ဗျူဟာမရှိတဲ့အပြင် လျှာရိုးလည်းမရှိတဲ့ ဆိုးလ်ရှားကို ယူနိုက်တက်ကစားသမားတွေ အကြီးအကျယ်စိတ်ပျက်

ယူနိုက်တက်ကစားသမားတွေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေးထားတဲ့ ကတိတွေအပေါ် မသိကျိုးကျွံပြုနေတဲ့ ဆိုးလ်ရှားကို စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ လင်ဂတ်၊ ဗန်ဒီဘိခ်၊ အဲရစ်ဘာယီ၊ တဲလ်လက်စ်တို့အပါအဝင် ယူနိုက်တက်ကစားသမား (၈) ယောက်ဟာ လက်ရှိရာသီမှာ ပွဲထွက်ခွင့်အတွက် အခွင့်အရေးပိုရမယ်လို့ ဆိုးလ်ရှားက ကတိပေးခဲ့တာပါ။

ဒါပေမယ့် ဒီ (၄) ယောက်အပါအဝင် မာတာ၊ ဒင်းဟန်ဒါဆန်၊ ဒါလော့၊ မာစီရယ်လ်တို့ကလည်း ဆိုးလ်ရှားရဲ့ လုပ်ရပ်အပေါ် စိတ်ပျက်နေပါတယ်။

အထူးသဖြင့် ဗန်ဒီဘိခ်နဲ့ လင်ဂတ်တို့ကို ပြီးခဲ့တဲ့နွေရာသီမှာ အသည်းအသန် လိုချင်တဲ့ အသင်းတွေရှိခဲ့ပြီး ဆိုးလ်ရှားကတော့ ပုံမှန်ပွဲထွက်ခွင့်အတွက် အခွင့်အရေးပေးမယ်ဆိုပြီး အသင်းမှာ ဆက်ထိန်းထားခဲ့တာပါ။

ဒါပေမယ့်လည်း လက်ရှိအချိန်ထိ သူတို့ (၈) ယောက်လုံးအတွက် အခြေအနေတွေက ပြီးခဲ့တဲ့ဘောလုံးရာသီနဲ့ ဘာမှ ထူးထူးခြားခြား ကွာခြားလာခြင်းမရှိတာကြောင့် ဒီထဲက ကစားသမားအများစုက ဆောင်းရာသီမှာ အသင်းကထွက်ခွာဖို့ ပြင်ဆင်လာပါပြီ။

ဗန်ဒီဘိခ်၊ လင်ဂတ်တို့ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေထံ အပြီးသတ်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အဓိကဂိုးသမားဖြစ်တဲ့ ဒင်းဟန်ဒါဆန်ကိုလည်း ယူနိုက်တက်က (၁) နှစ်ခွဲကြာ အငှားချဖို့ ပြင်ဆင်နေပြီး ဒီဂိုးသမားကိုခေါ်ယူဖို့ နယူးကာဆယ်က စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။