သူတို့(၃)ဦးရဲ့သွင်းဂိုးတွေနဲ့ ဒီရာသီချန်ပီယံလိဂ်ကို ပီအက်စ်ဂျီ ရယူမယ်လို့ ဆိုတဲ့ နေမာ

ပီအက်စ်ဂျီ အသင်းတိုက်စစ်ကစားသမား နေမာ က အင်တာဗျုးတခုမှာ ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ရဲရဲတောက်ခန့်မှန်းမှုကို ပြုလုပ်သွားခဲ့ပါတယ်။နေမာ က ပီအက်စ်ဂျီ အသင်းဟာ ဒီနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရဗိုလ်စွဲမှာဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မက်ဆီ၊ဘတ်ပီနဲ့ သူက ပီအက်စ်ဂျီ အတွက် (၁)ဂိုးစီသွင်းယူသွားမှာလို့ ပြောခဲ့တာပါ။နေမာ ဟာ ဘာစီလိုနာ အသင်းမှာ ကစားခဲ့တုန်းက ချန်ပီယံလ်ိဂ်ဖလားရယူနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းနဲ့ တော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ(၁)ကြိမ်တက်နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းကို အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရာဇီးလ် တိုက်စစ်ကစားသမားဟာ Oh My Goal နဲ့ အင်တာဗျုးပြုလုပ်ရာမှာ ပီင်္အက်စ်ဂျီ အသင်းမှာ မက်ဆီ၊ဘတ်ပီနဲ့ သူတို့ရဲ့အံမခန်းဖွယ်တိုက်စစ်အကြောင်းကို ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းလည်းဖြစ်ပါတယ်။

နေမာ က ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေရှိတယ်ဆိုတာသိပေမယ့် သူတို့ ရယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာလည်းဖြစ်ပါတယ်။နေမာ က “ကျွန်တော်၊မက်ဆီနဲ့ ဘတ်ပီတို့ထဲက ဘယ်သူက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်မလဲဆိုရင်တော့ ကျွန်တော်တို့ (၃)ဦးလုံးဂိုးသွင်းနိုင်မှာပါ”

“ကျနော်တို့ (၁)ဂိုးစီ သွင်းပြီး ပီအက်စ်ဂျီ က (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရသွားပါလိမ့်မယ်။ဘယ်အသင်းနဲ့ ရင်ဆိုင်ရမလဲဆိုတာနဲ့ ဆိုတာ ကျွန်တော်ဂရုမစိုက်ပါဘူး”လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် နေမာ က ဘောလွန်းဒီအောဆုကို (၆)ကြိမ်ရထားတဲ့ မက်ဆီကို ထပ်မံချီးကျုးခဲ့ပါတယ်။

နေမာ က “လေ့ကျင့်ရေးကွင်းမှာ အထင်အကြီးဆုံးသူတော့ မက်ဆီပါပဲ။သူဟာ အရာအားလုံးကို လွယ်သူအောင်လုပ်ပြီး လှလှပပဖြစ်စေပါတယ်။အကောင်းဆုံးပင်နယ်တီကန်တဲ့သူက ဘယ်သူလဲဆိုရင် ဒါကခက်ခဲပါတယ်။မက်ဆီပဲလို့ ကျနော်ထင်ကြောင်း”ပြောခဲ့တာပါ။

ဒါ့အပြင် နေမာ က ဘတ်ပီရဲ့၀တ်စားဆင်ယင်ပုံကို နောက်ပြောင်ခဲ့ပါတယ်။”၀တ်စားဆင်ယင်မှုမှာ ကျွန်တော်အကောင်းဆုံးပေါ့။အဆိုးဆုံးက ဘတ်ပီပါ.သူက မိန်းကလေးတွေကြားမှာ အအောင်မြင်ဆုံးသူပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။