ပိုချက်တီနို ယူနိုက်တက်ကို သွားမယ်ဆိုတာ ယုံကြည်နေကြတဲ့ ပီအက်စ်ဂျီ ကစားသမားတွေ

ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနို ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို သွားရောက်ကိုင်တွယ်မယ်လို့ ကစားသမားတွေ ကိုယ်တိုင်က ယုံကြည်နေကြတယ်လို့ မာကာ က ဖော်ပြလိုက်ပါတယ်။

Paris Saint-Germain’s Argentinian head coach Mauricio Pochettino (L) gives his instructions to Paris Saint-Germain’s Italian midfielder Marco Verratti (C) and Paris Saint-Germain’s Argentinian forward Mauro Icardi during the UEFA Champions League round of 16 second leg football match between Paris Saint-Germain (PSG) and FC Barcelona at the Parc des Princes stadium in Paris, on March 10, 2021. (Photo by FRANCK FIFE / AFP) (Photo by FRANCK FIFE/AFP via Getty Images)

မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြ ဆိုးလ်ရှား ကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ရှာ‌ဖွေနေတာဖြစ်ပြီး အသင်းရဲ့လက်တလောကစားမယ့် ပွဲစဉ်တွေကို ကာရစ်က ယာယီနည်းပြအဖြစ် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။လက်ရှိ အချိန်မှာ ပိုချက်တီနို ဟာ မန်ချက်စတာယူနိုက်တက် ရဲ့နည်းပြသစ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ပိုချက်တီနို ဟာ ပီအက်စ်ဂျီ အသင်းလို နာမည်ကြီးကစားသမားတွေ ပါဝင်တဲ့ အသင်းကို ကိုင်တွယ်နေရပေမယ့် မပျော်ရွှင်ဘဲဖြစ်နေပြီး မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်ချင်နေတာဖြစ်ပါတယ်။အချို့သတင်းတွေအရ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပိုချက်တီနို ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေပြီလို့တောင် ဖော်ပြနေတာပါ။

ပိုချက်တီနို ဟာ အရင်တည်းက မန်ချက်စတာယူနိုက်တက် အသင်းရဲ့ပစ်မှတ်ဖြစ်ခဲ့တာဖြစ်ခဲ့တာပါ။မော်ရင်ဟို ကို ထုတ်ပယ်ပြီးမှာ ပိုချက်တီနို ကို ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ ဆိုးလ်ရှားကိုသာ ယာယီနည်းပြကနေ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနို ကလည်း မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်ချင်နေပြီး သူတို့ကသာ ကမ်းလှမ်းခဲ့မယ်ဆိုရင် လာဖို့ အဆင်သင့်ကို ဖြစ်နေတာပါ။ပီအက်စ်ဂျီ ကစားသမားတွေ ကိုယ်တိုင်ကလည်း ပိုချက်တီနို ဟာ မန်ချက်စတာယူနိုက်တက် ကို ကိုင်တွယ်ဖို့အတွက် ပီအက်စ်ဂျီ ကနေ ထွက်ခွာမယ်ဆိုတာ ယုံကြည်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းကလည်း ပိုချက်တီနို သာ ထွက်ခွာခဲ့မယ်ဆိုရင် ဇီဒန်းကို ခေါ်ယူဖို့ ရှိနေတာပါ။ဇီဒန်းဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပြီး ပီအက်စ်ဂျီ ကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပါတယ်။ဇီဒန်းဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြရာထူးနဲ့ ပတ်သက်ပြီး သတင်းတွေအများအပြား ထွက်ပေါ်နေတာဖြစ်ပါတယ်။မန်ချက်စတာကလပ်ဟာ နွေရာသီရောက်မှသာ နည်းပြသစ် ခန့်နိုင်တယ်လို့လည်း ထင်ကြေးတွေထွက်ပေါ်နေတာဖြစ်ပါတယ်။