ယူနိုက်တက်မှာ အပယ်ခံဘဝ ရောက်နေလို့ ဇန်နဝါရီမှာ ထွက်ခွာတော့မယ့် ကစားသမား ၃ဦး

မန်ချက်စတာယူနိုက်တက် အသင်း ကစားသမားတွေဖြစ်တဲ့ ဂိုးသမား ဒိန်းဟန်ဒါဆန်၊နောက်ခံလူ ဖီးလ်ဂျုံးစ်နဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ် တို့ ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဒိန်းဟန်ဒါဆန် ဟာ အသင်းရဲ့နံပတ်(၁)ဂိုးသမားဖြစ်ဖို့ ပစ်မှတ်ထားနေပေမယ့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားခဲ့ပြီးနောက် သူ့ရဲ့မျှော်လင့်ချက်တွေ ပျက်ပြယ်ခဲ့တာပါ။ဒါ့အပြင် ဒီဂီယာ ကလည်း ဒီရာသီမှာ လက်စွမ်းပြနေတာကြောင့် နည်းပြ ဆိုးလ်ရှား က စပိန်ဂိုးသမားကိုသာ ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုနေခဲ့တာဖြစ်ပါတယ်။

ဒိန်းဟန်ဒါဆန် ဟာ ဒီရာသီ ဝက်စ်ဟမ်း အသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်(၁)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။အဲ့ဒါကြောင့် ကမ္ဘာ့ဖလားကစားမယ့် အဂ်လန် အသင်းမှာ ပါဝင်ခွင့်ရနိုင်ဖို့ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာချင်နေတာပါ။ဒိန်းဟန်ဒါဆန် ကို ခေါ်ယူဖို့ နယူးကာဆယ် အပါအဝင် အသင်းအချို့က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကတော့ သူ့ကို ရာသီဝက်ကာလမှာ ပေးထွက်ဖွယ်တော့ မရှိပေမယ့် အသင်းအနေနဲ့ ကစားသမားကို ပွဲကစားနိုင်ခွင့်ပေးမှုအပေါ်မူတည်နေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဗန်ဒီဘိခ်နဲ့ ဖီးလ်ဂျုံးစ် တို့ကလည်း အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေတာပါ။

ဗန်ဒီဘိခ် ဟာ (၂၀၂၀) နွေရာသီတည်းက အေဂျက်ဇ် အသင်းကနေ ရောက်ရှိလာခဲ့ပေမယ့် အခုအချိန်ထိ ဆိုးလ်ရှား ရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ဗန်ဒီဘိခ် ဟာ ‌အသင်းရဲ့နောက်ဆုံး(၂)ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ဒီရာသီမှာ (၂)ပွဲသာ ပွဲအစက ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဖီးလ်ဂျုံးစ် ကတော့ ဒဏ်ရာပြသနာဆိုးနှိပ်စက်မှုကြောင့် (၂၀၂၀) ဇန်နဝါရီက ထရန်မီယီ အသင်းကို အနိုင်ရပြီးနောက်ပိုင်း အခုထိ အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာပါ။ဆိုးလ်ရှား ကတော့ ဖီးလ်ဂျုံးစ် ဟာ ဒီရာသီမှာ အသင်းအတွက် ပါဝင်နိုင်ဖို့ အခွင့်အရေးရှိတယ်လို့ နည်းပြက ပြောထားပေမယ့် အခုအချိန်ထိ ကစားခွင့်မရသေးတာဖြစ်ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိ ဖီးလ်ဂျုံးစ် ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကလပ်အသင်း(၁၃)သင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္း ကစားသမားေတြျဖစ္တဲ့ ဂိုးသမား ဒိန္းဟန္ဒါဆန္၊ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္နဲ႔ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ တို႔ ဟာ ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ အသင္းက ထြက္ခြာဖြယ္ရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။

ဒိန္းဟန္ဒါဆန္ ဟာ အသင္းရဲ့နံပတ္(၁)ဂိုးသမားျဖစ္ဖို႔ ပစ္မွတ္ထားေနေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားခဲ့ၿပီးေနာက္ သူ႔ရဲ့ေမၽွာ္လင့္ခ်က္ေတြ ပ်က္ျပယ္ခဲ့တာပါ။ဒါ့အျပင္ ဒီဂီယာ ကလည္း ဒီရာသီမွာ လက္စြမ္းျပေနတာေၾကာင့္ နည္းၿပ ဆိုးလ္ရွား က စပိန္ဂိုးသမားကိုသာ ပြဲထြက္ဂိုးသမားအျဖစ္ အသုံးျပဳေနခဲ့တာျဖစ္ပါတယ္။

ဒိန္းဟန္ဒါဆန္ ဟာ ဒီရာသီ ဝက္စ္ဟမ္း အသင္းကို အေရးနိမ့္ခဲ့တဲ့ ကာရာေဘာင္းဖလား ပြဲစဥ္(၁)ပြဲသာ ပါဝင္ကစားခြင့္ရခဲ့ပါတယ္။အဲ့ဒါေၾကာင့္ ကမၻာ့ဖလားကစားမယ့္ အဂ္လန္ အသင္းမွာ ပါဝင္ခြင့္ရနိုင္ဖို႔ မန္ခ်က္စတာယူနိုက္တက္ ကေန ထြက္ခြာခ်င္ေနတာပါ။ဒိန္းဟန္ဒါဆန္ ကို ေခၚယူဖို႔ နယူးကာဆယ္ အပါအဝင္ အသင္းအခ်ိဳ႕က ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ သူ႔ကို ရာသီဝက္ကာလမွာ ေပးထြက္ဖြယ္ေတာ့ မရွိေပမယ့္ အသင္းအေနနဲ႔ ကစားသမားကို ပြဲကစားနိုင္ခြင့္ေပးမႈအေပၚမူတည္ေနတာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ဗန္ဒီဘိခ္နဲ႔ ဖီးလ္ဂ်ဳံးစ္ တို႔ကလည္း အသင္းက ထြက္ခြာဖို႔ ျပင္ဆင္ေနတာပါ။

ဗန္ဒီဘိခ္ ဟာ (၂၀၂၀) ေႏြရာသီတည္းက ေအဂ်က္ဇ္ အသင္းကေန ေရာက္ရွိလာခဲ့ေပမယ့္ အခုအခ်ိန္ထိ ဆိုးလ္ရွား ရဲ့ပြဲထြက္လူစာရင္းမွာ ပါဝင္နိုင္ဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ဗန္ဒီဘိခ္ ဟာ ‌အသင္းရဲ့ေနာက္ဆုံး(၂)ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့ၿပီး ဒီရာသီမွာ (၂)ပြဲသာ ပြဲအစက ပါဝင္ခြင့္ရခဲ့တာျဖစ္ပါတယ္။

ဖီးလ္ဂ်ဳံးစ္ ကေတာ့ ဒဏ္ရာျပသနာဆိုးႏွိပ္စက္မႈေၾကာင့္ (၂၀၂၀) ဇန္နဝါရီက ထရန္မီယီ အသင္းကို အနိုင္ရၿပီးေနာက္ပိုင္း အခုထိ အသင္းအတြက္ ပါဝင္ကစားရျခင္းမရွိေသးတာပါ။ဆိုးလ္ရွား ကေတာ့ ဖီးလ္ဂ်ဳံးစ္ ဟာ ဒီရာသီမွာ အသင္းအတြက္ ပါဝင္နိုင္ဖို႔ အခြင့္အေရးရွိတယ္လို႔ နည္းျပက ေျပာထားေပမယ့္ အခုအခ်ိန္ထိ ကစားခြင့္မရေသးတာျဖစ္ပါတယ္။

အသက္(၂၈)ႏွစ္အရြယ္ရွိ ဖီးလ္ဂ်ဳံးစ္ ကို ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ေခၚယူဖို႔ ကလပ္အသင္း(၁၃)သင္းက စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။