ယူနိုက်တက်နည်းပြရာထူးအတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့ ဘရန်ဒန်ရော်ဂျာ

မန်ချက်စတာယူနိုက်တက် အသင်းဟာ ၀က်ဖိုဒ့် အသင်းကို အရေးနိမ့်ပြီးနောက် နည်းပြဆိုးလ်ရှား ကို ထုတ်ပယ်ဖို့ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့နေရာကို အစားထိုးဖို့ အတွက် လက်စတာ အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ က ရေပန်းအစားဆုံးဖြစ်နေတယ်လို့ The Sun က ဖော်ပြလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲမှာ (၅)ပွဲအထိ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ၀က်ဖိုဒ့်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးနေရာက ချယ်လ်ဆီး အသင်းနဲ့ (၁၂)မှတ်အကွာ အဆင့်(၇)နေရာကို ရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၀က်ဖိုဒ့် အသင်းကို (၄)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။

ဒီလိုရလဒ်ဆိုးတွေကြောင့် ဆိုးလ်ရှားအပေါ်မှာ အသင်းတာ၀န်ရှိသူတွေဟာ စ်ိတ်ရှည်သည်းခံမှုကုန်ဆုံးသွားခဲ့ပြီး ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဆိုးလ်ရှားနေရာမှာ အစားထိုးဖို့ အတွက် လက်စတာ အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ ဟာ ယူနိုက်တက်ဘုတ်အဖွဲ့ရဲ့ဖြစ်နိုင်ဖွယ်ရှိတဲ့ ရွေးချယ်မှုဖြစ်တယ်လို့ Betfair က ဖော်ပြခဲ့တာပါ။

ဘရန်ဒန်ရော်ဂျာ ဟာ ၈/၁၅နဲ့ ထိပ်ဆုံးက ရေပန်းစားနေပြီး ရီးရယ်လ် အသင်းနည်းပြဟောင်း ဇီဒန်းက ၄/၁ နဲ့ ဒုတ်ိယ၊ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနို က ၆/၁နဲ့ တတိယ၊ အေဂျက်စ် အသင်းနည်းပြ အဲရစ်တန်ဟတ် နဲ့ လိုက်ပ်ဇစ် အသင်းနည်းပြဟောင်း ရက်ဂ်နစ်က ၁၀/၁ နဲ့ ပဲ ရပ်တည်နေတာဖြစ်ပါတယ်။

လက်စတာနဲ့ ဆဲလ်တစ် မှာ အထင်ကြီးစရာကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပြသခဲ့တဲ့ လီဗာပူးလ် အသင်းနည်းပြဟောင်းကို ပြီးခဲ့တဲ့ အပတ်တွေထဲက ယူနိုက်တက် အသင်းက ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တာပါ။ဘရန်ဒန်ရော်ဂျာ် ကတော့ သူဟာ လက်စတာ အသင်းအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုထားပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းတွေကလည်း အသင်းအနေနဲ့အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်နေပြီဆိုတာ၀န်ခံထားတာလည်းဖြစ်ပါတယ်။ဆိုးလ်ရှား ဟာ လီဗာပူးလ်၊လက်စတာ အသင်းတွေက်ို ဂိုးပြတ် အရေးနိမ့်တည်းက ထုတ်ပယ်ခံရဖို့ နီးစပ်ခဲ့ပေမယ့် စပါးအသင်းကို ပြန်အနိုင်ရခဲ့တာကြောင့် ရာထူးဆက်လက်တည်မြဲခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နိုင်ငံတကာပွဲစဉ်မတိုင်ခင်က မန်စီးတီး အသင်းကို အရေးနိမ့်ခဲ့ပြီး အခုပွဲစဉ်မှာ ၀က်ဖိုဒ့်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် (၃)နှစ်ကြာ အသင်းကို ကိုင်တွယ်ခဲ့တဲ့ ကစားသမားဟောင်း ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။