(၃) မိနစ်နောက်ကျလည်းမရဘူး လာထား၊ ဒဏ်ကြေးပဲဆိုတဲ့ဇာဗီနဲ့ အဲဗားနောက်ကျတတ်တဲ့ ဒမ်ဘီလီ

ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီရဲ့ ဇာဗီရဲ့ လေ့ကျင့်ခန်း အစီအစဥ်ကို (၃) မိနစ်နောက်ကျပြီးမှ ရောက်လာတာကြောင့် ဒဏ်ရိုက်ခံခဲ့ရပြီလို့ သိရပါတယ်။

ဘာစီလိုနာရဲ့ လေ့ကျင့်ခန်းအစီအစဥ် စတင်ချိန်က မနက် (၁၀) နာရီဖြစ်ပြီး ဇာဗီ သတ်မှတ်ထားတဲ့ စည်းကမ်းအရ ကစားသမားတွေအနေနဲ့ လေ့ကျင့်ခန်းမစခင် (၁) နာရီခွဲအလို မနက် (၈) နာရီခွဲအရောက်ဖြစ်ပါတယ်။

ဒါပေမယ့် အရင်တည်းက လေ့ကျင့်ရေးကွင်းကို ရောက်လာနေကျ ဒမ်ဘီလီကတော့ အခုလည်း (၃) မိနစ်နောက်ကျပြီး (၈) နာရီနဲ့ (၃၃) မိနစ်မှ ရောက်ရှိလာတာကြောင့် အခုလိုပဲ ဒဏ်ရိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ဒမ်ဘီလီအနေနဲ့ (၃) မိနစ်တည်း နောက်ကျတာဆိုပြီးတော့လည်း စောဒကတက်လို့မရပါဘူး။

တကယ်လို့ ဒဏ်ရိုက်ခံရတာကို စောဒကတက်ခဲ့ရင် ဒဏ်ကြေးငွေရဲ့ (၂) ဆပေးဆောင်ရမှာလို့ စည်းကမ်းတစ်ခါတည်း ထုတ်ထားပြီးသားပါ။ လတ်တလော အနေအထားအရတော့ ဒမ်ဘီလီက ဇာဗီလက်ထက်မှာ ပထမဆုံး ဒဏ်ရိုက်ခံခဲ့ရတဲ့ ကစားသမားဖြစ်လာပါပြီ။

ဝါရင့်နောက်ခံလူ ပီကေးကလည်း ဇာဗီရဲ့ စည်းကမ်းချက်တွေကြောင့် ကွင်းပြင်ပ သူ့ရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားရပြီး လက်ရှိနိုင်ငံတကာရက်သတ္တပတ်အတွင်း ပြုလုပ်ဖို့ စီစဥ်ထားတဲ့ အင်တာဗျူးတွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

ဇာဗီဟာ အစစအရာရာ ယိုယွင်းနေတဲ့ ဘာစီလိုနာကို ပြုပြင်ပြောင်းလဲဖို့အတွက် ပြင်ဆင်မှုတွေ ခပ်သွက်သွက်ပြုလုပ်နေပြီး အသင်းကိုရောက်ရောက်ချင်း ကြံ့ခိုင်ရေးနည်းပြနှစ်ယောက်ကိုလည်း ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။