ခြေစစ်ပွဲမအောင်သေးတာတောင် အီတလီ ကမ္ဘာ့ဖလားရနိုင်တယ်လို့ ပြောနေတဲ့ နည်းပြ မန်စီနီ

အီတလီ အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ တိုက်ရိုက်မအောင်မြင်သေးပေမယ့် ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ ယုံကြည်မှုရှိနေဆဲဖြစ်တယ်လို့ နည်းပြ မန်စီနီ က ပြောလိုက်ပါတယ်။အီတလီ ဟာ ဒီမနက်က ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ မြောက်အိုင်ယာလန် နဲ့ ဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။

အီတလီ အသင်းဟာ သရေကျခဲ့တာကြောင့် (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ အတွက် ပလေးအောဖ့် အဆင့် ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ရတော့မှာပါ။ဒါပေမယ့် မန်စီနီ ကတော့ ကမ္ဘာ့ဖလားရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ယူရိုချန်ပီယံ အီတလီ အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ(၂)ပွဲလုံးကို သရေရလဒ်တွေသာ ရရှိခဲ့တာကြောင့် အခုလို ခြေစစ်ပွဲတိုက်ရိုက်မအောင်မြင်နိုင်တော့တာပါ။ဆွဇ်ဇာလန် အသင်းကတော့ နိုင်ပွဲရခဲ့တဲ့ အတွက် တိုက်ရိုက်အောင်မြင်သွားခဲ့တာဖြစ်ပါတယ်။

မန်စီနီ က”အခု ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှမလုပ်နိုင်သေးပါဘူး။မတ်လမှာ ပွဲကစားရမှာဖြစ်ပြီး အဲ့ဒီအတွက် အစွမ်းကုန်ကြိုးစားသွားရတော့မှာပါ”

“ကျွန်တော်တို့ဟာ ဘောလုံးပိုင်ဆိုင်မှုနဲ့ အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးသွင်းနိုင်ဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။မြောက်အိုင်ယာလန် အသင်းသားတွေဟာ ခံစစ်ကစားခဲ့ကြပြီး သူတို့ကို ဖြိုခွဲပစ်နိုင်ဖို့ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်”

“ကျွန်တော်တို့ ဟာ ကိုယ့်ရဲ့အသွင်အပြင်လက္ခဏာ ကို ပြန်လည်ရှာဖွေနိုင်ဖို့ လိုအပ်ပါတယ်။အဆုံးအဖြတ်ပွဲတွေမှာ ပင်နယ်တီ(၂)ကြိမ်လွဲခဲ့ပါတယ်။အဲ့ဒါကြောင့် အနိုင်ရဖို့ အခွင့်အရေးရှိနေတယ်ဆိုတာကို ပြသနေတာလည်းဖြစ်ပါတယ်။အခုတော့ မတ်လအတွက် ပြင်ဆင်ရပါမယ်”

“ပလေးအောဖ့်ပွဲစဉ်တွေကို ယုံကြည်မှုအပြည့်နဲ့ သွားရပါမယ်။မတ်လမှာ ကျွန်တော်တို့ရဲ့နေရာအတွက် စာရင်းသွင်းပါမယ်။ဒီပြိုင်ပွဲကိုလည်း အနိုင်ရမယ်ဆိုတာယုံကြည်ပါတယ်”လို့ ဆိုခဲ့ပါတယ်။အီတလီ အသင်းဟာ (၂၀၁၈) တုန်းက ပလေးအောဖ့်အဆင့်မှာ အရေးနိမ့်ပြီး ကမ္ဘာ့ဖလားဝင်ခွင့်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

Zawgyi

အီတလီ အသင္းဟာ ကမၻာ့ဖလားၿပိဳင္ပြဲေျခစစ္ပြဲ တိုက္ရိုက္မေအာင္ျမင္ေသးေပမယ့္ ကမၻာ့ဖလားကို ရယူနိုင္ဖို႔ ယုံၾကည္မႈရွိေနဆဲျဖစ္တယ္လို႔ နည္းၿပ မန္စီနီ က ေျပာလိုက္ပါတယ္။အီတလီ ဟာ ဒီမနက္က ကစားခဲ့တဲ့ အုပ္စုေနာက္ဆုံးပြဲမွာ ေျမာက္အိုင္ယာလန္ နဲ႔ ဂိုးမရွိသေရက်ခဲ့တာျဖစ္ပါတယ္။

အီတလီ အသင္းဟာ သေရက်ခဲ့တာေၾကာင့္ (၂၀၂၂) ကမၻာ့ဖလားၿပိဳင္ပြဲ ယွဥ္ၿပိဳင္ခြင့္ရဖို႔ အတြက္ ပေလးေအာဖ့္ အဆင့္ ပြဲစဥ္ေတြ ဆက္လက္ယွဥ္ၿပိဳင္ရေတာ့မွာပါ။ဒါေပမယ့္ မန္စီနီ ကေတာ့ ကမၻာ့ဖလားရယူနိုင္ဖို႔ ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။

ယူရိုခ်န္ပီယံ အီတလီ အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲ(၂)ပြဲလုံးကို သေရရလဒ္ေတြသာ ရရွိခဲ့တာေၾကာင့္ အခုလို ေျခစစ္ပြဲတိုက္ရိုက္မေအာင္ျမင္နိုင္ေတာ့တာပါ။ဆြဇ္ဇာလန္ အသင္းကေတာ့ နိုင္ပြဲရခဲ့တဲ့ အတြက္ တိုက္ရိုက္ေအာင္ျမင္သြားခဲ့တာျဖစ္ပါတယ္။

မန္စီနီ က”အခု ဒါနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ ဘာမွမလုပ္နိုင္ေသးပါဘူး။မတ္လမွာ ပြဲကစားရမွာျဖစ္ၿပီး အဲ့ဒီအတြက္ အစြမ္းကုန္ႀကိဳးစားသြားရေတာ့မွာပါ”

“ကၽြန္ေတာ္တို႔ဟာ ေဘာလုံးပိုင္ဆိုင္မႈနဲ႔ အခြင့္အေရးေတြရခဲ့ေပမယ့္ ဂိုးသြင္းနိုင္ဖို႔ေတာ့ ႐ုန္းကန္ခဲ့ရပါတယ္။ေျမာက္အိုင္ယာလန္ အသင္းသားေတြဟာ ခံစစ္ကစားခဲ့ၾကၿပီး သူတို႔ကို ၿဖိဳခြဲပစ္နိုင္ဖို႔ ကၽြန္ေတာ္တို႔ ႐ုန္းကန္ခဲ့ရပါတယ္”

“ကၽြန္ေတာ္တို႔ ဟာ ကိုယ့္ရဲ့အသြင္အျပင္လကၡဏာ ကို ျပန္လည္ရွာေဖြနိုင္ဖို႔ လိုအပ္ပါတယ္။အဆုံးအျဖတ္ပြဲေတြမွာ ပင္နယ္တီ(၂)ႀကိမ္လြဲခဲ့ပါတယ္။အဲ့ဒါေၾကာင့္ အနိုင္ရဖို႔ အခြင့္အေရးရွိေနတယ္ဆိုတာကို ျပသေနတာလည္းျဖစ္ပါတယ္။အခုေတာ့ မတ္လအတြက္ ျပင္ဆင္ရပါမယ္”

“ပေလးေအာဖ့္ပြဲစဥ္ေတြကို ယုံၾကည္မႈအျပည့္နဲ႔ သြားရပါမယ္။မတ္လမွာ ကၽြန္ေတာ္တို႔ရဲ့ေနရာအတြက္ စာရင္းသြင္းပါမယ္။ဒီၿပိဳင္ပြဲကိုလည္း အနိုင္ရမယ္ဆိုတာယုံၾကည္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။အီတလီ အသင္းဟာ (၂၀၁၈) တုန္းက ပေလးေအာဖ့္အဆင့္မွာ အေရးနိမ့္ၿပီး ကမၻာ့ဖလားဝင္ခြင့္ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။