ကမ္ဘာ့ဖလားအတွက် ရော်နယ်ဒို မသေချာချိန်မှာ ကာတာကို သွားနိုင်ခဲ့ပြီဖြစ်တဲ့ မက်ဆီ

အာဂျင်တီးနား အသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘရာဇီးလ် အသင်းကို ဂိုးမရှိသရေကစားပြီး ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ဘရာဇီးလ် အသင်းဟာ ဒီပွဲမတ်ိုင်ခင်တည်းက ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဒီပွဲမှာ မက်ဆီ အပါအ၀င် ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး ဘရာဇီးလ် အသင်းကတော့ အဓိက တိုက်စစ်ကစားသမား နေမာ ဟာ ဒဏ်ရာပြသနာကြောင့် မပါ၀င်နိုင်ခဲ့တာဖြစ်ပါတယ်။အာဂျင်တီးနား အသင်းဟာ ဒီပွဲမှာ ရလဒ်ကောင်းရတာနဲ့ နောက်တဆင့်တက်မှာဖြစ်လို့ မရှုံးနိမ့်ရေးကို ဦးစားပေးခဲ့တာပါ။

ဒီပွဲရဲ့ပွဲပြီးခါနီးမှာ မက်ဆီရဲ့ကန်သွင်းချက်ကောင်းမွန်ခဲ့ပေမယ့် ဘရာဇီးလ် ဂိုးသမား အလီဆန် ကာကွယ်သွားနိုင်ခဲ့လို့ အာဂျင်တီးနား အသင်း အနိုင်ရလဒ်မရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အာဂျင်တီးနား အသင်းဟာ လိုချင်တဲ့ ရမှတ်က်ို ရယူနိုင်ခဲ့ပြီး (၁၃)ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီ အတွက်တော့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံးယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲလည်းဖြစ်နိုင်တာကြောင့် ကမ္ဘာ့ဖလားကို ရယူဖို့ အိမ်မက်တွေကို ဆက်မက်နိုင်ပြီလည်းဖြစ်ပါတယ်။မက်ဆီရဲ့ပြိုင်ဘက်ကြီး ရော်နယ်ဒို ကတော့ ကမ္ဘာ့ဖလား၀င်ခွင့်ရရှိဖို့ ဆက်လက်ရုန်းကန်ရမှာပါ။

ပေါ်တူဂီ အသင်းဟာ ဆားဘီးယား အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ သရေရလဒ်ရရင်တောင် ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မှာဖြစ်ပေမယ့် အိမ်ကွင်းမှာပဲ အံအားသင့်ဖွယ် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပေါ်တူဂီ အသင်းဟာ ကမ္ဘာ့ဖလား၀င်ခွင့်ရဖို့ အတွက် ပလေးအောဖ့်အဆင့် ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ရမှာပါ။ရော်နယ်ဒို အနေနဲ့ သူ့ရဲ့နောက်ဆုံးဖြစ်နိုင်တဲ့ ကမ္ဘာ့ဖလားကို ၀င်ခွင့်ရချင်တယ်ဆိုရင် ပလေးအောဖ့် အဆင့်ပွဲစဉ်ကို အနိုင်ရအောင် စွမ်းဆောင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမား(၂)ဦးလုံး၀င်ရောက်ယှဉ်ပြိုင်မှ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြီးပြည့်စုံပွဲရှိနေတာဖြစ်ပါတယ်။မက်ဆီ ကတော့ ကာတာ ကို သွားဖို့ လတ်မှတ်ရရှိထားပြီးဖြစ်ပြီး ရော်နယ်ဒို ကတော့ မတ်လရောက်မှ ဒီအဖြေကို သိရတော့မှာလည်းဖြစ်ပါတယ်။

Zawgyi

အာဂ်င္တီးနား အသင္းကေတာ့ ဒီမနက္က ကစားခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲမွာ ဘရာဇီးလ္ အသင္းကို ဂိုးမရွိသေရကစားၿပီး ေျခစစ္ပြဲတိုက္ရိုက္ေအာင္ျမင္သြားခဲ့ၿပီျဖစ္ပါတယ္။ဘရာဇီးလ္ အသင္းဟာ ဒီပြဲမတ္ိုင္ခင္တည္းက ေျခစစ္ပြဲတိုက္ရိုက္ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ဒီပြဲမွာ မက္ဆီ အပါအ၀င္ ကစားသမားအစုံအလင္နဲ႔ ပြဲထြက္လာခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ အသင္းကေတာ့ အဓိက တိုက္စစ္ကစားသမား ေနမာ ဟာ ဒဏ္ရာျပသနာေၾကာင့္ မပါ၀င္နိုင္ခဲ့တာျဖစ္ပါတယ္။အာဂ်င္တီးနား အသင္းဟာ ဒီပြဲမွာ ရလဒ္ေကာင္းရတာနဲ႔ ေနာက္တဆင့္တက္မွာျဖစ္လို႔ မရႈံးနိမ့္ေရးကို ဦးစားေပးခဲ့တာပါ။

ဒီပြဲရဲ့ပြဲၿပီးခါနီးမွာ မက္ဆီရဲ့ကန္သြင္းခ်က္ေကာင္းမြန္ခဲ့ေပမယ့္ ဘရာဇီးလ္ ဂိုးသမား အလီဆန္ ကာကြယ္သြားနိုင္ခဲ့လို႔ အာဂ်င္တီးနား အသင္း အနိုင္ရလဒ္မရခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ အာဂ်င္တီးနား အသင္းဟာ လိုခ်င္တဲ့ ရမွတ္က္ို ရယူနိုင္ခဲ့ၿပီး (၁၃)ႀကိမ္ဆက္တိုက္ ကမၻာ့ဖလား ယွဥ္ၿပိဳင္ခြင့္ရရွိသြားခဲ့တာျဖစ္ပါတယ္။

မက္ဆီ အတြက္ေတာ့ ဒီကမၻာ့ဖလားၿပိဳင္ပြဲဟာ ေနာက္ဆုံးယွဥ္ၿပိဳင္တဲ့ ကမၻာ့ဖလားၿပိဳင္ပြဲလည္းျဖစ္နိုင္တာေၾကာင့္ ကမၻာ့ဖလားကို ရယူဖို႔ အိမ္မက္ေတြကို ဆက္မက္နိုင္ၿပီလည္းျဖစ္ပါတယ္။မက္ဆီရဲ့ၿပိဳင္ဘက္ႀကီး ေရာ္နယ္ဒို ကေတာ့ ကမၻာ့ဖလား၀င္ခြင့္ရရွိဖို႔ ဆက္လက္႐ုန္းကန္ရမွာပါ။

ေပၚတူဂီ အသင္းဟာ ဆားဘီးယား အသင္းနဲ႔ ကစားခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ သေရရလဒ္ရရင္ေတာင္ ေျခစစ္ပြဲတိုက္ရိုက္ေအာင္ျမင္မွာျဖစ္ေပမယ့္ အိမ္ကြင္းမွာပဲ အံအားသင့္ဖြယ္ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ေပၚတူဂီ အသင္းဟာ ကမၻာ့ဖလား၀င္ခြင့္ရဖို႔ အတြက္ ပေလးေအာဖ့္အဆင့္ ပြဲစဥ္ေတြ ဆက္လက္ယွဥ္ၿပိဳင္ရမွာပါ။ေရာ္နယ္ဒို အေနနဲ႔ သူ႔ရဲ့ေနာက္ဆုံးျဖစ္နိုင္တဲ့ ကမၻာ့ဖလားကို ၀င္ခြင့္ရခ်င္တယ္ဆိုရင္ ပေလးေအာဖ့္ အဆင့္ပြဲစဥ္ကို အနိုင္ရေအာင္ စြမ္းေဆာင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ကမၻာ့အေကာင္းဆုံးကစားသမား(၂)ဦးလုံး၀င္ေရာက္ယွဥ္ၿပိဳင္မွ ကမၻာ့ဖလားၿပိဳင္ပြဲဟာ ၿပီးျပည့္စုံပြဲရွိေနတာျဖစ္ပါတယ္။မက္ဆီ ကေတာ့ ကာတာ ကို သြားဖို႔ လတ္မွတ္ရရွိထားၿပီးျဖစ္ၿပီး ေရာ္နယ္ဒို ကေတာ့ မတ္လေရာက္မွ ဒီအေျဖကို သိရေတာ့မွာလည္းျဖစ္ပါတယ္။