မက်ဆီ ရုန်းကန်နေရတာ ပိုချက်တီနို အပြစ်မဟုတ်ဘူးလို့ အွန်နရီအပြတ်ပြော

ဘာစီလိုနာမှာ မက်ဆီနဲ့အတူတွဲကစားခဲ့ဖူးတဲ့ အွန်နရီက လက်ရှိ ပီအက်စ်ဂျီမှာ မက်ဆီ ရုန်းကန်နေရတာနဲ့ ပတ်သက်လို့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအကြား ခြားနားချက်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတော့ အသင်းသစ်မှာ ရုန်းကန်နေရဆဲပါ။

ဒီလိုအနေအထားမျိုးတွေမှာ ပိုချက်တီနိုကိုယ်တိုင်ကလည်း မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက် အတွဲမိဖို့ အချိန်ယူမယ်လို့ ပြောကြားထားပြီးဖြစ်ပါတယ်။ မက်ဆီဟာ ပြင်သစ်လီဂူးမှာလည်း တစ်ဂိုးမှ သွင်းယူထားနိုင်ခြင်းမရှိသေးပါဘူး။

အဲ့ဒါကြောင့်လည်း နည်းပြ ပိုချက်တီနိုအပေါ် ဝေဖန်မှုအနည်းငယ်ရှိနေပြီး အွန်နရီကတော့ ဒါကို ကာကွယ်ပေးခဲ့ပါတယ်။ အွန်နရီက “ရာသီအစပိုင်းမှာ ကစားသမားတော်တော်များများ နောက်ကျမှ အသင်းနဲ့ ပူးပေါင်းနိုင်တာကို ပိုချက်တီနိုအတွက် အကြောင်းပြချက်မပေးလိုက်ပါဘူး”

“ဒါပေမယ့် (၃) ရက်တစ်ပွဲ အမြဲကစားနေရချိန်မှာတော့ သူတို့နဲ့ အလုပ်လုပ်ဖို့ ဘယ်လိုမှ အချိန်မရှိတော့ပါဘူး။ အချိန်ရှိလာတော့လည်း နိုင်ငံပွဲတွေ သွားကန်နေရပြန်ရော။ အဲ့ဒီတော့ အသင်းရဲ့ ကိုယ်ပိုင်ဟန်ကို တည်ဆောက်ဖို့ မလွယ်ကူတော့ပါဘူး”

“ဘာစီလိုနာမှာဆိုရင်တော့ ခင်ဗျားက တစ်ခုခုနောက်ကို မျှော်လိုက်သွားရုံပဲဗျ။ ဘာလို့လဲဆိုတော့ အဲ့ဒီအသင်းမှာ သမိုင်းကြောင်းရှိပြီးသားလေ။ ရီနက်စ်မီချယ်လ်ရှိခဲ့တယ်၊ ပြီးတော့ ယိုဟန်ခရိုက်ဖ် ရောက်လာခဲ့တယ်၊ ပိုချက်တီနိုကတာ့ အခုမှ စနစ်တစ်ခုရှာဖွေနေပြီး ဒီအထဲမှာ ကစားသမား (၁၁) ယောက်ကို ရိုက်သွင်းနေရတုန်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။