အဓိက ပစ်မှတ်ကစားသမားကို ခေါ်ယူနိုင်ဖို့ အတွက် ကာဗာနီ ကို အသုံးချဖို့ စီစဉ်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ အဓ်ိကအပြောင်းအရွှေ့ပစ်မှတ်ကို ခေါ်ယူနိုင်ဖို့ အတွက် တိုက်စစ်မှုး ကာဗာနီ ကို အသုံးချဖို့ စီစဉ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အသက်(၃၄)နှစ်အရွယ်ရှိ ကစားသမားဟာ ရော်နယ်ဒို ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် ပရီးမီးယားလိဂ်(၂)ပွဲသာ ပွဲစတည်းက ပါ၀င်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဆီဗီလာ အသင်းဟာ ဒဏ်ရာပြသနာရှိနေတဲ့ သူတို့ရဲ့တိုက်စစ်မှုး ယူဆက်ဗ် ရဲ့နေရာကို အားဖြည့်ဖို့ အတွက် ကာဗာနီ ကို အလိုရှိနေပုံရနေတာဖြစ်ပါတယ်။ရော်နယ်ဒို အသင်းကို ပြန်ရောက်လာပြီးတည်းက ဥရုဂွေးကစားသမား ဟာ အိုးထရက်ဖိုဒ့်မှာ အမြဲလိုလိုဝိုင်းပယ်ခြင်းခံထားရတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။

ကာဗာနီ ဟာ တိုက်စစ်မှာ အဓိက ကစားသမားအဖြစ် ကစားချင်နေတဲ့ အတွက် ဆီဗီလာ အသင်းက သူ့ကို ဆွဲဆောင်နိုင်ဖွယ်ရှိတာလည်းဖြစ်ပါတယ်။မေရာသတင်းကတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆီဗီလာ အသင်းနောက်ခံလူ ကိုအန်ဒီ ကို ခေါ်ယူဖို့ ဆန္ဒရှိမယ်ဆိုရင် စပိန်ကလပ်ရဲ့ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ရှိနေတယ်လို့ ဖော်ပြထားတာပါ။

အသက်(၂၃)နှစ်အရွယ်ရှိ ပြင်သစ်နောက်ခံလူဟာ ဆီဗီလာ အသင်းမှာ အံသြဖွယ်ကောင်းတဲ့ စွမ်းရည်မျိုးပြသခဲ့ပြီးနောက် ဥရောပအသင်းကြီးတွေကို ဆွဲဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကိုအန်ဒီ ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ ရီးရယ်လ် အသင်းတို့ကလည်း စ်ိတ်၀င်စားနေကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နွေရာသီက ရီးရယ်လ် အသင်းကနေ ဗာရန်းကို ပေါင်(၃၄)သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် ခံစစ်ပိုင်းကို ဆက်လက်အားဖြည့်ချင်နေတာလည်းဖြစ်ပါတယ်။ဗာရန်း ဟာ အသင်းကို ရောက်လာပြီးတည်းက ဒဏ်ရာပြသနာတွေရှိနေသလို မက်ဂွဲယားကလည်း ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်အချို့ကို မပါ၀င်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲရစ်ဘ်ိုင်းလီ ကလည်း မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြန်ကစားနိ်ုင်ပြီဖြစ်ပေမယ့် သူ့ထက်ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုကို အသင်းက အလိုရှိနေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းရဲ့ခံစစ်ပိုင်းဟာ လက်ရှိအချိန်မှာ အလွန်ဆိုးရွားနေပြီး ပေးဂိုးအများအပြားပေးနေရတာပါ။

ဆီဗီလာ အသင်းဟာ အာဆင်နယ် အသင်းတိုက်စစ်မှုး လာကာဇတ်တီ နဲ့ ရီးရယ်လ် အသင်း တိုက်စစ်ကစားသမား မာရီယာနို ဒီယက်ဇ် တိ်ု့ကိုလည်း ခေါ်ယူဖို့ မျက်စိကျနေတာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အဓ္ိကအေျပာင္းအေရႊ႕ပစ္မွတ္ကို ေခၚယူနိုင္ဖို႔ အတြက္ တိုက္စစ္မႈး ကာဗာနီ ကို အသုံးခ်ဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။အသက္(၃၄)ႏွစ္အရြယ္ရွိ ကစားသမားဟာ ေရာ္နယ္ဒို ေရာက္ရွိလာၿပီးေနာက္ပိုင္း အသင္းအတြက္ ပရီးမီးယားလိဂ္(၂)ပြဲသာ ပြဲစတည္းက ပါ၀င္ခြင့္ရခဲ့တာျဖစ္ပါတယ္။

ဆီဗီလာ အသင္းဟာ ဒဏ္ရာျပသနာရွိေနတဲ့ သူတို႔ရဲ့တိုက္စစ္မႈး ယူဆက္ဗ္ ရဲ့ေနရာကို အားျဖည့္ဖို႔ အတြက္ ကာဗာနီ ကို အလိုရွိေနပုံရေနတာျဖစ္ပါတယ္။ေရာ္နယ္ဒို အသင္းကို ျပန္ေရာက္လာၿပီးတည္းက ဥ႐ုေဂြးကစားသမား ဟာ အိုးထရက္ဖိုဒ့္မွာ အျမဲလိုလိုဝိုင္းပယ္ျခင္းခံထားရတယ္လို႔ သတင္းေတြထြက္ခဲ့ပါတယ္။

ကာဗာနီ ဟာ တိုက္စစ္မွာ အဓိက ကစားသမားအျဖစ္ ကစားခ်င္ေနတဲ့ အတြက္ ဆီဗီလာ အသင္းက သူ႔ကို ဆြဲေဆာင္နိုင္ဖြယ္ရွိတာလည္းျဖစ္ပါတယ္။ေမရာသတင္းကေတာ့ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဆီဗီလာ အသင္းေနာက္ခံလူ ကိုအန္ဒီ ကို ေခၚယူဖို႔ ဆႏၵရွိမယ္ဆိုရင္ စပိန္ကလပ္ရဲ့ကမ္းလွမ္းမႈေတြကို နားေထာင္သြားဖို႔ ရွိေနတယ္လို႔ ေဖာ္ျပထားတာပါ။

အသက္(၂၃)ႏွစ္အရြယ္ရွိ ျပင္သစ္ေနာက္ခံလူဟာ ဆီဗီလာ အသင္းမွာ အံၾသဖြယ္ေကာင္းတဲ့ စြမ္းရည္မ်ိဳးျပသခဲ့ၿပီးေနာက္ ဥေရာပအသင္းႀကီးေတြကို ဆြဲေဆာင္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။ကိုအန္ဒီ ကို ေခၚယူဖို႔ ခ်ယ္လ္ဆီးနဲ႔ ရီးရယ္လ္ အသင္းတို႔ကလည္း စ္ိတ္၀င္စားေနၾကတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေႏြရာသီက ရီးရယ္လ္ အသင္းကေန ဗာရန္းကို ေပါင္(၃၄)သန္းနဲ႔ ေခၚယူခဲ့ေပမယ့္ ခံစစ္ပိုင္းကို ဆက္လက္အားျဖည့္ခ်င္ေနတာလည္းျဖစ္ပါတယ္။ဗာရန္း ဟာ အသင္းကို ေရာက္လာၿပီးတည္းက ဒဏ္ရာျပသနာေတြရွိေနသလို မက္ဂြဲယားကလည္း ဒဏ္ရာေၾကာင့္ အသင္းရဲ့ပြဲစဥ္အခ်ိဳ႕ကို မပါ၀င္နိုင္ခဲ့တာျဖစ္ပါတယ္။

အဲရစ္ဘ္ိုင္းလီ ကလည္း မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ျပန္ကစားနိ္ုင္ၿပီျဖစ္ေပမယ့္ သူ႔ထက္ပိုမိုေကာင္းမြန္တဲ့ ေရြးခ်ယ္မႈကို အသင္းက အလိုရွိေနတာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ခံစစ္ပိုင္းဟာ လက္ရွိအခ်ိန္မွာ အလြန္ဆိုးရြားေနၿပီး ေပးဂိုးအမ်ားအျပားေပးေနရတာပါ။

ဆီဗီလာ အသင္းဟာ အာဆင္နယ္ အသင္းတိုက္စစ္မႈး လာကာဇတ္တီ နဲ႔ ရီးရယ္လ္ အသင္း တိုက္စစ္ကစားသမား မာရီယာနို ဒီယက္ဇ္ တိ္ု႔ကိုလည္း ေခၚယူဖို႔ မ်က္စိက်ေနတာျဖစ္ပါတယ္။