ဘာစီလိုနာ ဂျာစီ၀တ်လိုက်တဲ့အချိန်မှာ စူပါဟီးရိုးတဦးလို ခံစားရတယ်ဆိုတဲ့ အဲလ်ဗတ်စ်

ဒန်နီအဲလ်ဗတ်စ် ကတော့ ဘာစီလိုနာ အသင်းမှာ တကျော့ပြန်ကစားဖို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အသက်(၃၈)နှစ်အရွယ်ရှိ ညာနောက်ခံလူဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာ ကို ပြန်ရောက်လာခဲ့တာဖြစ်ပြီး ဇန်နဝါရီမှာ အသင်းအတွက် ပွဲထွက်ခွင့်ရတော့မှာဖြစ်ပါတယ်။

အဲလ်ဗတ်စ် ဟာ ဘာစီလိုနာ အသင်း သမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေထဲက တဦးဖြစ်ခဲ့ပြီး အခက်အခဲတွေကြုံတွေ့နေရတဲ့ အသင်းအတွက် အရာအားလုံးပေးဆပ်သွားမယ်လို့ ကတိပေးခဲ့ တာလည်းဖြစ်ပါတယ်။

အဲလ်ဗတ်စ် က “ကျွန်တော်ဟာ ဘ၀တလျှောက်လုံး အလုပ်ကို ကြိုးကြိုးစားစားလုပ်ခဲ့ပြီး အခု ဘာစီလိုနာ ကို တိုးတက်အောင်ကူညီပေးဖို့ ဒီကို ရောက်ရှိနေပါပြီ။ဒါဟာ မယုံနိုင်စရာကောင်းတဲ့ စိန်ခေါ်မှုဖြစ်ပြီး ဒါကို ကျွန်တော် သဘောကျပါတယ်”

“ဒီဂျာစီကို ၀တ်ဆင်လိုက်တဲ့အချိန်မှာ စူပါဟီးရိုးတဥိီးလို ခံစားရပါတယ်။ကျွန်တော်တို့ အားလုံး ချစ်ခင်ခဲ့ကြတဲ့ ဘာကာကို ကယ်တင်နိုင်ဖို့ ကျွန်တော်ကြိုးစားပါမယ်။အမှားတွေအတွက်ကတော့ အနားသတ်တွေ လည်းမရှိပါဘူး။ဒါက အလွန်ကောင်းမွန်တဲ့ အခွင့်အရေးပါပဲ”

“ကျွန်တော့်ရဲ့အောင်မြင်ချင်တဲ့ စိတ်ဓါတ်(၅၀)ရာခိုင်နှုန်းကျော်ကို ဒီမှာ ထုတ်ပေးနိုင်ခဲ့ပါတယ်။ဒီမှာ ကျွန်တော့်အတွက် အိမ်တအိမ်ရှိပါသေးတယ်။ကျွန်တော့်မိသားစုအချို့နေနေပါတယ်။ပြန်လာမယ်ဆိုတာ မလွှဲမသွေပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြ ရော်နယ်လ်ကိုးမန်း ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ဇာဗီ ကို နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ကစားသမားဟောင်း ဇာဗီ ကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက် အသင်းဖော်ဟောင်း အဲလ်ဗတ်စ် ကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အဲလ်ဗတ်စ် ဟာ ဘာစီလိုနာ အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက လာလီဂါဖလား(၆)ကြိမ်၊ချန်ပီယံလိဂ်ဖလား (၃)ကြိမ်အပါအ၀င် ဆုဖလားအများအပြားကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲလ်ဗတ်စ် ဟာ ဘာစီလိုနာ ကနေ ထွက်ခွာပြီးနောက်မှာ ဂျုဗင်တပ်စ်၊ပီအက်စ်ဂျီနဲ့ ဆာအိုပေါ်လို အသင်းတွေမှာ ကစားခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

ဒန္နီအဲလ္ဗတ္စ္ ကေတာ့ ဘာစီလိုနာ အသင္းမွာ တေက်ာ့ျပန္ကစားဖို႔ ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ အသက္(၃၈)ႏွစ္အရြယ္ရွိ ညာေနာက္ခံလူဟာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဘာစီလိုနာ ကို ျပန္ေရာက္လာခဲ့တာျဖစ္ၿပီး ဇန္နဝါရီမွာ အသင္းအတြက္ ပြဲထြက္ခြင့္ရေတာ့မွာျဖစ္ပါတယ္။

အဲလ္ဗတ္စ္ ဟာ ဘာစီလိုနာ အသင္း သမိုင္းတေလၽွာက္ အေကာင္းဆုံးကစားသမားေတြထဲက တဦးျဖစ္ခဲ့ၿပီး အခက္အခဲေတြၾကဳံေတြ႕ေနရတဲ့ အသင္းအတြက္ အရာအားလုံးေပးဆပ္သြားမယ္လို႔ ကတိေပးခဲ့ တာလည္းျဖစ္ပါတယ္။

အဲလ္ဗတ္စ္ က “ကၽြန္ေတာ္ဟာ ဘ၀တေလၽွာက္လုံး အလုပ္ကို ႀကိဳးႀကိဳးစားစားလုပ္ခဲ့ၿပီး အခု ဘာစီလိုနာ ကို တိုးတက္ေအာင္ကူညီေပးဖို႔ ဒီကို ေရာက္ရွိေနပါၿပီ။ဒါဟာ မယုံနိုင္စရာေကာင္းတဲ့ စိန္ေခၚမႈျဖစ္ၿပီး ဒါကို ကၽြန္ေတာ္ သေဘာက်ပါတယ္”

“ဒီဂ်ာစီကို ၀တ္ဆင္လိုက္တဲ့အခ်ိန္မွာ စူပါဟီးရိုးတဥိီးလို ခံစားရပါတယ္။ကၽြန္ေတာ္တို႔ အားလုံး ခ်စ္ခင္ခဲ့ၾကတဲ့ ဘာကာကို ကယ္တင္နိုင္ဖို႔ ကၽြန္ေတာ္ႀကိဳးစားပါမယ္။အမွားေတြအတြက္ကေတာ့ အနားသတ္ေတြ လည္းမရွိပါဘူး။ဒါက အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးပါပဲ”

“ကၽြန္ေတာ့္ရဲ့ေအာင္ျမင္ခ်င္တဲ့ စိတ္ဓါတ္(၅၀)ရာခိုင္ႏႈန္းေက်ာ္ကို ဒီမွာ ထုတ္ေပးနိုင္ခဲ့ပါတယ္။ဒီမွာ ကၽြန္ေတာ့္အတြက္ အိမ္တအိမ္ရွိပါေသးတယ္။ကၽြန္ေတာ့္မိသားစုအခ်ိဳ႕ေနေနပါတယ္။ျပန္လာမယ္ဆိုတာ မလႊဲမေသြပါပဲ”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ ရလဒ္ဆိုးေတြေၾကာင့္ နည္းၿပ ေရာ္နယ္လ္ကိုးမန္း ကို ရာထူးကေန ထုတ္ပယ္ၿပီးေနာက္ ဇာဗီ ကို နည္းျပသစ္အျဖစ္ ျပန္လည္ခန္႔အပ္ခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းဟာ ကစားသမားေဟာင္း ဇာဗီ ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ၿပီးေနာက္ အသင္းေဖာ္ေဟာင္း အဲလ္ဗတ္ဟ္ ကို ျပန္လည္ေခၚယူခဲ့တာျဖစ္ပါတယ္။

အဲလ္ဗတ္စ္ ဟာ ဘာစီလိုနာ အသင္းမွာ ပထမအႀကိမ္ကစားခဲ့တုန္းက လာလီဂါဖလား(၆)ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား (၃)ႀကိမ္အပါအ၀င္ ဆုဖလားအမ်ားအျပားကို ရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။အဲလ္ဗတ္စ္ ဟာ ဘာစီလိုနာ ကေန ထြက္ခြာၿပီးေနာက္မွာ ဂ်ဳဗင္တပ္စ္၊ပီအက္စ္ဂ်ီနဲ႔ ဆာအိုေပၚလို အသင္းေတြမွာ ကစားခဲ့တာလည္းျဖစ္ပါတယ္။