ဇီဒန်းကိုခေါ်ဖို့ဆိုရင် ဇီဒန်းမိန်းမကို အရင်စည်းရုံးဖို့လိုအပ်နေတဲ့ ယူနိုက်တက်ဘုတ်အဖွဲ့

ယူနိုက်တက်ပိုင်ရှင် ဂလေဇာက ဆိုးလ်ရှားကို ထုတ်ပယ်ပြီးတဲ့နောက်မှာ နည်းပြသစ်အဖြစ် ဇီဒန်းကို အရခေါ်ယူဖို့ ဘုတ်အဖွဲ့ဆီ ညွှန်ကြားချက်ပေးထားပါတယ်။

ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ယူနိုက်တက်အနေနဲ့ ဇီဒန်းကို ခေါ်ယူဖို့ရာ တော်တော်လေး ခက်ခဲဖွယ်ရှိပြီး အကြောင်းရင်းကတော့ ဇီဒန်းရဲ့ဇနီးသည် ဗီရိုနစ်က မြို့ပြမှာ နေထိုင်လိုခြင်းမရှိသေးတာကြောင့်လို့ သိရပါတယ်။

မန်ချက်စတာဟာ ရာသီဥတုဆိုးရွားတဲ့နေရာမှာ နာမည်ကြီးမြို့ဖြစ်ပြီး လက်ရှိတိုက်စစ်မှူး ကာဗာနီကိုယ်တိုင်က ဒီမြို့မှာ ချမ်းအေးလွန်းတာကြောင့် သဘောမကျဘူးလို့ ပြောခဲ့ဖူးတာပါ။ ဇီဒန်းကိုယ်တိုင်ကလည်း အသင်းမှာ လုပ်ပိုင်ခွင့်အပြည့်အဝ ရယူလိုပြီး နည်းပြရဲ့ လုပ်ပိုင်ခွင့်တွေကို ဝင်ရောက်စွက်ဖက်နေကျ ဘုတ်အဖွဲ့အတွက်တော့ တော်တော်လေး ညှိနှိုင်းရပါလိမ့်မယ်။

ဗာရိုနစ်ဟာ သူကိုယ်တိုင်ကလည်း မြို့ပြမှာ ပြန်လည်နေထိုင်ဖို့ စိတ်ကူးမရှိသေးသလို ခင်ပွန်းဖြစ်သူကိုလည်း နည်းပြအလုပ်ကနေ အခုထက် ပိုမိုအနားယူနေဖို့ ဆန္ဒရှိနေတာပါ။ ဇီဒန်းဟာ အစပိုင်းမှာ ပြင်သစ်လက်ရွေးစင်ကို ကိုင်တွယ်ဖို့ ဆန္ဒရှိခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူကိုယ်တိုင်က ယူနိုက်တက်နည်းပြ ရာထူးကို စိတ်ဝင်စားလာပြီလို့ သတင်းတွေက ဖော်ပြခဲ့ပြီး ပြင်သစ်လက်ရွေးစင်ဟောင်း ပီတစ်ကလည်း ဇီဒန်း အင်္ဂလိပ်စာသင်နေပြီလို့ ဖွင့်ဟခဲ့ပါတယ်။

အဲ့ဒါကြောင့် ယူနိုက်တက်ဘုတ်အဖွဲ့အနေနဲ့ ဇီဒန်းကိုခေါ်ယူဖို့အတွက်ဆိုရင် ဇီဒန်းနဲ့ ဆွေးနွေးရုံတင်မကဘဲ သူ့ဇနီးကိုပါ တပါတည်း စည်းရုံးသိမ်းသွင်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။