မက်ဆီ၊နေမာနဲ့ ဘတ်ပီတို့ ၃ဦးပေါင်းထက် လီဂူးဝမ်းမှာ ဂိုးပိုသွင်းထားတဲ့ ဂျိုနသန်ဒါဗစ်

လိုင်လီ အသင်း တိုက်စစ်မှူး ဂျိုနသန်ဒါဗစ် ဟာ မိုနာကို နဲ့ ကစားခဲ့တဲ့ လီဂူးဝမ်းပြိုင်ပွဲမှာဂိုးသွင်းခဲ့ပြီးနောက် ဒီရာသီ လီဂူးဝမ်းပြိုင်ပွဲမှာ သွင်းဂိုး(၁၀)ဂိုးပြည့်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ကနေဒါတိုက်စစ်မှူး ဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ မိုနာကို အသင်းနဲ့ လီဂူးဝမ်းပွဲမှာ လိုင်လီ အသင်းအတွက် (၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ပွဲချိန်(၅)မိနစ်နဲ့ (၉)မိနစ်မှာ သွင်းယူခဲ့တာပါ။ဒါပေမယ့် မိုနာကို အသင်းက ဒီယာတာနဲ့ ဘန်ယက်တာ တို့က ချေပဂိုးတွေပြန်သွင်းခဲ့ပါတယ်။

အဲ့ဒါကြောင့် တဖက်(၂)ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီး‌ဆုံးသွားခဲ့တာပါ။ဒါပေမယ့် ဂျိုနသန်ဒါဗစ် အတွက်တော့ ဒီရာသီ လီဂူးဝမ်းမှာ သွင်းဂိုး(၁၀)ဂိုး ပြည့်သွားခဲ့တာဖြစ်ပါတယ်။

ဂျိုနသန်ဒါဗစ် ရဲ့ဒီရာသီ လီဂူးဝမ်းသွင်းဂိုးဟာ ပီအက်စ်ဂျီ အသင်းရဲ့အဓိက တိုက်စစ်အတွဲဖြစ်တဲ့ မက်ဆီ၊နေမာနဲ့ ဘတ်ပီ တို့ (၃)ဦးပေါင်း သွင်းထားထက် ဂိုးထက်(၁)ဂိုးအသာရနေခဲ့တာပါ။ပီအက်စ်ဂျီ တိုက်စစ်အ‌တွဲအဖက်(၃)ဦးဟာ လီဂူးဝမ်းမှာ (၉)ဂိုးရယူထားတာဖြစ်ပါတယ်။

ဒီထဲမှာ မက်ဆီ ကတော့ လီဂူးဝမ်းပြိုင်ပွဲမှာ သွင်းဂိုးမရရှိသေးပဲ ဘတ်ပီနဲ့ နေမာ တို့က ပီအက်စ်ဂျီ အတွက် ဂိုးတွေသွင်းယူထားတာပါ။ဘတ်ပီ က (၆)ဂိုးသွင်းယူထားပြီး နေမာ က (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်း နောက်ဆုံးကစားခဲ့တဲ့ ပွဲ(၂)ပွဲကို ဒဏ်ရာပြသနာတွေကြောင့် လွဲချော်ထားခဲ့တာဖြစ်ပြီး ဒီနေ့မှာ ကစားမယ့် နန့်တက်စ် အသင်းနဲ့ ပွဲစဉ်မှာတော့ ပါဝင်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

မက်ဆီ အနေနဲ့ လီဂူးဝမ်းပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးနေတဲ့ အပြင် ဂိုးဖန်တီးမှုလည်း မရသေးတာကို နန့်တက်စ်နဲ့ ကစားမယ့် အိမ်ကွင်းပွဲစဉ်မှာ အဆုံးသတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။