လာမယ့်နွေရာသီမှာ နည်းပြလောကထဲ၀င်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ယူနိုက်တက် ကို ပြောလိုက်တဲ့ ဇီဒန်း

ရီးရယ်လ် အသင်းနည်းပြဟောင်း ဇီဒန်းက လာမယ့်နွေရာသီမှာ နည်းပြလောကထဲကို ၀င်ရောက်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ မန်ချက်စတာယူနိုက်တက် အသင်းကို အသိပေးလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းတာ၀န်ရှိသူတွေကတော့ ရလဒ်ဆိုးရွားနေပေမယ့် ဆိုးလ်ရှားကို ယုံကြည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၆)ပွဲမှာ (၄)ပွဲရှုံးနိမ့်ပြီး ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရာတာဖြစ်ပါတယ်။ဆိုးလ်ရှားကိုသာ ထုတ်ပယ်ခံမယ်ဆိုရင် လက်စတာနည်းပြ ရော်ဂျာ က ဒီရာထူးကို ရယူဖို့ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။

ပြင်သစ်လူမျိုးနည်းပြကလည်း မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်ဖို့ စိတ်၀င်စားနေတာပါ။Bild ရဲ့ဂျာနယ်လစ် ခရစ်စတီယန်ဖော့ခ် က ဇီဒန်းဟာ ရာသီ၀က်ကာလမှာ နည်းပြအဖြစ်ပြန်လုပ်ဖို့ စ်ိတ်မ၀င်စားဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဇီဒန်းဟာ လာမယ့်နွေရာသီမှာ နည်းပြလောကထဲ ၀င်ရောက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ မန်ချက်စတာယူနိုက်တက် အသင်းကို အသိပေးထားတယ်လို့ လည်းသူက ဆက်ပြီးပြောခဲ့ပါတယ်။အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုရာသီအကုန်ထိ ဆိုးလ်ရှားနဲ့ ပဲ ဆက်ပြီးလက်တွဲရတော့မှာပါ။

မန်ချက်စတာယူနိုက်တက် အသင်း ကစားသမားအချို့နဲ့ အသင်း ပရိသတ်တွေကတော့ ရလဒ်ဆိုးတွေကြောင့် နည်းပြအပြောင်းအလဲပြုလုပ်ဖို့ အသင်းက်ုိ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ဇီဒန်း ဟာ ရီးရယ်လ် အသင်းကို (၂)ကြိမ်ကိုင်တွယ်ခဲ့ပြီး မနှစ်ကရာသီအကုန်က ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ဇီဒန်း ဟာ ရီးရယ်လ် အသင်းကို ချန်ပီယံလိဂ်ဖလား(၃)ကြိမ်၊လာလီဂါဖလား(၂)ကြိမ်အပါအ၀င် ဆုဖလားအများအပြား ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ၀က်ဖိုဒ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ကြားရက်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ်အုပ်စုကနေ နောက်တဆင့်တက်ဖို့ အရေးပါတဲ့ ပွဲစဉ်အဖြစ် ဗီလာရီးရယ်လ် အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။