ထီဆုကြီးပေါက်ပြီး သန်းကြွယ်သူဌေးဖြစ်ခဲ့တဲ့ ရှက်ဖီးယူနိုက်တက် ကစားသမားဟောင်း

ဒဏ်ရာပြသနာကြောင့် ကစားသမားဘ၀ကို စောစီးစွာအနားယူခဲ့ရတဲ့ တယ်ရီကနေဒီ ဟာ ပေါင်(၁)သန်းဆုကြေးရှိတဲ့ ထီဆုကြီးပေါက်ခဲ့တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။တယ်ရီကနေဒီ ဟာ ရှက်ဖီးယူနိုက်တက် အသင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲယားနဲ့ အသင်းဖော် ဖြစ်ခဲ့ကြပါတယ်။

သူတို့(၂)ဦးဟာ လူငယ်ကစားသမားဘ၀ကနေ အဆင့်အတူတူကျော်ဖြတ်လာခဲ့တာဖြစ်ပြီး တယ်ရီကနေဒီ ဟာ ရှက်ဖီးယူနိုက်တက် အသင်းအတွက် (၂၄)ပွဲပါ၀င်ကစားခဲ့တာဖြစ်ပါတယ်။တယ်ရီကနေဒီ ဟာ အယ်လ်ဖရီတန်တောင်း၊ ဟာရိုဂိတ်တောင်းအစရှိတဲ့ နေးရှင်းလိဂ်အသင်းတွေမှာလည်း ကစားခဲ့ပါတယ်။

တယ်ရီကနေဒီဟာ ဒူးဒဏ်ရာပြသနာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တဲ့အတွက် ၀မ်းနည်းစွာနဲ့ ပဲ ကစားသမားဘ၀ကို စောစီးစွာ အဆုံးသတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒါပေမယ့် တယ်ရီကနေဒီ ဟာ ဒီတပတ်မှာတော့ ပေါင်(၁)သန်းဆုကြေးရှိတဲ့ ထီပေါက်သွားခဲ့တာပါ။

အဲ့ဒါကြောင့် ကနေဒီရဲ့ဘ၀ဟာ ပြောင်းလဲသွားခဲ့ပါတယ်။ရှက်ဖီးယူနိုက်တက် လူငယ်ကစားသမားဆီကို ထီရုံးက ဖုန်းဆက်တဲ့ အချိန်မှာ သူဟာ ထီလတ်မှတ်ကို ကိုင်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ထီပေါက်ခဲ့တာ ကြောင့်သူ့ရဲ့ပျော်ရွှင်စွာတုံ့ပြန်ပုံတွေကို သူ့ရဲ့သူငယ်ချင်းတဦးက အမှတ်တရ ရိုက်ယူ ထားနိုင်ခဲ့တာဖြစ်ပါတယ်။

တယ်ရီကနေဒီ ရဲ့သူငယ်ချင်းတွေကလည်း အလွန်ပျော်ရွှင်နေကြတာဖြစ်ပါတယ်။ရှက်ဖီးယူနိုက်တက် ကစားသမားဟောင်း ရဲ့ဗီဒီယို ကို ကြည့်ရှသူ (၃)သန်းကျော်ရှိခဲ့တာလည်းဖြစ်ပါတယ်။သူ့ရဲ့အသင်းဟောင်း ဖြစ်တဲ့ အယ်လ်ဖရီတန်တောင်း အသင်းကလည်း ကစားသမားဟောင်း ကို ဂုဏ်ပြုကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။

မက်ဂွိုင်းယားနဲ့ တယ်ရီကနေဒီတို့ ဟာ ရှက်ဖီးယူနိုက်တက် လူငယ်အသင်းမှာ ခံစစ်အတွဲအဖက်ဖြစ်ခဲ့ပေမယ့် မတူညီတဲ့ ခရီးစဉ်တွေကို ဖြတ်သန်းခဲ့ကြရတာလည်းဖြစ်ပါတယ်။ဒါပေမယ့် ထီဆုကြီး ပေါက်ခဲ့တာက သူ့ရဲ့ကံကြမ္မာကို အကြီးအကျယ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။

တယ်ရီကနေဒီ ဟာ ကစားသမားဘ၀တလျှောက် (၇၈)ပွဲပါ၀င်ကစားခဲ့ပြီး (၆)ဂိုးသွင်းယူကာ (၂၀၁၇-၁၈) ရာသီအထိ ကစားခဲ့တာလည်းဖြစ်ပါတယ်။