ယူနိုက်တက်ရဲ့နည်းပြသစ်အဖြစ် ပိုချက်တီနို ကို ခန့်အပ်စေချင်နေတဲ့ ဆာအဲလက်စ်ဖာဂူဆန်

မန်ချက်စဝာာယူနိုက်တက် အသင်းနည်းပြဟောင်း ဖာဂူဆန် က အသင်းရဲ့နည်းပြသစ်အဖြစ် ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနို ကို ခန့်အပ်စေချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဝက်ဖိုဒ့် ကို အရေးနိမ့်ခဲ့တာကြောင့် ဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပြီးနောက် နည်းပြသစ်ရှာဖွေနေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြသစ်မခန့်အပ်ခံရခင်အချိန်ထိ ကာရစ်က ယာယီနည်းပြအဖြစ်ကိုင်တွယ်မှာပါ။

ကာရစ်ရဲ့ကိုင်တွယ်မှုဟာ နွေရာသီအထိ ရှိနိုင်တယ်လို့ သတင်းမှာ ဆိုထားပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြဖြစ်လာဖို့ ဇီဒန်း၊ဘရန်ဒန်ရော်ဂျာအပါအဝင် နည်းပြအများအပြားက အသံတွေထွက်နေတာဖြစ်ပါတယ်။

GRANADA, SPAIN – MAY 13: coach Zinedine Zidane of Real Madrid during the La Liga Santander match between Granada v Real Madrid at the Estadio Nuevo Los Carmenes on May 13, 2021 in Granada Spain (Photo by David S. Bustamante/Soccrates/Getty Images)

talkSport ကတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပိုချက်တီနိုကို အခုရာသီအကုန်မှာ ပီအက်စ်ဂျီ ကနေ ပရီးမီးယားလိဂ်ကို ပြန်လည်ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာပါ။မကြာသေးခင်က အသင်းရလဒ်တွေဆိုးရွားနေတဲ့ အချိန်မှာ ဖာဂူဆန် က ပိုချက်တီနို ကို ခေါ်ယူဖို့ ဘုတ်အဖွဲ့ကို တွန်းအားပေးနေတယ်လို့ ဆိုထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပိုချက်တီနို ရဲ့အကြံပေးတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပြီး နွေရာသီမှာ သူ့ကို ခေါ်ယူဖို့ အတွက် ဆွဲဆောင်နိုင်မယ်ဆိုတာယုံကြည်နေတာဖြစ်ပါတယ်။

ပိုချက်တီနို ဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းကို လီဂူးဝမ်းပြိုင်ပွဲရဲ့အမှတ်ပေးဇယားမှာ ဒုတိယနေရာက အသင်းကို (၁၂)မှတ်ဖြတ်ပြီး ဦးဆောင်နိုင်အောင် ကိုင်တွယ်ထားတာဖြစ်ပါတယ်။အာဂျင်တီးနား လူမျိုးနည်းပြ ဟာ သူ့ရဲ့နည်းပြဘဝ ပထမဆုံးအမှတ်ပေးဖလားရယူနိုင်ဖို့ကို ပစ်မှတ်ထားနေတာပါ။

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကလည်း ပိုချက်တီနို ကို အသင်းအနေနဲ့ ကမ်းလှမ်းခဲ့မယ်ဆိုရင် သူဟာ အသင်းထံလာပြီး (၅)နှစ်စာချုပ်တောင် ချုပ်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။