ဝိန်းရွန်နီ ကို ယူနိုက်တက်ရဲ့ အနာဂတ်နည်းပြလို့ မှတ်ချက်ပေးလိုက်တဲ့ ပတ်ဂျီဆန်

မန်ချက်စတာယူနိုက်တက် အသင်းကွင်းလယ်ကစားသမားဟောင်း ပတ်ဂျီဆန် က အသင်းဖော်ဟောင်းနဲ့ လက်ရှိ ဒါဘီအသင်းနည်းပြ ဝိန်းရွန်နီ ဟာ အနာဂတ် မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြ ဖြစ်လာနိုင် တယ်လို့ ပြောလိုက်ပါတယ်။

ပတ်ဂျီဆန် က ဒါဘီကောင်တီမှာ ရှိနေတဲ့ ဝိန်းရွန်နီ ရဲ့တိုက်ပွဲ၀င်စိတ်ဓါတ်ကို ချီးကျုးခဲ့ပြီး သူဟာ ခေါင်းဆောင်မှုစွမ်းရည်ရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ပတ်ဂျီဆန် က “ကျွန်တော်ကတော့ ဝိန်း ဒါကိုလုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။သူဟာ ငယ်ရွယ်တည်းက အတွေ့အကြုံကောင်းတွေ အများကြီးရှိခဲ့တာပါ”

“သူ့ရဲ့ကစားသမားဘ၀မှာ အခက်အခဲတွေအများကြီးရှိခဲ့ပေမယ့် သူဟာ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။သူ့့မှာ အလွန်ကောင်းမွန်တဲ့ ခေါင်းဆောင်မှုအရည်အသွေးရှိတယ်ဆိုတာ ကတော့ အသေအချာပါပဲ”

“ဒါကြောင့်လည်း ဝိန်းဟာ အနာဂတ်မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။ဝိန်းရွန်နီ ဟာ သူ့ရဲ့နည်းပြဘ၀ ပထမဆုံး အတွေ့အကြုံအဖြစ် ဒါဘီကောင်တီ အသင်းကို ကိုင်တွယ်နေတာဖြစ်ပါတယ်။

ဒါဘီ အသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကြုံတွေ့နေရပေမယ့် ဝိန်းရွန်နီ ကတော့ လိဂ်၀မ်းတန်းမဆင်းအောင် သူ့ကိုယ်သူနဲ့ အသင်းသားတွေကို စိတ်ဓါတ်လှု့ဆော်ပေးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဘီ အသင်းဟာ ဒီရာသီတန်းမဆင်းအောင်တော်တော်လေးကြိုးစားမှကို ရမှာပါ။

ဒါဘီအသင်းဟာ အမှတ်လျော့ပြစ်ဒဏ်တွေကြောင့် ရမှတ်(-၃)မှတ်နဲ့ ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့အောက်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ဒါဘီ အသင်းဟာ အစိုးရအုပ်ချုပ်မှုအောက်ကို လွှဲပြောင်း ပေးခဲ့ရပြီးနောက် (၁၂)မှတ်လျော့နဲ့ နောက်ထပ်(၉)မှတ်လျော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းကလည်း ရလဒ်ဆိုးတွေကြောင့် နည်းပြ ဆိုးလ်ရှား ကို ထုတ်ပယ်လိုက်ပြီဖြစ်ပြီး သူ့ရဲ့နေရာမှာ ကစားသမားဟောင်းတွေဖြစ်တဲ့ ဖလက်ချာနဲ့ ကာရစ်တို့ က ယာယီနည်းပြအဖြစ် တာ၀န်ယူမှာလည်းဖြစ်ပါတယ်။