မူလာရဲ့ယူနိုက်တက် အပြောင်းအရွှေ့ကို သူ့ဇနီးက ပိတ်ပင်ခဲ့တာလို့ ဖွင့်ဟခဲ့တဲ့ ဗန်ဟားလ်

သောမတ်မူလာ ရဲ့ဇနီးဖြစ်သူက ဂျာမနီကနေ ထွက်ခွာဖို့ ဆန္ဒမရှိတာကြောင့် ဂျာမနီကစားသမားဟာ (၂၀၁၅) က မန်ချက်စတာယူနိုက်တက် ကို လာရောက်ဖို့ ငြင်းပယ်ခဲ့တာလို့ နည်းပြဟောင်းဖြစ်သူ ဗန်ဟားလ် က ပြောလိုက်ပါတယ်။ဗန်ဟားလ် ဟာ သော်မတ်စ်မူလာ ကို မန်ချက်စတာယူနိုက်တက် အသင်းထံ ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သဘောတူညီမှုမရခဲ့တာလည်းဖြစ်ပါတယ်။ဗန်ဟားလ် ဟာ (၂၀၁၄) ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နယ်သာလန် လက်ရွေးစင်ကနေ ထွက်ခွာကာ မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ဗန်ဟားလ် ဟာ အိုးထရက်ဖိုဒ့်မှာ (၂)ရာသီကြာရှိခဲ့ပြီး အက်ဖ်အေဖလားကို ရယူပြီး မန်ချက်စတာယူနိုက်တက် အသင်းနည်းပြဘ၀ကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ဗန်ဟားလ် ကိုယ်တိုင်က မန်ချက်စတာယူနိုက်တက် အသင်းဟာ သော်မတ်မူလာ ကို ခေါ်ယူဖို့ နီးစပ်ခဲ့တယ်လို့ ပြောခဲ့တာပါ။

ဗန်ဟားလ် က “မူလာရဲ့ဇနီးသာ နိုင်ငံရပ်ခြားမှာ သွားရောက်ကစားဖို့ လမ်းဖွင့်ခဲ့မယ်ဆိုရင် (၂၀၁၅)မှာ ဒီအပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ပါတယ်။အနည်းဆုံးတော့ မူလာ က ကျွန်တော့်ရဲ့လက်ထောက်ကို ပေးခဲ့တဲ့ အကြောင်းပြချက်ပါပဲ”လို့ ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အဲ့ဒီတုန်းက သော်မတ်မူလာ ကို ယူရိုသန်း(၁၀၀)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။သော်မတ်မူလာကလည်း မန်ချက်စတာကလပ်နဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တဲ့ အကြောင်းကို ပြောဆိုထားပါတယ်။

သော်မတ်မူလာက “ (၂၀၁၅)တုန်းက ယူနိုက်တက်ကို သွားဖို့ စိတ်ကူးယှဉ်ခဲ့မ်ိတယ်။ဒါပေမယ့် ကလပ်က ငါတို့ မင်းကို ဒီမှာပဲ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့တယ်။အဲ့ဒါကြောင့်လည်း စာချုပ်မချုပ်ဆိုနိုင်ခဲ့ပါဘူး။ဒါကြောင့် အဆုံးသတ်ကတော့ တော်တော်လေးကို ရှင်းသွားခဲ့ပါတယ်။ဒါက ပိုကာကစားပွဲတော့မဟုတ်ပါဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။

သော်မတ်စ်မူလာရဲ့အေးဂျင့်ကတော့ “ဒီကိစ္စမှာ ကျွန်တော်မပါ၀င်ချင်ပါဘူး။သော်မတ်စ် ဟာ ဘိုင်ယန်အတွက် ကစားနေပြီး ဘိုင်ယန်နဲ့ စာချုပ်ချုပ်ထားတာဖြစ်တယ်လို့”ပြောဆိုထားခဲ့တာဖြစ်ပါတယ်။သော်မတ်စ်မူလာ ဟာ လက်ရှိအချိန်ထိ ဘိုင်ယန်မြူးနစ် အသင်းအတွက် ခြေစွမ်းပြကစားနေခဲ့တာလည်းဖြစ်ပါတယ်။