ကလင်ဒါအကျဆိုရင် ၂၀၂၂ ကမ္ဘာ့ဖလားက ရော်နယ်ဒို အတွက်ပဲ

ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒို အတွက်တော့ နိုင်ငံအသင်းနဲ့ ကမ္ဘာ့ဖလားရယူချင်တဲ့ သူ့ရဲ့အိမ်မက်တွေဟာ လာမယ့်(၂၀၂၂) ကမ္ဘာ့ဖလားမှာ ဖြစ်နိုင်ဖွယ်ရှိနေတယ်လို့ အချက်အလက်တွေက ဖော်ပြပါတယ်။

ရော်နယ်ဒို ဟာ လက်ရှိအချိန်မှာ ပေါ်တူဂီ အသင်းနဲ့ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ခြေစစ်ပွဲ မအောင်မြင်သေးတာကြောင့် ခြေစစ်ပွဲအောင်မြင်ဖို့ ပလေးအောဖ့် အဆင့်ပွဲစဉ်တွေဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ယူရို(၂၀၀၈) ကနေ စတင်ဖြစ်ပေါ်ခဲ့‌တဲ့ အချက်အလက်တွေအရ ရော်နယ်ဒိုရဲ့ပေါ်တူဂီ အသင်းဟာ (၂၀၂၂) ကမ္ဘာ့ဖလားရယူနိုင်ဖို့ ဖြစ်နိုင်ဖွယ်ရှိနေတာပါ။ယူရို(၂၀၀၈) ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားဆုကို ဒေးဗစ်ဗီလာ ရယူနိုင်ခဲ့ပြီးနောက် စပိန် အသင်းဟာ (၂၀၁၀) ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အဲ့လိုပဲ ယူရို(၂၀၁၂) မှာ ဂိုးမတ်ဇ် က ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီးနောက် ဂျာမနီ အသင်းဟာ (၂၀၁၄) ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ဒါ့အပြင် ယူရို(၂၀၁၆) ပြိုင်ပွဲမှာ ဂရစ်ဇ်မန်းက ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။

(၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းက ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ယူရို(၂၀၂၀) ပြိုင်ပွဲမှာ ရော်နယ်ဒို က ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့တာကြောင့် ပေါ်တူဂီ အသင်းအနေနဲ့ (၂၀၂၂) ကမ္ဘာ့ဖလား ရယူနိုင်မလားဆိုပြီး မျှော်လင့်နေကြတာပါ။

အချက်အလက်တွေက တိုက်ဆိုင်နေတဲ့ အတွက် ရော်နယ်ဒို အတွက်တော့ ခြေစစ်ပွဲမအောင်သေးတာတောင် အိမ်မက်မက်ခွင့်ရှိနေတာဖြစ်ပါတယ်။(၂၀၂၂) ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ရော်နယ်ဒို အတွက် နောက်ဆုံးကမ္ဘာ့ဖလား ဖြစ်နိုင်တာကြောင့် ကစားသမားအနေနဲ့လည်း ခြေစစ်ပွဲအောင်မြင်နိုင်ဖို့ ကြိုးစားမှာလည်းဖြစ်ပါတယ်။

Hi

ပေါ်တူဂီ အသင်းအနေနဲ့ မတ်လမှာ ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့ အတွက် ပလေးအောဖ့် အဆင့်ပွဲစဉ်တွေ ကစားရမှာဖြစ်ပြီး ဥရောပဇုန်ဝင်ခွင့် လက်ကျန်(၃)နေရာမှာ ပါဝင်ခွင့်ရဖို့ အစွမ်းကုန်ကြိုးစားဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။