ယူနိုက်တက် အတွက် သူခေါ်ယူပေးခဲ့တဲ့ ကစားသမားကို ရိုးမားအတွက် ပြန်ခေါ်မယ့် မော်ရင်ဟို

မော်ရင်ဟို ဟာ ရိုးမား အသင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းနောက်ခံလူ ဒါလောဒ့် နဲ့ ပြန်လည်လက်တွဲဖို့ နီးစပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။Fotball Italia က ရိုးမားနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ ဟာ ဒါလောဒ့် အတွက် ဇန်နဝါရီမှာ ကနဦး အငှားနဲ့ ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေဟာ တိုးတက်မှုတွေရှိလာတယ်လို့ ဖော်ပြခဲ့တာပါ။

ရိုးမား အသင်းဟာ ဒါလော့ဒ် အတွက် မန်ချက်စတာယူနိုက်တက် အသင်းကို အငှားပြောင်းရွှေ ့ကြေး ယူရို(၁ဒသမ၅)သန်း ပေးချေရမှာဖြစ်ပြီး သူဟာ ရိုးမား အသင်းအတွက် ပွဲထွက်ခွင့်ရရှိတဲ့ အပေါ်မူတည်ပြီး အပြီးသတ်ဝယ်ယူခွင့်လည်းပါဝင်နေတာဖြစ်ပါတယ်။

အပြီးသတ်ပြောင်းရွှေ ့ကြေးဟာ ယူရို(၁၅)သန်းဝန်းကျင်ရှိမှာဖြစ်တာကြောင့် ရိုးမား အသင်းဟာ စုစုပေါင်း ယူရို(၁၆ဒသမ၅)သန်း ကုန်ကျဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဒါလောဒ့် ဟာ ပြီးခဲ့တဲ့ ရာသီက အေစီမီလန် အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ပွဲပေါင်း(၃၃)ပွဲမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အေစီမီလန် အသင်းက ဒါလောဒ့် ကို အပြီးသတ်ခေါ်ယူချင်ပေမယ့် အသက်(၂၂)နှစ်အရွယ်ရှိ ကစားသမားဟာ မန်ချက်စတာယူနိုက်တက် အသင်းကိုသာ ပြန်လာခဲ့ပြီး အသင်းအတွက် ဒီရာသီ (၆)ပွဲသာ ပါဝင်ကစားခွင့်ရထားတာပါ။မော်ရင်ဟို ဟာ ဒါလောဒ့် ကို သူ မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့တဲ့ (၂၀၁၈) နွေရာသီက ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မော်ရင်ဟို ဟာ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒါလောဒ့်အတွက်လည်း အိုးထရက်ဖိုဒ့်မှာ နေရာရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ရိုးမား အသင်းဟာ ရာသီအစ စီးရီးအေ(၅)ပွဲမှာ (၄)ပွဲအနိုင်ရခဲ့ပေမယ့် နောက်ဆုံးကစားတဲ့ ပွဲမှာ ရလဒ်တွေဆိုးရွားနေခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၆)နေရာကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

ရိုးမား အသင်းဟာ နောက်ဆုံး(၇)ပွဲမှာ ပေးဂိုး(၁၅)ဂိုးအထိ ခွင့်ပြုခဲ့ရတာကြောင့် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ ့မှာ အသင်းရဲ ့ခံစစ်ပိုင်းကို အားဖြည့်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပြီး ဒါလောဒ့်ကို ပစ်မှတ်ထားလာခဲ့တာပါ။ဒါလောဒ့် ဟာ မကြာသေးခင်ကလည်း ပေါ်တူဂီ လက်ရွေးစင်အတွက် ပါဝင်ကစားခွင့်ရနေတာဖြစ်ပါတယ်။

ဒါလောဒ့် ဟာ ဘယ်နောက်ခံလူအဖြစ်ရော ညာနောက်ခံလူအဖြစ်ရော ကစားနိုင်သလို တောင်ပံတိုက်စစ်တွေမှာလည်း ကစားနိုင်တဲ့ အပြင် အီတလီမှာ ကစားခဲ့တဲ့ အတွေ့အကြုံကြောင့် မော်ရင်ဟို က ခေါ်ယူဖို့ ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

ေမာ္ရင္ဟို ဟာ ရိုးမား အသင္းမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းေနာက္ခံလူ ဒါေလာဒ္႔ နဲ႔ ျပန္လည္လက္တြဲဖို႔ နီးစပ္ေနၿပီလို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။Fotball Italia က ရိုးမားနဲ႔ မန္ခ်က္စတာယူႏိုက္တက္ အသင္းတို႔ ဟာ ဒါေလာဒ္႔ အတြက္ ဇန္န၀ါရီမွာ ကနဦး အငွားနဲ႔ ေခၚယူဖို႔ အတြက္ ေဆြးေႏြးမွုေတြဟာ တိုးတက္မွုေတြရွိလာတယ္လို႔ ေဖာ္ျပခဲ့တာပါ။

ရိုးမား အသင္းဟာ ဒါေလာ႔ဒ္ အတြက္ မန္ခ်က္စတာယူႏိုက္တက္ အသင္းကို အငွားေျပာင္းေရႊ ႔ေၾကး ယူရို(၁ဒသမ၅)သန္း ေပးေခ်ရမွာျဖစ္ၿပီး သူဟာ ရိုးမား အသင္းအတြက္ ပြဲထြက္ခြင္႔ရရွိတဲ႔ အေပၚမူတည္ၿပီး အၿပီးသတ္၀ယ္ယူခြင္႔လည္းပါ၀င္ေနတာျဖစ္ပါတယ္။

အၿပီးသတ္ေျပာင္းေရႊ ႔ေၾကးဟာ ယူရို(၁၅)သန္း၀န္းက်င္ရွိမွာျဖစ္တာေၾကာင္႔ ရိုးမား အသင္းဟာ စုစုေပါင္း ယူရို(၁၆ဒသမ၅)သန္း ကုန္က်ဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။ဒါေလာဒ္႔ ဟာ ၿပီးခဲ့တဲ႔ ရာသီက ေအစီမီလန္ အသင္းမွာ အငွားနဲ႔ သြားေရာက္ကစားခဲ့ၿပီး ပြဲေပါင္း(၃၃)ပြဲမွာ (၂)ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေအစီမီလန္ အသင္းက ဒါေလာဒ္႔ ကို အၿပီးသတ္ေခၚယူခ်င္ေပမယ္႔ အသက္(၂၂)ႏွစ္အရြယ္ရွိ ကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္ အသင္းကိုသာ ျပန္လာခဲ့ၿပီး အသင္းအတြက္ ဒီရာသီ (၆)ပြဲသာ ပါ၀င္ကစားခြင္႔ရထားတာပါ။ေမာ္ရင္ဟို ဟာ ဒါေလာဒ္႔ ကို သူ မန္ခ်က္စတာယူႏိုက္တက္ အသင္းကို ကိုင္တြယ္ခဲ့တဲ႔ (၂၀၁၈) ေႏြရာသီက ေခၚယူခဲ့တာျဖစ္ပါတယ္။

ဒါေပမယ္႔ ေမာ္ရင္ဟို ဟာ ထုတ္ပယ္ခံခဲ့ရတာေၾကာင္႔ ဒါေလာဒ္႔အတြက္လည္း အိုးထရက္ဖိုဒ္႔မွာ ေနရာရဖို႔ ရုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။ရိုးမား အသင္းဟာ ရာသီအစ စီးရီးေအ(၅)ပြဲမွာ (၄)ပြဲအႏိုင္ရခဲ့ေပမယ္႔ ေနာက္ဆံုးကစားတဲ႔ ပြဲမွာ ရလဒ္ေတြဆိုးရြားေနခဲ့ၿပီး အမွတ္ေပးဇယားအဆင္႔(၆)ေနရာကို ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။

ရိုးမား အသင္းဟာ ေနာက္ဆံုး(၇)ပြဲမွာ ေပးဂိုး(၁၅)ဂိုးအထိ ခြင္႔ျပဳခဲ့ရတာေၾကာင္႔ လာမယ္႔ဇန္န၀ါရီ အေျပာင္းအေရႊ ႔မွာ အသင္းရဲ ႔ခံစစ္ပိုင္းကို အားျဖည္႔ဖို႔ ျပင္ဆင္လာခဲ့တာျဖစ္ၿပီး ဒါေလာဒ္႔ကို ပစ္မွတ္ထားလာခဲ့တာပါ။ဒါေလာဒ္႔ ဟာ မၾကာေသးခင္ကလည္း ေပၚတူဂီ လက္ေရြးစင္အတြက္ ပါ၀င္ကစားခြင္႔ရေနတာျဖစ္ပါတယ္။

ဒါေလာဒ္႔ ဟာ ဘယ္ေနာက္ခံလူအျဖစ္ေရာ ညာေနာက္ခံလူအျဖစ္ေရာ ကစားႏိုင္သလို ေတာင္ပံတိုက္စစ္ေတြမွာလည္း ကစားႏိုင္တဲ႔ အျပင္ အီတလီမွာ ကစားခဲ့တဲ႔ အေတြ႔အၾကံဳေၾကာင္႔ ေမာ္ရင္ဟို က ေခၚယူဖို႔ ၾကိဳးစားခဲ့တာလည္းျဖစ္ပါတယ္။