ဒီည အန်ဖီးလ်မှာ လီဗာပူးကို အပြတ်ကိုင်မယ်လို့ အာကြီးကစားသမားတွေ ယုံကြည်ထား

အာဆင်နယ် နောက်ခံလူ တာဗာရက်စ်က ဒီည (၁၂) နာရီမှာ ကစားမယ့် လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးကို အနိုင်ကစားဖို့ အာဆင်နယ်ကစားသမားတွေ ယုံကြည်ချက်ရှိနေတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် လီဗာပူးနဲ့ အန်ဖီးလ်မှာရင်ဆိုင်တိုင်း အနိုင်မရရှိခဲ့တာ (၉) နှစ်ကြာမြင့်ခဲ့ပါပြီ။ အာဆင်နယ်တို့ အန်ဖီးလ်မှာ နောက်ဆုံးအနိုင်ရရှိခဲ့တာက (၂၀၁၂) မှာဖြစ်ပြီး အဲ့ဒီအချိန်က လက်ရှိနည်းပြ အာတီတာတောင်မှ အာဆင်နယ်ကစားသမားအဖြစ်ရှိနေတုန်းပါ။

အာတီတာကလည်း လီဗာပူးကို အနိုင်ကစားနိုင်မယ်လို့ ယုံကြည်နေပြီး တာဗာရက်စ်ကလည်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ တာဗာရက်စ်က “ကျနော်တို့ အန်ဖီးလ်မှာ အနိုင်ယူဖို့ ယုံကြည်ချက်အပြည့်ရှိနေပါပြီ”

“နိုင်ရင်တော့ ဂိုးမပေးရဘဲ နိုင်မလား ဒါမှမဟုတ် ဂိုးပေးရပြီး နိုင်မလားပဲ ကြည့်ရမှာပါ။ ဂိုးမပေးရတာထက်စာရင် ကျနော်တို့ အနိုင်ယူပြီး (၃) မှတ်လိုချင်ပါတယ်။ အာဆင်နယ်က ကစားသမားကောင်းတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းကြီးတစ်သင်းပါ”

“ကျနော်တို့အတွက် ပွဲတွေနိုင်တယ်ဆိုတာ သာမန်ပါပဲ။ နောက်ပြီး ကျနော်တို့က နံပါတ် (၁) မှာနေချင်ပါတယ်။ လူတွေက ကျနော်တို့ ရလဒ်ကောင်းနေတာကို ဘာကြောင့် အံ့အားသင့်နေလဲ ကျနော်မသိပါဘူး”

“သူတို့သိထားရမှာက ကျနော်တို့က အာဆင်နယ်ဖြစ်ပြီး ကျနော်တို့ရဲ့ ရည်မှန်းချက်တွေပြည့်ဝဖို့ ပွဲတွေကို အနိုင်ကစားဖို့ လိုအပ်တယ်ဆိုတာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။