ဂိုးသွင်းတဲ့သူတွေကိုပဲ ကမ္ဘာ့အကောင်းဆုံးဆု မပေးဖို့ ပြောလိုက်တဲ့ ဂျော်ဂျင်ဟို

အီတလီနဲ့ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို သွင်းဂိုးတွေပေါ်မှာပဲ အခြေခံပြီး မပေးသင့်ဘူးလို့ ပြောလိုက်ပါတယ်။ ဂျော်ဂျင်ဟို ဟာ ဒီနှစ်ထဲမှာ ချယ်လ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ်၊အီတလီ လက်ရွေးစင် အသင်းနဲ့ ယူရိုဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘောလွန်းဒီအောဆုကို (၂၀၁၈) က ရီးရယ်လ် ကစားသမား မိုဒရစ် ရယူနိုင်ခဲ့တာကလွဲပြီး ကျန်တဲ့နှစ်တွေမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့သာ တလှည့်စီ ရယူပြီး ဒီဆုကို ကြီးစိုးနေတာဖြစ်ပါတယ်။ကွင်းလယ်ဖန်တီးရှင် ကစားသမားဟာ ပြီးခဲ့တဲ့သြဂုတ်လက ယူအီးအက်ဖ်အေရဲ့တနှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ဒီနှစ်အတွက် ဘောလွန်းဒီအောဆုကို ရယူဖို့ မက်ဆီ၊လီ၀န်ဒေါစကီး၊ဘန်ဇီမာ တို့ နဲ့ အပြိုင်ရေပန်းစားနေခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမယ့် မက်ဆီနဲ့ လီဝန်ဒေါစကီးတို့က ပိုပြီးရေပန်းစားနေတာပါ။

ဂျော်ဂျင်ဟို က “ဘောလွန်းဒီအောဆုကို ကျနော်ရသင့်လားဆိုတာ မပြောတက်ပါဘူး။ဒါပေမယ့် ဂိုးသွင်းတဲ့ သူတွေကိုပဲ ထည့်သွင်းမစဉ်းစားဘူးဆိုရင် အခြားကစားသမားတွေအတွက်လည်း တွန်းအားဖြစ်မှာပါ”

“မျှော်လင့်ချက်တွေအများကြီးတော့ မထားချင်ပါဘူး။ဒါကို မလိုချင်ဘူးလို့ ပြောခဲ့ရင် ကျနော်ဟာ သူတော်ကောင်းယောင်ဆောင်သလိုဖြစ်နေပါမယ်။ဒါကို ရရင်တော့ ကောင်းတာပေါ့။မရခဲ့ရင်လည်း ညည်းညူနေမှာ‌တော့မဟုတ်ပါဘူး”

“ခြေဖဝါးကို မြေပြင်ပေါ်မှာပဲထားပြီး အခြားအရာတွေကို အာရုံစိုက်နေပါတယ်။ကျနော်ဟာ ယူအီးအက်ဖ်အေက ပေးတဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိပြီးသားပါလို့”ပြောခဲ့တာဖြစ်ပါတယ်။

ဂျော်ဂျင်ဟို ဟာ ဘရာဇီးလ်မှာ မွေးဖွားခဲ့ပေမယ့် အီတလီ လက်ရွေးစင်အတွက်ကစားဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး (၂၀၁၆)မှာစတင်ပွဲထွက်ခဲ့ကာ ပွဲပေါင်း(၄၀)ပါ၀င်ကစားထားပြီး (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

အီတလီနဲ႔ ခ်ယ္လ္ဆီးအသင္း ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟို က ကမၻာ့အေကာင္းဆုံး ကစားသမားဆုကို သြင္းဂိုးေတြေပၚမွာပဲ အေျခခံၿပီး မေပးသင့္ဘူးလို႔ ေျပာလိုက္ပါတယ္။ ေဂ်ာ္ဂ်င္ဟို ဟာ ဒီႏွစ္ထဲမွာ ခ်ယ္လ္ဆီး အသင္းနဲ႔ ခ်န္ပီယံလိဂ္၊အီတလီ လက္ေရြးစင္ အသင္းနဲ႔ ယူရိုဖလားတို႔ကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

ေဘာလြန္းဒီေအာဆုကို (၂၀၁၈) က ရီးရယ္လ္ ကစားသမား မိုဒရစ္ ရယူနိုင္ခဲ့တာကလြဲၿပီး က်န္တဲ့ႏွစ္ေတြမွာ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔သာ တလွည့္စီ ရယူၿပီး ဒီဆုကို ႀကီးစိုးေနတာျဖစ္ပါတယ္။ကြင္းလယ္ဖန္တီးရွင္ ကစားသမားဟာ ၿပီးခဲ့တဲ့ၾသဂုတ္လက ယူအီးအက္ဖ္ေအရဲ့တႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရယူနိုင္ခဲ့တာပါ။

အဲ့ဒါေၾကာင့္လည္း ဒီႏွစ္အတြက္ ေဘာလြန္းဒီေအာဆုကို ရယူဖို႔ မက္ဆီ၊လီ၀န္ေဒါစကီး၊ဘန္ဇီမာ တို႔ နဲ႔ အၿပိဳင္ေရပန္းစားေနခဲ့တာလည္းျဖစ္ပါတယ္။ဒါေပမယ့္ မက္ဆီနဲ႔ လီဝန္ေဒါစကီးတို႔က ပိုၿပီးေရပန္းစားေနတာပါ။

ေဂ်ာ္ဂ်င္ဟို က “ေဘာလြန္းဒီေအာဆုကို က်ေနာ္ရသင့္လားဆိုတာ မေျပာတက္ပါဘူး။ဒါေပမယ့္ ဂိုးသြင္းတဲ့ သူေတြကိုပဲ ထည့္သြင္းမစဥ္းစားဘူးဆိုရင္ အျခားကစားသမားေတြအတြက္လည္း တြန္းအားျဖစ္မွာပါ”

“ေမၽွာ္လင့္ခ်က္ေတြအမ်ားႀကီးေတာ့ မထားခ်င္ပါဘူး။ဒါကို မလိုခ်င္ဘူးလို႔ ေျပာခဲ့ရင္ က်ေနာ္ဟာ သူေတာ္ေကာင္းေယာင္ေဆာင္သလိုျဖစ္ေနပါမယ္။ဒါကို ရရင္ေတာ့ ေကာင္းတာေပါ့။မရခဲ့ရင္လည္း ညည္းညဴေနမွာ‌ေတာ့မဟုတ္ပါဘူး”

“ေျခဖဝါးကို ေျမျပင္ေပၚမွာပဲထားၿပီး အျခားအရာေတြကို အာ႐ုံစိုက္ေနပါတယ္။က်ေနာ္ဟာ ယူအီးအက္ဖ္ေအက ေပးတဲ့ တႏွစ္တာ အေကာင္းဆုံးကစားသမားဆုကို ရရွိၿပီးသားပါလို႔”ေျပာခဲ့တာျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟို ဟာ ဘရာဇီးလ္မွာ ေမြးဖြားခဲ့ေပမယ့္ အီတလီ လက္ေရြးစင္အတြက္ကစားဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္ၿပီး (၂၀၁၆)မွာစတင္ပြဲထြက္ခဲ့ကာ ပြဲေပါင္း(၄၀)ပါ၀င္ကစားထားၿပီး (၅)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။