လုပ်စရာအလုပ်တွေရှိသေးလို့ ဘောလွန်းဒီအောအကြောင်း မစဉ်းစားနိုင်သေးဘူးဆိုတဲ့ လီ၀န်ဒေါစကီး

အခုနှစ်အတွက် ပေးအပ်မယ့် ဘောလွန်းဒီအောဆုအတွက် ရရှိဖို့ ရေပန်းစားနေတဲ့ သူတွေထဲက တဦးဖြစ်တဲ့ လီ၀န်ဒေါစကီး က ဒီဆုနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပြလိုက်ပါတယ်။လီ၀န်ဒေါစကီး က ကလပ်နဲ့ နိုင်ငံအသင်းရဲ့ရှေ့လာမယ့်ပွဲတွေကိုသာ ဆက်လက်အာရုံစိုက်နေတယ်လို့ နိုင်ငံအသင်းရဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပိုလန်လက်ရွေးစင်ကစားသမားက ဆုပေးပွဲနီးလာမှသာ ဘောလွန်းဒီအောဆုအကြောင်းကို စတင်စဉ်းစားမယ်လို့ ၀န်ခံခဲ့တာဖြစ်ပါတယ်။ လီ၀န်ဒေါစကီးက“ကျွန်တော်အရမ်းကြီး စဉ်းစားမနေတော့ပါဘူး။ဒါကို အနိုင်ရဖို့ အတွက် အခွင့်အရေးတွေကို တွေးဖို့ က သေချာပေါက် အကူအညီပေးမှာမဟုတ်ပါဘူး။ထင်မြင်ချက်တွေနဲ့ မီဒီယာတွေမှာ ပေါက်ကြားခဲ့တာရောပေါ့”

“အခြားအရာတွေကိုပဲ အာရုံစိုက်ရတာ ပိုပြီးနှစ်သက်ပါတယ်”လို့ ဆိုပါတယ်။အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို မက်ဆီ ရရှိပြီလို့တောင် သတင်းတွေကြိုပြီး ထွက်ပေါ်လာခဲ့ပေမယ့် ပြိုင်ပွဲကျင်းပရေး အဖွဲ့ဖြစ်တဲ့ ပြင်သစ်ဘောလုံးအယ်ဒီတာချုပ် က ဒါက အခြေအမြစ်မရှိတဲ့ သတင်းတွေဆိုပြီး ငြင်းဆိုထားတာဖြစ်ပါတယ်။

လီ၀န်ဒေါစကီး က “ ဆုပေးပွဲနီးလာတဲ့ အချိန်မှာတော့ ဒါကို စတင်ပြီး စဉ်းစားဖို့ ဖြစ်နိုင်ပါတယ်။အခုမှ နို၀င်ဘာလအစပဲရှိသေးတော့ အချိန်တွေရှိပါသေးတယ်။ဘောလွန်းဒီအောဆုဟာ အလွန်ကြီးကျယ်တဲ့ ဆုတခုပါပဲ။ဒါပေမယ့် အဲ့ဒါကို စဉ်းစားဖို့ မလိုသေးပါဘူး။ဘာဖြစ်လို့လဲဆိုရင် ပွဲမစခင်နဲ့ ပွဲအပြီးမှာ လုပ်စရာတွေ အများကြီးကျန်နေသေးလို့ပါပဲ”လို့ ပြောခဲ့တာပါ။

လီ၀န်ဒေါစကီး ဟာ ပြီးခဲ့တဲ့ ရာသီက ဘိုင်ယန်မြူးနစ် အသင်းအတွက် စံချိန်တင်သွင်းဂိုးတွေသွင်းယူပြီးနောက် ဒီဆုကို ရယူနိုင်ဖို့ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဘောလုံးနဲ့ သက်ဆိုင်တဲ့သူ အများအပြားကတော့ အခုနှစ်အတွက် ဆုကို လီ၀န်ဒေါစကီးရသင့်တယ်ဆိုပြီး ထင်မြင်ချက် တွေပေးထားတာလည်းဖြစ်ပါတယ်။

လီ၀န်ဒေါစကီး ဟာ (၂၀၂၀) က ဘောလွန်းဒီအောဆုကို သေချာပေါက်ရရှိသင့်တဲ့ သူဖြစ်ပေမယ့် ပြိုင်ပွဲကျင်းပရေး က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုပေးပွဲဖျက်သိမ်းခဲ့လို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။အခုနှစ်အတွက် ဆုကို လီ၀န်ဒေါစကီးဟာ မက်ဆီ၊ဘန်ဇီမာနဲ့ ဂျော်ဂျင်ဟို တို့ကို အဓိကထားယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

ပိုလန်လက်ရွေးစင် ကစားသမားဟာ ဒီရာသီ ဘိုင်ယန်မြူးနစ် အသင်းအတွက် (၁၇)ပွဲကစားထားပြီး (၂၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

အခုႏွစ္အတြက္ ေပးအပ္မယ့္ ေဘာလြန္းဒီေအာဆုအတြက္ ရရွိဖို႔ ေရပန္းစားေနတဲ့ သူေတြထဲက တဦးျဖစ္တဲ့ လီ၀န္ေဒါစကီး က ဒီဆုနဲ႔ ပတ္သက္ၿပီး သူ႔ရဲ့အျမင္ကို ေျပာျပလိုက္ပါတယ္။လီ၀န္ေဒါစကီး က ကလပ္နဲ႔ နိုင္ငံအသင္းရဲ့ေရွ႕လာမယ့္ပြဲေတြကိုသာ ဆက္လက္အာ႐ုံစိုက္ေနတယ္လို႔ နိုင္ငံအသင္းရဲ့သတင္းစာ ရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ပိုလန္လက္ေရြးစင္ကစားသမားက ဆုေပးပြဲနီးလာမွသာ ေဘာလြန္းဒီေအာဆုအေၾကာင္းကို စတင္စဥ္းစားမယ္လို႔ ၀န္ခံခဲ့တာျဖစ္ပါတယ္။ လီ၀န္ေဒါစကီးက“ကၽြန္ေတာ္အရမ္းႀကီး စဥ္းစားမေနေတာ့ပါဘူး။ဒါကို အနိုင္ရဖို႔ အတြက္ အခြင့္အေရးေတြကို ေတြးဖို႔ က ေသခ်ာေပါက္ အကူအညီေပးမွာမဟုတ္ပါဘူး။ထင္ျမင္ခ်က္ေတြနဲ႔ မီဒီယာေတြမွာ ေပါက္ၾကားခဲ့တာေရာေပါ့”

“အျခားအရာေတြကိုပဲ အာ႐ုံစိုက္ရတာ ပိုၿပီးႏွစ္သက္ပါတယ္”လို႔ ဆိုပါတယ္။အခုႏွစ္အတြက္ ေဘာလြန္းဒီေအာဆုကို မက္ဆီ ရရွိၿပီလို႔ေတာင္ သတင္းေတြႀကိဳၿပီး ထြက္ေပၚလာခဲ့ေပမယ့္ ၿပိဳင္ပြဲက်င္းပေရး အဖြဲ႕ျဖစ္တဲ့ ျပင္သစ္ေဘာလုံးအယ္ဒီတာခ်ဳပ္ က ဒါက အေျခအျမစ္မရွိတဲ့ သတင္းေတြဆိုၿပီး ျငင္းဆိုထားတာျဖစ္ပါတယ္။

လီ၀န္ေဒါစကီး က “ ဆုေပးပြဲနီးလာတဲ့ အခ်ိန္မွာေတာ့ ဒါကို စတင္ၿပီး စဥ္းစားဖို႔ ျဖစ္နိုင္ပါတယ္။အခုမွ နို၀င္ဘာလအစပဲရွိေသးေတာ့ အခ်ိန္ေတြရွိပါေသးတယ္။ေဘာလြန္းဒီေအာဆုဟာ အလြန္ႀကီးက်ယ္တဲ့ ဆုတခုပါပဲ။ဒါေပမယ့္ အဲ့ဒါကို စဥ္းစားဖို႔ မလိုေသးပါဘူး။ဘာျဖစ္လို႔လဲဆိုရင္ ပြဲမစခင္နဲ႔ ပြဲအၿပီးမွာ လုပ္စရာေတြ အမ်ားႀကီးက်န္ေနေသးလို႔ပါပဲ”လို႔ ေျပာခဲ့တာပါ။

လီ၀န္ေဒါစကီး ဟာ ၿပီးခဲ့တဲ့ ရာသီက ဘိုင္ယန္ျမဴးနစ္ အသင္းအတြက္ စံခ်ိန္တင္သြင္းဂိုးေတြသြင္းယူၿပီးေနာက္ ဒီဆုကို ရယူနိုင္ဖို႔ ေရပန္းစားေနတာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ေဘာလုံးနဲ႔ သက္ဆိုင္တဲ့သူ အမ်ားအျပားကေတာ့ အခုႏွစ္အတြက္ ဆုကို လီ၀န္ေဒါစကီးရသင့္တယ္ဆိုၿပီး ထင္ျမင္ခ်က္ ေတြေပးထားတာလည္းျဖစ္ပါတယ္။

လီ၀န္ေဒါစကီး ဟာ (၂၀၂၀) က ေဘာလြန္းဒီေအာဆုကို ေသခ်ာေပါက္ရရွိသင့္တဲ့ သူျဖစ္ေပမယ့္ ၿပိဳင္ပြဲက်င္းပေရး က ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဆုေပးပြဲဖ်က္သိမ္းခဲ့လို႔ နစ္နာခဲ့ရတာျဖစ္ပါတယ္။အခုႏွစ္အတြက္ ဆုကို လီ၀န္ေဒါစကီးဟာ မက္ဆီ၊ဘန္ဇီမာနဲ႔ ေဂ်ာ္ဂ်င္ဟိ္ု တို႔ကို အဓိကထားယွဥ္ၿပိဳင္ရမွာလည္းျဖစ္ပါတယ္။

ပိုလန္လက္ေရြးစင္ ကစားသမားဟာ ဒီရာသီ ဘိုင္ယန္ျမဴးနစ္ အသင္းအတြက္ (၁၇)ပြဲကစားထားၿပီး (၂၃)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။