အယ်လ်ကလက်ဆီကို ကြောင့် PSGမှာ မ်ိတ်ဆွေကောင်းတွေဖြစ်ကြမှာ မဟုတ်တဲ့ မက်ဆီနဲ့ ရာမိုစ့်

မက်ဆီ နဲ့ရာမိုစ့် တို့ကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဘာစီလိုနာ၊ရီးရယ်လ် အသင်းတို့ကနေ ထွက်ခွာပြီး ပီအက်စ်ဂျီ အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မက်ဆီ နဲ့ ရာမိုစ့် တို့ဟာ အယ်လ်ကလက်ဆီကို ပွဲစဉ်အဖြစ် (၁၀)စုနှစ်ကျော်ကြာ ပြိုင်ဘက်တွေအဖြစ် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ ကြတာလည်းဖြစ်ပါတယ်။

သူတို့ (၂)ဦးဟာ အဲ့ဒီအချိန်တုန်းက ရုပ်ဆိုးအကျည်းတန်တဲ့ တိုက်ခိုက်မှုတွေ၊ ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ ပြိုင်ဆိုင်မှုအချို့ကိုတွေ့မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒါတွေဟာ သူတို့ (၂)ဦးကြား ခင်မင်ရင်းနှီးမှု အားနည်းရတဲ့ အကြောင်းအရင်းလည်းဖြစ်တယ်လို့ L’Equipe က ဖော်ပြခဲ့ပါတယ်။

မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းမှာ အာဂျင်တီးနား အသင်းဖော်တွေဖြစ်တဲ့ ဒီမာရီယာ၊ပါရီဒတ်စ်တို့ နဲ့ ပေါင်းသင်းခဲ့သလို ဘာစီလိုနာ အသင်းမှာ အတူတွဲကစားခဲ့တဲ့ နေမာနဲ့ လည်း နီးစပ်ခဲ့တာဖြစ်ပါတယ်။မက်ဆီနဲ့ နေမာ ဟာ ဘာစီလိုနာ အသင်းမှာ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့တာပါ။ပီအက်စ်ဂျီ ကို (၂၀၁၇)ထဲက ရောက်ရှိခဲ့တဲ့ နေမာ ဟာ မက်ဆီကို ပြင်သစ်ကလပ်ထံလာရောက်ဖို့ ဆွဲဆောင်ခဲ့တာလို့ သတင်းထွက်ခဲ့တာဖြစ်ပါတယ်။

ရာမိုစ့် ကလည်း ပီအက်စ်ဂျီမှာ ကစားသမားအများအပြားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါတယ်။မက်ဆီနဲ့ ပတ်သက်ပြီးတော့လည်း ဒါဟာ ပရော်ဖတ်ရှင်နယ် အချင်းချင်း အသိအမှတ်ပြုမှုတခုသာလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ကြီးမားတဲ့ လတ်မှတ်ထိုးမှုအများအပြားကို ပြုလုပ်ခဲ့တာပါ။

ပရိသတ်တွေကတော့ နှစ်ပေါင်းများစွာကြာအောင် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ မက်ဆီနဲ့ ရာမိုစ့် တို့ အသင်းမှာ အတူတွဲကစားတာကို ကြည့်ဖို့ စိတ်လှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။မက်ဆီနဲ့ရာမိုစ့် တို့ ရဲ့ ပီအက်စ်ဂျီ ကစားသမားဘ၀အစဟာ ကွာခြားနေတာလည်းဖြစ်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ(၈)ပွဲပါ၀င်ကစားထားပြီး ချန်ပီယံလိဂ်မှာ (၃)ဂိုးသွင်ယူထားတာဖြစ်ပါတယ်။ဒါပေမယ့် လီဂူး၀မ်းပြိုင်ပွဲမှာတော့ ဂိုးရဖို့ ရုန်းကန် နေရတာလည်းဖြစ်ပါတယ်။ရာမိုစ့် ကတော့ လက်ရှိအချိန်ထိ ပီအက်စ်ဂျီ အသင်းအတွက် ဒဏ်ရာပြသနာတွေကြောင့် ပါ၀င်မကစားရသေးတာပါ။

Soccer Football – Ligue 1 – Paris St Germain v RC Strasbourg – Parc des Princes, Paris, France – August 14, 2021 Paris St Germain’s Sergio Ramos and Lionel Messi are presented to the fans inside the stadium before the match REUTERS/Sarah Meyssonnier

ရာမိုစ့် ဟာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာတွေကြောင့် ရီးရယ်လ် အသင်းရဲ ပွဲပေါင်း(၃၀)ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။မကြာသေးခင်ကတောင် ပီအက်စ်ဂျီ အသင်းဟာ ရာမို့စ် ရဲ့ဒဏ်ရာပြသနာတွေကြောင့် စာချုပ်ဖျက်သိမ်းဖို့တောင်ရှိနေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ဒါပေမယ့် အခုအချိန်မှာတော့ ရာမိုစ့် ဟာ ပီအက်စ်ဂျီ အသင်းအဖွဲ့နဲ့ လေ့ကျင့်နိင်တော့မှာဖြစ်ပါတယ်။

Zawgyi

မက္ဆီ နဲ႔ရာမိုစ့္ တို႔ကေတာ့ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ဘာစီလိုနာ၊ရီးရယ္လ္ အသင္းတို႔ကေန ထြက္ခြာၿပီး ပီအက္စ္ဂ်ီ အသင္းကို အလြတ္နဲ႔ ေျပာင္းေရႊ႕ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။မက္ဆီ နဲ႔ ရာမိုစ့္ တို႔ဟာ အယ္လ္ကလက္ဆီကို ပြဲစဥ္အျဖစ္ (၁၀)စုႏွစ္ေက်ာ္ၾကာ ၿပိဳင္ဘက္ေတြအျဖစ္ ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့ ၾကတာလည္းျဖစ္ပါတယ္။

သူတို႔ (၂)ဦးဟာ အဲ့ဒီအခ်ိန္တုန္းက ႐ုပ္ဆိုးအက်ည္းတန္တဲ့ တိုက္ခိုက္မႈေတြ၊ ထိပ္တိုက္ေတြ႕ဆုံမႈေတြနဲ႔ ၿပိဳင္ဆိုင္မႈအခ်ိဳ႕ကိုေတြ႕ျမင္ခဲ့ရတာလည္းျဖစ္ပါတယ္။အဲ့ဒါေတြဟာ သူတို႔ (၂)ဦးၾကား ခင္မင္ရင္းႏွီးမႈ အားနည္းရတဲ့ အေၾကာင္းအရင္းလည္းျဖစ္တယ္လို႔ L’Equipe က ေဖာ္ျပခဲ့ပါတယ္။

မက္ဆီ ဟာ ပီအက္စ္ဂ်ီ အသင္းမွာ အာဂ်င္တီးနား အသင္းေဖာ္ေတြျဖစ္တဲ့ ဒီမာရီယာ၊ပါရီဒတ္စ္တို႔ နဲ႔ ေပါင္းသင္းခဲ့သလို ဘာစီလိုနာ အသင္းမွာ အတူတြဲကစားခဲ့တဲ့ ေနမာနဲ႔ လည္း နီးစပ္ခဲ့တာျဖစ္ပါတယ္။မက္ဆီနဲ႔ ေနမာ ဟာ ဘာစီလိုနာ အသင္းမွာ အလြန္ရင္းႏွီးတဲ့ ဆက္ဆံေရးကို တည္ေဆာက္ခဲ့တာပါ။ပီအက္စ္ဂ်ီ ကို (၂၀၁၇)ထဲက ေရာက္ရွိခဲ့တဲ့ ေနမာ ဟာ မက္ဆီကို ျပင္သစ္ကလပ္ထံလာေရာက္ဖို႔ ဆြဲေဆာင္ခဲ့တာလို႔ သတင္းထြက္ခဲ့တာျဖစ္ပါတယ္။

ရာမိုစ့္ ကလည္း ပီအက္စ္ဂ်ီမွာ ကစားသမားအမ်ားအျပားနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးကို တည္ေဆာက္ခဲ့ပါတယ္။မက္ဆီနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဒါဟာ ပေရာ္ဖတ္ရွင္နယ္ အခ်င္းခ်င္း အသိအမွတ္ျပဳမႈတခုသာလည္းျဖစ္ပါတယ္။ပီအက္စ္ဂ်ီ အသင္းဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ႀကီးမားတဲ့ လတ္မွတ္ထိုးမႈအမ်ားအျပားကို ျပဳလုပ္ခဲ့တာပါ။

ပရိသတ္ေတြကေတာ့ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့တဲ့ မက္ဆီနဲ႔ ရာမိုစ့္ တို႔ အသင္းမွာ အတူတြဲကစားတာကို ၾကည့္ဖို႔ စိတ္လႈပ္ရွားေနၾကတာလည္းျဖစ္ပါတယ္။မက္ဆီနဲ႔ရာမိုစ့္ တို႔ ရဲ့ ပီအက္စ္ဂ်ီ ကစားသမားဘ၀အစဟာ ကြာျခားေနတာလည္းျဖစ္ပါတယ္။

မက္ဆီဟာ ပီအက္စ္ဂ်ီ အသင္းအတြက္ ၿပိဳင္ပြဲစုံ(၈)ပြဲပါ၀င္ကစားထားၿပီး ခ်န္ပီယံလိဂ္မွာ (၃)ဂိုးသြင္ယူထားတာျဖစ္ပါတယ္။ဒါေပမယ့္ လီဂူး၀မ္းၿပိဳင္ပြဲမွာေတာ့ ဂိုးရဖို႔ ႐ုန္းကန္ ေနရတာလည္းျဖစ္ပါတယ္။ရာမိုစ့္ ကေတာ့ လက္ရွိအခ်ိန္ထိ ပီအက္စ္ဂ်ီ အသင္းအတြက္ ဒဏ္ရာျပသနာေတြေၾကာင့္ ပါ၀င္မကစားရေသးတာပါ။

ရာမိုစ့္ ဟာ ၿပီးခဲ့တဲ့ ရာသီက ဒဏ္ရာေတြေၾကာင့္ ရီးရယ္လ္ အသင္းရဲ ပြဲေပါင္း(၃၀)ကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။မၾကာေသးခင္ကေတာင္ ပီအက္စ္ဂ်ီ အသင္းဟာ ရာမို႔စ္ ရဲ့ဒဏ္ရာျပသနာေတြေၾကာင့္ စာခ်ဳပ္ဖ်က္သိမ္းဖို႔ေတာင္ရွိေနတယ္လို႔ သတင္းေတြထြက္ခဲ့ပါတယ္။ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ရာမိုစ့္ ဟာ ပီအက္စ္ဂ်ီ အသင္းအဖြဲ႕နဲ႔ ေလ့က်င့္နိင္ေတာ့မွာျဖစ္ပါတယ္။