အာဂျင်တီးနား ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်တာကို မသိခဲ့ကြတဲ့ မက်ဆီနဲ့ အသင်းဖော်တွေ

အာဂျင်တီးနားနဲ့ ဘရာဇီးလ် အသင်းတို့ ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတောင်အမေရိကဇုန် ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့ရာ ဂိုးမရှိသရေကျသွားခဲ့ပါတယ်။ဒီပွဲမှာ ပရိသတ်တွေဟာ သွင်းဂိုးတွေမတွေ့ခဲ့ရပေမယ့် ကစားသမားတွေရဲ့တဦးချင်းစွမ်းဆောင်ရည်ကို တွေ့ခဲ့ရပါတယ်။

ဒီမာရီယာ က ဗီနီစီးယက်စ် ကို ပေါင်ကြားထဲထည့်ပြီး ကျော်ဖြတ်ပြတာတွေ ဗီနီးယက်စ် ကလည်း အာဂျင်တီးနား နောက်ခံလူ Rainbow Flick နဲ့ ကျော်ဖြတ်ပြတာတွေကို တွေ့ခဲ့ရပါတယ်။အော့တာမန်ဒီ က ရာဖင်ဟာ ရဲ့မျက်နှာကို တံတောင်နဲ့ တွတ်ခဲ့တာတွေလည်းဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ (၂)သင်းလုံးဟာ ပွဲကြမ်းခဲ့ပြီး ပြစ်ဒဏ်ဘော(၄၁)ကြိမ်အထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမယ့် အာဂျင်တီးနား ကစားသမားတွေဟာ သရေရလဒ်ကြောင့် ကာတာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တာကို မသိခဲ့ကြတာလည်းဖြစ်ပါတယ်။

ဥရုဂွေးက ဘိုလီဗီးယားကို အရေးနိမ့်ခဲ့ပြီး ကိုလံဘီယာနဲ့ ပါရာဂွေးက သရေ၊အီကွေဒေါက ချီလီ ကို အနိုင်ရခဲ့တာကြောင့် အာဂျင်တီးနား အသင်း ခြေစစ်ပွဲအောင်မြင်သွားခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီ ကတော့ ဒီပွဲဟာ အလွန်အကြိတ်အနယ်ရှိတဲ့ အကြောင်းသာ ပွဲအပြီးမှာ ပြောသွားခဲ့တာပါ။

မက်ဆီ က “ဒီပွဲက အလွန်အကြိတ်အနယ်ရှိခဲ့တဲ့ပွဲပါ။ကျွန်တော်ဟာ ဒီပွဲကို ကစားဖို့ လုံလောက်တဲ့ အခြေအနေရှိခဲ့ပါတယ်။ကျွန်တော်အခြေအနေက အဆင်ပြေပါတယ်။မဟုတ်ရင် ကျွန်တော် ကစားလို့ရမှာမဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဘရာဇီးလ် အသင်းဟာ အာဂျင်တီးနား နဲ့ မကစားခင်တည်းက ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။အဲ့ဒါကြောင့် (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲကို တောင်အမေရိကဇုန်က ဘရာဇီးလ်နဲ့ အာဂျင်တီးနား အသင်းတို့ ခြေစစ်ပွဲအောင်မြင်ထားတာဖြစ်ပါတယ်။

(၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အမေရိကဇုန်က အသင်း(၄)သင်း တိုက်ရိုက်အောင်မြင်တာဖြစ်ပြီး အဆင့်(၅)နေရာက အသင်းကတော့ ပလေးအောဖ့် အဆင့်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။