ဟာရီကိန်း ကို လူစားမလဲရင် ရွန်နီက သူ့ကို ဖုန်းဆက်လာတော့မယ်လို့ နောက်ပြောင်ခဲ့တဲ့ ဆောက်ဂိတ်

အင်္ဂလန် အသင်းနည်းပြ ဆောက်ဂိတ် က ဆန်မာရီနို ကို ဂိုးပြတ်အနိုင်ရတဲ့ ပွဲမှာ ဝိန်းရွန်နီ က သူ့ကို ဖုန်းဆက်လာမှာစိုးလို့ ဟာရီကိန်း ကို လူစားလဲခဲ့ရတာဖြစ်တယ်လို့  နောက်ပြောင်ပြောသွားခဲ့ပါတယ်။အင်္ဂလန် အသင်းဟာ ဆန်မာရီနို နဲ့ ကစားခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ (၁၀)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အင်္ဂလန်ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ခွင့်ရရှိ သွားခဲ့တာပါ။အသင်းခေါင်းဆောင် ဟာရီကိန်း ဟာ ဒီပွဲမှာ (၁၅)မိနစ်တည်းနဲ့ (၄)ဂိုးသွင်း ယူနိုင်ခဲ့ပြီးခြေစွမ်းပြသနိုင်ခဲ့ပေမယ့် နည်းပြ ကတော့ ပွဲချိန်(၆၃)မိနစ်မှာ လူစားလဲခဲ့တာပါ။

ဟာရီကိန်းဟာ ဒီပွဲမှာ (၄)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဂယ်ရီလိုင်နီကာ ရဲ့သွင်းဂိုး(၄၈)ဂိုးနဲ့ တူညီသွားခဲ့ပြီး အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ဝိန်းရွန်နီ ရဲ့သွင်းဂိုးကို လိုက်မှီဖို့ (၅)ဂိုးသာလိုတော့တာလည်းဖြစ်ပါတယ်။

ဟာရီကိန်း ဟာ ဝိန်းရွန်နီ ရဲ့သွင်းဂိုးကို ကျော်ဖြတ်ချင်လို့ ဆန်မာရီနို နဲ့ ပွဲမှာ သူ့ကို ပါ၀င်ကစားစေဖို့ နည်းပြ ဆောက်ဂိတ်ကို တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဆောက်ဂိတ် က “တကယ်လို့ ဟာရီကိန်းကို ကွင်းထဲမှာနောက်ထပ်နာရီ၀က်လောက် ထပ်ပြီးထားခဲ့မယ်ဆိုရင် ဝိန်းရွန်နီရဲ့မိသားစု ကျွန်တော့်ကို  ဖုန်းဆက်လာ‌တော့မှာပါ”လို့ နောက်ပြောင်ပြောခဲ့ပါတယ်။

ဆောက်ဂိတ်က “ဟာရီကိန်း ဟာ အံမခန်းဖွယ်ရာဂိုးသွင်းနိုင်တဲ့သူဖြစ်ပြီး၊ ဂိုးတွေအများကြီးရနိုင်တဲ့ ပွဲတွေမှာ သူဟာ အခွင့်အရေးတွေသိပ်ပြီးမရခဲ့ပါဘူး။အဲ့ဒါ‌ကြောင့် ဒီပွဲမှာတော့ သူ့ကို အခွင့်အရေးပေးခဲ့ပြီး သူလည်းကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းဟာ အခုနှစ်ထဲမှာ (၁၆)ဂိုးအထိ သွင်းယူခဲ့ကာ ပြက္ခဒိန်နှစ်တနှစ်အတွင်း ဂိုးအများဆုံးသွင်းယူနိုင်တဲ့ အင်္ဂလန်ကစားသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒါ့အပြင် ဟာရီကိန်း ဟာ လက်ရွေးစင်အတွက် နောက်ဆုံး (၂)ပွဲလုံး ဟတ်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် နှစ်ပေါင်း(၆၄)နှစ်အကြာက မှတ်တမ်းတခုကိုလည်း လိုက်မှီနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

အဂၤလန္ အသင္းနည္းၿပ ေဆာက္ဂိတ္ က ဆန္မာရီနို ကို ဂိုးျပတ္အနိုင္ရတဲ့ ပြဲမွာ ဝိန္းရြန္နီ က သူ႔ကို ဖုန္းဆက္လာမွာစိုးလို႔ ဟာရီကိန္း ကို လူစားလဲခဲ့ရတာျဖစ္တယ္လို႔  ေနာက္ေျပာင္ေျပာသြားခဲ့ပါတယ္။အဂၤလန္ အသင္းဟာ ဆန္မာရီနို နဲ႔ ကစားခဲ့တဲ့ (၂၀၂၂) ကမၻာ့ဖလားေျခစစ္ပြဲ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ (၁၀)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အနိုင္ရခဲ့တာျဖစ္ပါတယ္။

ဒီနိုင္ပြဲေၾကာင့္ အဂၤလန္ကမၻာ့ဖလားၿပိဳင္ပြဲ ၀င္ခြင့္ရရွိ သြားခဲ့တာပါ။အသင္းေခါင္းေဆာင္ ဟာရီကိန္း ဟာ ဒီပြဲမွာ (၁၅)မိနစ္တည္းနဲ႔ (၄)ဂိုးသြင္း ယူနိုင္ခဲ့ၿပီးေျခစြမ္းျပသနိုင္ခဲ့ေပမယ့္ နည္းၿပ ကေတာ့ ပြဲခ်ိန္(၆၃)မိနစ္မွာ လူစားလဲခဲ့တာပါ။

ဟာရီကိန္းဟာ ဒီပြဲမွာ (၄)ဂိုးသြင္းယူနိုင္ခဲ့တာေၾကာင့္ ဂယ္ရီလိုင္နီကာ ရဲ့သြင္းဂိုး(၄၈)ဂိုးနဲ႔ တူညီသြားခဲ့ၿပီး အဂၤလန္လက္ေရြးစင္ အသင္းရဲ့ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္တဲ့ ဝိန္းရြန္နီ ရဲ့သြင္းဂိုးကို လိုက္မွီဖို႔ (၅)ဂိုးသာလိုေတာ့တာလည္းျဖစ္ပါတယ္။

ဟာရီကိန္း ဟာ ဝိန္းရြန္နီ ရဲ့သြင္းဂိုးကို ေက်ာ္ျဖတ္ခ်င္လို႔ ဆန္မာရီနို နဲ႔ ပြဲမွာ သူ႔ကို ပါ၀င္ကစားေစဖို႔ နည္းၿပ ေဆာက္ဂိတ္ကို ေတာင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။

ေဆာက္ဂိတ္ က “တကယ္လို႔ ဟာရီကိန္းကို ကြင္းထဲမွာေနာက္ထပ္နာရီ၀က္ေလာက္ ထပ္ၿပီးထားခဲ့မယ္ဆိုရင္ ဝိန္းရြန္နီရဲ့မိသားစု ကၽြန္ေတာ့္ကို  ဖုန္းဆက္လာ‌ေတာ့မွာပါ”လို႔ ေနာက္ေျပာင္ေျပာခဲ့ပါတယ္။

ေဆာက္ဂိတ္က “ဟာရီကိန္း ဟာ အံမခန္းဖြယ္ရာဂိုးသြင္းနိုင္တဲ့သူျဖစ္ၿပီး၊ ဂိုးေတြအမ်ားႀကီးရနိုင္တဲ့ ပြဲေတြမွာ သူဟာ အခြင့္အေရးေတြသိပ္ၿပီးမရခဲ့ပါဘူး။အဲ့ဒါ‌ေၾကာင့္ ဒီပြဲမွာေတာ့ သူ႔ကို အခြင့္အေရးေပးခဲ့ၿပီး သူလည္းေကာင္းမြန္စြာ လုပ္ေဆာင္နိုင္ခဲ့ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

ဟာရီကိန္းဟာ အခုႏွစ္ထဲမွာ (၁၆)ဂိုးအထိ သြင္းယူခဲ့ကာ ျပကၡဒိန္ႏွစ္တႏွစ္အတြင္း ဂိုးအမ်ားဆုံးသြင္းယူနိုင္တဲ့ အဂၤလန္ကစားသမားအျဖစ္လည္း မွတ္တမ္းတင္နိုင္ခဲ့ပါတယ္။ဒါ့အျပင္ ဟာရီကိန္း ဟာ လက္ေရြးစင္အတြက္ ေနာက္ဆုံး (၂)ပြဲလုံး ဟတ္ထရစ္သြင္းယူနိုင္ခဲ့တာေၾကာင့္ ႏွစ္ေပါင္း(၆၄)ႏွစ္အၾကာက မွတ္တမ္းတခုကိုလည္း လိုက္မွီနိုင္ခဲ့တာလည္းျဖစ္ပါတယ္။