ယူနိုက်တက် ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ဒေါသပေါက်ကွဲနေတဲ့ ဝိန်းရွန်နီ

ဒါဘီအသင်းနည်းပြ ဝိန်းရွန်နီ က ဆိုးလ်ရှား အတွက် မန်ချက်စတာယူနိုက်တက် အသင်းကစားသမားတွေရဲ့စွမ်းဆောင်ရည်အပေါ်မှာ အလွန်စိတ်ပျက်မိတယ်လို့ ပြောဆ်ိုလိုက်ပြီး သူသာ ဒီအသင်းကို ကိုင်တွယ်မယ်ဆိုရင် အလွန်ဒေါသထွက်မိမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ၀က်ဖိုဒ့် အသင်းကို အရေးန်ိမ့်ပြီးနောက် နည်းပြဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပြီး အသင်းကို (၃)နှစ်နီးပါးကြာ ကိ်ုင်တွယ်မှုအဆုံးသတ်သွားတာလည်းဖြစ်ပါတယ်။ဝိန်းရွန်နီ က “၀က်ဖိုဒ့်နဲ့ ပွဲကိုကြည့်ရတာ ကျွန်တော်အလွန်စိတ်ပျက်မိပါတယ်။နည်းပြအနေနဲ့ အသင်းကို ပုံဖော်ပြီး ဘယ်လိုကစားစေချင်လဲဆိုတာကို လုပ်လို့ရပါတယ်”

“ဒါပေမယ့် အချို့ကစားသမားတွေရဲ့စွမ်းဆောင်ရည်အတွက်တော့ ဘာဆင်ခြေမှပေးစရာမရှိပါဘူး။ ကစားသမားတွေဟာ လက်တွေကို ဝှေ့့ယမ်းနေပြီး ဘောလုံးကို အဝေးကြီးတွေကို ပေးနေကြပါတယ်။အခြားသူတွေကို အပြစ်တင်နေတာလည်း တွေ့နေရပါတယ်”

“ဒါက လက်ခံနိုင်စရာမရှိပါဘူး။ကျွန်တော့်ကစားသမားတွေဆီမှာသာ ဒီလိုပုံစံတွေကို မြင်တွေ့ရမယ်ဆိုရင် အလွန်ဒေါသထွက်မိမှာပါ။ဒီကစားသမားတွေဟာ ကမ္ဘာ့အကောင်းဆုံးအသင်းမဟုတ်ရင်တောင် တသင်းတည်း မှာ အတူရှိနေကြပြီး ကစားဖို့ အခွင့်အရေးတွေလည်းရနေကြတာပါပဲ”

“ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် ကစားသမားတွေဟာ အခုထက်ပိုပြီး လုပ်ဆောင်ပြဖို့ လိုအပ်ပါတယ်။ ဒါက ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားဆွတ်ခူးပေးဖို့ ပြောနေတာမဟုတ်ပါဘူး။အသင်းအတွက် ကြိုးစားလုပ်ဆောင်တယ်ဆိုတာကိ်ု ပရိသတ်တွေကို ပြသနေရမှာပါ”လို့ ဆိုခဲ့ပါတယ်။အသင်းထံ ပြန်လာနိုင်တာနဲ့ပတ်သက်ပြီးတော့ ဝိန်းရွန်နီ က “တနေ့တော့ပြန်လာမှာပါ”

“အခုတော့ ဒါဘီအတွက်ပဲ အာရုံစိုက်မှာပါ။ကလပ်မှာ ရှိနေမှာဖြစ်ပြီး အခြားသူတွေက ကျွန်တော့်ကို ဘာမှမပြောမချင်း ဒီမှာပဲရှိနေမှာပါ။မန်ချက်စတာက လူတွေနဲ့ ပုံမှန်စကားပြောဖြစ်ပါတယ်။အခုအချိန်မှာ အသင်းက လာခေါ်တယ်ဆိုရင် ဖြစ်နိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

Hi

၀ိန်းရွန်နီ ဟာ လက်ရှိအချိန်မှာ ရမှတ်လျော့ပြစ်ဒဏ်တွေချမှတ်ထားတာကြောင့် ဒါဘီ အသင်းနဲ့ အတူ ရုန်းကန်နေရတာဖြစ်ပါတယ်။ဒါဘီ အသင်းဟာ မနေ့က ကစားခဲ့တဲ့ပွဲမှာ ဘုန်းမောက် အသင်းကို အနိုင်ရခဲ့ပြီး (-၃)မှတ်ကို လျော့ချသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။