ဘတ်ပီ ကို ရီးရယ်လ်ထက် လက်ဦးမှုရယူနိုင်ဖို့ လုပ်ခလစာအများကြီးပေးပြီး ခေါ်မယ့် လီဗာပူးလ်

လီဗာပူးလ် အသင်းဟာ ပီအက်စ်ဂျီ အသင်းတိုက်စစ်ကစားသမား ဘတ်ပီကို တနှစ်လုပ်ခပေါင်(၂၅)သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့့သတင်းတွေမှာ ဖော်ပြပါတယ်။ဘတ်ပီ ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ရီးရယ်လ် အသင်းကို ရောက်ရှိဖို့ ပြင်းထန်တဲ့ ချိတ်ဆက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ် အသင်းဟာ နေမာ ကို နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်အထိ ပီအက်စ်ဂျီ အသင်းက လိုချင်တဲ့ပြောင်းရွှေ့ကြေးပေးပြီး ပီအက်စ်ဂျီ အသင်းက လက်မခံခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဘတ်ပီဟာ လက်ရှိအချိန်ထိ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်းမတိုးရသေး တာကြောင့် အခုရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာခွင့်ရမှာဖြစ်ပါတယ်။ဘတ်ပီ ကို ခေါ်ယူဖို့ ရီးရယ်လ် အသင်း က ရေပန်းအစားဆုံးအဖြစ် ရပ်တည်နေတာပါ။

ဒါပေမယ့် လီဗာပူးလ် အသင်းကလည်း ဘတ်ပီကို ခေါ်ယူလို့ရမယ့် အခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ပဲ ကြိုးစားသွားမှာဖြစ်ပါတယ်။လီဗာပူးလ် အသင်းဟာ အသက်(၂၂)နှစ်အရွယ်ရှိ ကစားသမားကို တနှစ်လုပ်ခပေါင်(၂၅)သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြထားတာပါ။

ဘတ်ပီ ဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်း အတွက် ပြိုင်ပွဲစုံ (၁၆)ပွဲပါ၀င်ကစားထားပြီး (၇)ဂိုးသွင်းယူကာ (၁၁)ဂိုးဖန်တီးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပြင်သစ် ကစားသမားဟာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ(၁၈၇)ပွဲမှာ (၁၃၉)ဂိုးသွင်းယူပြီး (၇၂)ဂိုးဖန်တီးပေးထားနိုင်ခဲ့တာပါ။

ပီအက်စ်ဂျီ နဲ့ ဘတ်ပီ တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ဆွေးနွေးမှုတွေပြုလုပ်လို့ရမှာဖြစ်ပြီး အကြိုစာချုပ်ပါချုပ်ဆိုလို့ ရတာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းကတော့ ဘတ်ပီ ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ကစားသမားဘက်က လက်မခံတော့တာလည်းဖြစ်ပါတယ်။ဒါပေမယ့် ပီအက်စ်ဂျီ အသင်းကတော့ ဘတ်ပီ ကို အသင်းမှာ ဆက်ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။