ကမ္ဘာ့ဖလားပြိုင်ပွဲကို ပရိသတ်အနေနဲ့သာ ကြည့်ခွင့်ရတော့မယ့် ဟာလန်း

နော်ဝေ အသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နယ်သာလန် အသင်းနဲ့ ကစားခဲ့ရာ (၂)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။အဲ့ဒါကြောင့် အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဟာလန်း ကတော့ လာမယ့် ကမ္ဘာ့ဖလားကစားခွင့်ရဖို့ မျှော်လင့်နေတဲ့ သူ့ရဲ့အိမ်မက်ကတော့ ပျက်ပြယ်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

နော်ဝေ အသင်းဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၈၄)မိနစ်အထိ နယ်သာလန် အသင်းကို ဂိုးမရှိသရေကျအောင် ကစားနိုင်ခဲ့ပေမယ့် (၈၄)မိနစ်မှာ ဘာ့ဂ်ျ၀င်းနဲ့ မိနစ်(၉၀)ကျော်ပြီး နာကျင်အချိန်ပို (၁)မိနစ်မှာ ဒီပိုင်းတို့ က နယ်သာလန် အတွက် အနိုင်ဂိုးတွေသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တူရကီ အသင်းကလည်း မွန်တီနီဂရိုး အသင်းကို အနိုင်ရခဲ့တာကြောင့် နော်ဝေ အသင်းဟာ အုပ်စု တတိယနဲ့ ပဲ ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ အိမ်မက်တွေ ပျက်ဆီးသွားခဲ့ရတာပါ။နယ်သာလန် အသင်းကတော့ (၂၀၁၄)နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကစားခွင့်ပြန်ရခဲ့ပြီး တူရကီ က ပလေးအောဖ့် ကစားရမှာဖြစ်ပါတယ်။

နော်ဝေ အသင်းဟာ နယ်သာလန် နဲ့ ပွဲမတိုင်ခင် ကစားခဲ့တဲ့ လတ်ဗီးယား နဲ့ ပွဲမှာ သရေသာ ရခဲ့တာကြောင့်လည်း အခုလို ခြေစစ်ပွဲအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ဒဏ်ရာပြသနာကြောင့် နော်ဝေ အသင်းအတွက် မပါ၀င်နိုင်ခဲ့တဲ့ ဟာလန်း အတွက်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို မကစားရဘဲ ပရိသတ်တဦးအနေနဲ့ ထိုင်ကြည့်နေရမှာက စိတ်ပျက်စရာလည်းဖြစ်ပါတယ်။

ဟာလန်းနဲ့ နော်ဝေ အတွက်တော့ ယူရိုပြိုင်ပွဲမှာလည်း မပါ၀င်ခဲ့ရတာကြောင့် ပြိုင်ပွဲကြီး(၂)ခုဆက်တိုက် ကို မပါ၀င်ခဲ့ရတာလည်းဖြစ်ခဲ့ပါတယ်။အသက်(၂၁)နှစ်အရွယ်ရှိ ဟာလန်း အတွက်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခွင့်ရဖို့ အတွက် နောက်ထပ်(၄)နှစ် (၂၀၂၆)အထိ စောင့်ဆိုင်းရတော့မှာပါ။

နော်ဝေ အသင်းဟာ (၁၉၉၈) က ပြင်သစ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ဆုံးပါ၀င်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် မပါ၀င်ရတာ နှစ်ပေါင်း(၂၀)ကျော်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ နော်ဝေ အသင်းဟာ (၁၆)သင်းအဆင့်ထိ တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘောလုံးလောကရဲ့နာမည်ကြီး ကစားသမားအချို့ဟာ ကစားသမားဘ၀အနားယူသွားတဲ့အထိ ဒီလိုပြိုင်ပွဲကြီးတွေ မကစားခဲ့ရတဲ့ သာဓကတွေရှိတာကြောင့် ဟာလန်း အနေနဲ့ ဒီလိုမျိုးမဖြစ်အောင် နောက်လာမယ့် ပြိုင်ပွဲတွေမှာ နော်ဝေအတွက် အစွမ်းကုန်ကြိုးစားပေးရဖွယ်လည်းရှိနေတာဖြစ်ပါတယ်။

Zawgyi

ေနာ္ေဝ အသင္းကေတာ့ ဒီမနက္က ကစားခဲ့တဲ့ (၂၀၂၂) ကမၻာ့ဖလားေျခစစ္ပြဲ အုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ နယ္သာလန္ အသင္းနဲ႔ ကစားခဲ့ရာ (၂)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္သြားခဲ့ပါတယ္။အဲ့ဒါေၾကာင့္ အသင္းႀကီးေတြရဲ့ပစ္မွတ္ျဖစ္ေနတဲ့ ဟာလန္း ကေတာ့ လာမယ့္ ကမၻာ့ဖလားကစားခြင့္ရဖို႔ ေမၽွာ္လင့္ေနတဲ့ သူ႔ရဲ့အိမ္မက္ကေတာ့ ပ်က္ျပယ္သြားခဲ့ၿပီလည္းျဖစ္ပါတယ္။

ေနာ္ေဝ အသင္းဟာ ဒီပြဲစဥ္ရဲ့ပြဲခ်ိန္(၈၄)မိနစ္အထိ နယ္သာလန္ အသင္းကို ဂိုးမရွိသေရက်ေအာင္ ကစားနိုင္ခဲ့ေပမယ့္ (၈၄)မိနစ္မွာ ဘာ့ဂ္်၀င္းနဲ႔ မိနစ္(၉၀)ေက်ာ္ၿပီး နာက်င္အခ်ိန္ပို (၁)မိနစ္မွာ ဒီပိုင္းတို႔ က နယ္သာလန္ အတြက္ အနိုင္ဂိုးေတြသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ တူရကီ အသင္းကလည္း မြန္တီနီဂရိုး အသင္းကို အနိုင္ရခဲ့တာေၾကာင့္ ေနာ္ေဝ အသင္းဟာ အုပ္စု တတိယနဲ႔ ပဲ ကမၻာ့ဖလား ကစားခြင့္ရဖို႔ အိမ္မက္ေတြ ပ်က္ဆီးသြားခဲ့ရတာပါ။နယ္သာလန္ အသင္းကေတာ့ (၂၀၁၄)ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကမၻာ့ဖလားကစားခြင့္ျပန္ရခဲ့ၿပီး တူရကီ က ပေလးေအာဖ့္ ကစားရမွာျဖစ္ပါတယ္။

ေနာ္ေဝ အသင္းဟာ နယ္သာလန္ နဲ႔ ပြဲမတိုင္ခင္ ကစားခဲ့တဲ့ လတ္ဗီးယား နဲ႔ ပြဲမွာ သေရသာ ရခဲ့တာေၾကာင့္လည္း အခုလို ေျခစစ္ပြဲအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတာပါ။ဒဏ္ရာျပသနာေၾကာင့္ ေနာ္ေဝ အသင္းအတြက္ မပါ၀င္နိုင္ခဲ့တဲ့ ဟာလန္း အတြက္ေတာ့ ကမၻာ့ဖလားၿပိဳင္ပြဲကို မကစားရဘဲ ပရိသတ္တဦးအေနနဲ႔ ထိုင္ၾကည့္ေနရမွာက စိတ္ပ်က္စရာလည္းျဖစ္ပါတယ္။

ဟာလန္းနဲ႔ ေနာ္ေဝ အတြက္ေတာ့ ယူရိုၿပိဳင္ပြဲမွာလည္း မပါ၀င္ခဲ့ရတာေၾကာင့္ ၿပိဳင္ပြဲႀကီး(၂)ခုဆက္တိုက္ ကို မပါ၀င္ခဲ့ရတာလည္းျဖစ္ခဲ့ပါတယ္။အသက္(၂၁)ႏွစ္အရြယ္ရွိ ဟာလန္း အတြက္ေတာ့ ကမၻာ့ဖလားၿပိဳင္ပြဲ ကစားခြင့္ရဖို႔ အတြက္ ေနာက္ထပ္(၄)ႏွစ္ (၂၀၂၆)အထိ ေစာင့္ဆိုင္းရေတာ့မွာပါ။

ေနာ္ေဝ အသင္းဟာ (၁၉၉၈) က ျပင္သစ္မွာ ျပဳလုပ္တဲ့ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ေနာက္ဆုံးပါ၀င္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ မပါ၀င္ရတာ ႏွစ္ေပါင္း(၂၀)ေက်ာ္သြားခဲ့ၿပီလည္းျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲမွာ ေနာ္ေဝ အသင္းဟာ (၁၆)သင္းအဆင့္ထိ တက္ေရာက္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေဘာလုံးေလာကရဲ့နာမည္ႀကီး ကစားသမားအခ်ိဳ႕ဟာ ကစားသမားဘ၀အနားယူသြားတဲ့အထိ ဒီလိုၿပိဳင္ပြဲႀကီးေတြ မကစားခဲ့ရတဲ့ သာဓကေတြရွိတာေၾကာင့္ ဟာလန္း အေနနဲ႔ ဒီလိုမ်ိဳးမျဖစ္ေအာင္ ေနာက္လာမယ့္ ၿပိဳင္ပြဲေတြမွာ ေနာ္ေဝအတြက္ အစြမ္းကုန္ႀကိဳးစားေပးရဖြယ္လည္းရွိေနတာျဖစ္ပါတယ္။