သမ္မတ က ပေးတဲ့ ဆုကြေးငွေအားလုံးကို ပြန်လှူပြီး မြင့်မြတ်တဲ့ စိတ်ထားကို ပြခဲ့တဲ့ ဆားဘီးယား

ဆားဘီးယား အသင်းသားတွေဟာ ပေါ်တူဂီ အသင်းကို အနိုင်ရပြီး (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်ခဲ့လို့ သမ္မတက ပေးတဲ့ ဆုကြေးငွေအားလုံးကို ပြန်လှူဒါန်းခဲ့ပါတယ်။

ဆားဘီးယား သမ္မတက (၂၀၂၂) ကမ္ဘာ့ဖလားဝင်ခွင့်ကို တိုက်ရိုက်ရရှိမယ်ဆိုရင် ‌ဆုကြေးအဖြစ် ယူရို(၁)သန်းပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ဆားဘီးယား ကစားသမားတွေကလည်းဒီပွဲမှာ အကောင်းဆုံးကြိုးစားခဲ့ပြီး ပွဲချိန်မိနစ်(၉၀)မှာ မီထရိုဗစ် က အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဆားဘီးယား အသင်းဟာ ပေါ်တူဂီ အသင်း ပရိသတ်တွေရှေ့မှောက်မှာ အိမ်ရှင် အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်သွားခဲ့တာဖြစ်ပါတယ်။

ဆားဘီးယား သမ္မတကလည်း ပေးထားတဲ့ ကတိအတိုင်း ယူရို(၁)သန်းပေးခဲ့တာပါ။ဆားဘီးယား ကစားသမားတွေဟာ ဒီဆုကြေးတွေ အားလုံးကို နားမကျန်းဖြစ်နေတဲ့ ကလေးငယ်တွေကို ကုသပေးဖို့ လှူဒါန်းခဲ့တာပါ။

ဆားဘီးယား ကစားသမားတွေရဲ့မြင့်မြတ်တဲ့ လုပ်ရပ်အပေါ် အများအပြားက ချီးကျုးဂုဏ်ပြုမှုတွေလည်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဆားဘီးယား အသင်းဟာ သရေကျရင် ပလေးအောဖ့် ကစားရမယ့် အနေအထားကနေ အနိုင်ယူခဲ့လို့ ကမ္ဘာ့ဖလားလည်း တိုက်ရိုက်ဝင်ခွင့်ရခဲ့သလို ရခဲ့တဲ့ ဆုကြေးငွေတွေကိုလည်း လိုအပ်တဲ့နေရာကို လှူဒါန်းခဲ့လို့ ချီးကျုးခံနေရတာပါ။

ဆားဘီးယား အသင်းဟာ နောက်ဆုံးကစားခဲ့တြဲ ကမ္ဘာ့ဖလားပြိုင်ပွဲ(၃)ကြိမ်လုံး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပြီး ဒီတကြိမ်မှာရော ဘယ်လောက်ထိရောက်အောင်သွားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Zawgyi

ဆားဘီးယား အသင္းသားေတြဟာ ေပၚတူဂီ အသင္းကို အနိုင္ရၿပီး (၂၀၂၂) ကမၻာ့ဖလားေျခစစ္ပြဲ တိုက္ရိုက္ေအာင္ခဲ့လို႔ သမၼတက ေပးတဲ့ ဆုေၾကးေငြအားလုံးကို ျပန္လႉဒါန္းခဲ့ပါတယ္။

ဆားဘီးယား သမၼတက (၂၀၂၂) ကမၻာ့ဖလားဝင္ခြင့္ကို တိုက္ရိုက္ရရွိမယ္ဆိုရင္ ‌ဆုေၾကးအျဖစ္ ယူရို(၁)သန္းေပးမယ္လို႔ ကတိေပးခဲ့တာျဖစ္ပါတယ္။ဆားဘီးယား ကစားသမားေတြကလည္းဒီပြဲမွာ အေကာင္းဆုံးႀကိဳးစားခဲ့ၿပီး ပြဲခ်ိန္မိနစ္(၉၀)မွာ မီထရိုဗစ္ က အနိုင္ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ဆားဘီးယား အသင္းဟာ ေပၚတူဂီ အသင္း ပရိသတ္ေတြေရွ႕ေမွာက္မွာ အိမ္ရွင္ အသင္းကို (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရၿပီး ကမၻာ့ဖလား ေျခစစ္ပြဲကို တိုက္ရိုက္ေအာင္ျမင္သြားခဲ့တာျဖစ္ပါတယ္။

ဆားဘီးယား သမၼတကလည္း ေပးထားတဲ့ ကတိအတိုင္း ယူရို(၁)သန္းေပးခဲ့တာပါ။ဆားဘီးယား ကစားသမားေတြဟာ ဒီဆုေၾကးေတြ အားလုံးကို နားမက်န္းျဖစ္ေနတဲ့ ကေလးငယ္ေတြကို ကုသေပးဖို႔ လႉဒါန္းခဲ့တာပါ။

ဆားဘီးယား ကစားသမားေတြရဲ့ျမင့္ျမတ္တဲ့ လုပ္ရပ္အေပၚ အမ်ားအျပားက ခ်ီးက်ဳးဂုဏ္ျပဳမႈေတြလည္း ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ဆားဘီးယား အသင္းဟာ သေရက်ရင္ ပေလးေအာဖ့္ ကစားရမယ့္ အေနအထားကေန အနိုင္ယူခဲ့လို႔ ကမၻာ့ဖလားလည္း တိုက္ရိုက္ဝင္ခြင့္ရခဲ့သလို ရခဲ့တဲ့ ဆုေၾကးေငြေတြကိုလည္း လိုအပ္တဲ့ေနရာကို လႉဒါန္းခဲ့လို႔ ခ်ီးက်ဳးခံေနရတာပါ။

ဆားဘီးယား အသင္းဟာ ေနာက္ဆုံးကစားခဲ့ၾတဲ ကမၻာ့ဖလားၿပိဳင္ပြဲ(၃)ႀကိမ္လုံး အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတာျဖစ္ၿပီး ဒီတႀကိမ္မွာေရာ ဘယ္ေလာက္ထိေရာက္ေအာင္သြားမလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။