၂၀၂၂ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့် လတ်မှတ်ရသွားပြီဖြစ်တဲ့ ဘရာဇီးလ်

ဘရာဇီးလ် အသင်းဟာ ဒီမနက်ပိုင်းက (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲစဉ်အဖြစ် ကိုလံဘီယာ အသင်းနဲ့ ကစားခဲ့ရာ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။

ဘရာဇီးလ် အသင်းဟာ ဒီပွဲမှာ ကိုလံဘီယာ အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဘရာဇီးလ် အတွက် (၁)လုံးတည်းသောသွင်းဂိုးကို နေမာ ရဲ့ဖန်တီးပေးမှုကနေ ပတ်ကွီတာ က သွင်းယူခဲ့တာပါ။

ဘရာဇီးလ် အသင်းဟာ ဒီပွဲမှာ ကိုလံဘီယာ အသင်းကို ဘောလုံးပိုင်ဆိုင်မှု(၆၃)ရာခိုင်နှုန်းအထိ အသာစီးယူနိုင်ခဲ့တာဖြစ်ပြီး ဂိုးပေါက်ကန်သွင်းမှု(၁၆)ကြိမ်၊ဂိုးပေါက်တည့်မှု(၆)ကြိမ်အထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။

Soccer Football – World Cup – South American Qualifiers – Brazil v Colombia – Arena Corinthians, Sao Paulo, Brazil – November 11, 2021 Brazil’s Lucas Paqueta celebrates scoring their first goal with teammates REUTERS/Amanda Perobelli

ကိုလံဘီယာ အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု(၃၇)ရာခိုင်နှုန်း ဂိုးပေါက်ကန်သွင်းမှု(၅)ကြိမ်နဲ့ ဂိုးပေါက်တည့်မှု(၁)ကြိမ်သာ ရှိခဲ့တာပါ။ဘရာဇီးလ် အသင်းဟာ တောင်အမေရိကဇုန်ခြေစစ်ပွဲမှာ ရှုံးပွဲမရှိသေးပဲ (၁၂)ပွဲကစားအပြီးမှာ (၁၁)ပွဲနိုင် (၁)ပွဲသရေကျထားတာဖြစ်ပါတယ်။ဒါ့အပြင် တိုက်စစ်ပိုင်းက သွင်းဂိုး(၂၇)ဂိုးရထားပြီး ပေးဂိုး(၄)ဂိုးသာ ခွင့်ပြုထားရတာလည်းဖြစ်ပါတယ်။

နေမာ ကတော့ ဘရာဇီးလ် အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရာမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာပါ။နေမာ ဟာ ဘရာဇီးလ် အတွက် နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ(၉)ပွဲမှာ (၇)ဂိုးထိ သွင်းယူပြီး (၈)ဂိုးဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရာဇီးလ် အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ ပွဲစဉ်(၆)ပွဲကျန်ရှိနေသေးပေမယ့် အဆင့်(၅)နေရာက အသင်းဖြစ်တဲ့ ကိုလံဘီယာ အသင်းကို (၁၈)မှတ်ဖြတ်ထားနိုင်တာကြောင့် စောစီးစွာ ခြေစစ်ပွဲအောင်မြင်သွားခဲ့တာပါ။

You

လက်ရှိအချိန်မှာ အိမ်ရှင် ကာတာအသင်းအပြင် ဂျာမနီ၊ဒိန်းမတ်နဲ့ ဘရာဇီးလ် အသင်းတို့ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်လတ်မှတ်ရရှိသွားပြီလည်းဖြစ်ပါတယ်။ဘရာဇီးလ် အသင်းဟာ နောက်လာမယ့် ပွဲစဉ်အဖြစ် အာဂျင်တီးနား အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ဘရာဇီးလ္ အသင္းဟာ ဒီမနက္ပိုင္းက (၂၀၂၂) ကမၻာ့ဖလားေျခစစ္ပြဲ ေတာင္အေမရိကဇုန္ ပြဲစဥ္အျဖစ္ ကိုလံဘီယာ အသင္းနဲ႔ ကစားခဲ့ရာ အနိုင္ရရွိၿပီး ကမၻာ့ဖလားေျခစစ္ပြဲ ေအာင္ျမင္သြားခဲ့ၿပီျဖစ္ပါတယ္။

ဘရာဇီးလ္ အသင္းဟာ ဒီပြဲမွာ ကိုလံဘီယာ အသင္းကို (၁)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။ဘရာဇီးလ္ အတြက္ (၁)လုံးတည္းေသာသြင္းဂိုးကို ေနမာ ရဲ့ဖန္တီးေပးမႈကေန ပတ္ကြီတာ က သြင္းယူခဲ့တာပါ။

ဘရာဇီးလ္ အသင္းဟာ ဒီပြဲမွာ ကိုလံဘီယာ အသင္းကို ေဘာလုံးပိုင္ဆိုင္မႈ(၆၃)ရာခိုင္ႏႈန္းအထိ အသာစီးယူနိုင္ခဲ့တာျဖစ္ၿပီး ဂိုးေပါက္ကန္သြင္းမႈ(၁၆)ႀကိမ္၊ဂိုးေပါက္တည့္မႈ(၆)ႀကိမ္အထိ ရွိခဲ့တာလည္းျဖစ္ပါတယ္။

ကိုလံဘီယာ အသင္းကေတာ့ ေဘာလုံးပိုင္ဆိုင္မႈ(၃၇)ရာခိုင္ႏႈန္း ဂိုးေပါက္ကန္သြင္းမႈ(၅)ႀကိမ္နဲ႔ ဂိုးေပါက္တည့္မႈ(၁)ႀကိမ္သာ ရွိခဲ့တာပါ။ဘရာဇီးလ္ အသင္းဟာ ေတာင္အေမရိကဇုန္ေျခစစ္ပြဲမွာ ရႈံးပြဲမရွိေသးပဲ (၁၂)ပြဲကစားအၿပီးမွာ (၁၁)ပြဲနိုင္ (၁)ပြဲသေရက်ထားတာျဖစ္ပါတယ္။ဒါ့အျပင္ တိုက္စစ္ပိုင္းက သြင္းဂိုး(၂၇)ဂိုးရထားၿပီး ေပးဂိုး(၄)ဂိုးသာ ခြင့္ျပဳထားရတာလည္းျဖစ္ပါတယ္။

ေနမာ ကေတာ့ ဘရာဇီးလ္ အသင္း ကမၻာ့ဖလားေျခစစ္ပြဲေအာင္ရာမွာ အဓိက ကစားသမားအျဖစ္ ေျခစြမ္းျပသေနတာပါ။ေနမာ ဟာ ဘရာဇီးလ္ အတြက္ ေနာက္ဆုံးကစားခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲ(၉)ပြဲမွာ (၇)ဂိုးထိ သြင္းယူၿပီး (၈)ဂိုးဖန္တီးနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘရာဇီးလ္ အသင္းဟာ ကမၻာ့ဖလားေျခစစ္ပြဲ ကစားဖို႔ ပြဲစဥ္(၆)ပြဲက်န္ရွိေနေသးေပမယ့္ အဆင့္(၅)ေနရာက အသင္းျဖစ္တဲ့ ကိုလံဘီယာ အသင္းကို (၁၈)မွတ္ျဖတ္ထားနိုင္တာေၾကာင့္ ေစာစီးစြာ ေျခစစ္ပြဲေအာင္ျမင္သြားခဲ့တာပါ။

လက္ရွိအခ်ိန္မွာ အိမ္ရွင္ ကာတာအသင္းအျပင္ ဂ်ာမနီ၊ဒိန္းမတ္နဲ႔ ဘရာဇီးလ္ အသင္းတို႔ ကမၻာ့ဖလားယွဥ္ၿပိဳင္ခြင့္လတ္မွတ္ရရွိသြားၿပီလည္းျဖစ္ပါတယ္။ဘရာဇီးလ္ အသင္းဟာ ေနာက္လာမယ့္ ပြဲစဥ္အျဖစ္ အာဂ်င္တီးနား အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။