆာင္နိုင္တယ္လို႔ စပိန္သတင္းစာက ဆိုထားတာပါ။ဘာစီလိုနာ အသင္း ဥကၠဌရာထူးအတြက္ ၀င္ၿပိဳင္ခဲ့တဲ့ ဗစ္တာေဖာင့္ က စပိန္ကလပ္အေနနဲ႔ မက္ဆီ ကို (၂၀၂၃)မွာ ျပန္လည္ေခၚယူဖို႔ တိုက္တြန္းထားပါတယ္။

မက္ဆီ ဟာ ပီအက္စ္ဂ်ီ အသင္းမွာ ေျခစြမ္းျပသနိုင္ဖို႔ ႐ုန္းကန္ေနရၿပီး ဒဏ္ရာျပသနာေတြေၾကာင့္ သူရဲ့ျပင္သစ္ကလပ္ ကစားသမားဘ၀အစဟာ ခက္ခဲေနတာလည္းျဖစ္ပါတယ္။မက္ဆီ ဟာ ပီအက္စ္ဂ်ီ အတြက္ လီဂူး၀မ္းၿပိဳင္ပြဲမွာ ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့ၿပီး အသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ ေတာင္ သုံးသပ္မႈေတြရွိေနၾကတာျဖစ္ပါတယ္။

ဇာဗီ ကေတာ့ ဘာစီလိုနာ အသင္းမွာ ကစားသမားဘ၀အေနနဲ႔ လာလီဂါဖလား(၈)ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား (၄)ႀကိမ္အပါအ၀င္ ဆုဖလားအမ်ားအျပားကို ရယူနိုင္ခဲ့တာပါ။စပိန္ကစားသမားေဟာင္း ဟာ အယ္လ္ဆတ္ အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ ဘာစီလိုနာ အသင္းကို နည္းျပအျဖစ္ ကိုင္တြယ္ဖို႔ (၂၀၂၄)အထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာလည္းျဖစ္ပါတယ္။