ဘောလုံးသမိုင်းမှာ ကျန်ခဲ့မယ့် လှပတဲ့ အမှတ်တရဆိုပြီး ရော်နယ်ဒိုနဲ့ အကြောင်းကို ဖွင့်ဟခဲ့တဲ့ မက်ဆီ

မက်ဆီနဲ့ ရော်နယ်ဒို တို့ရဲ့ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေဟာ ဘောလုံးလောကရဲ့အကြီးအကျယ်ဆုံးအရာလို့ ဆိုနိုင်ပါတယ်။သူတို့ (၂)ဦးဟာ လာလီဂါမှာ ရှိနေတဲ့ အချိန်အတွင်း အချင်းချင်းပြိုင်ဆိုင်မှုပြင်းထန်ခဲ့ ကြတာဖြစ်ပါတယ်။

သူတို့(၂)ဦးဟာ ကမ္ဘာရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး (၁၀)စုနှစ်တခုနီးပါးအကြာ မယုံနိုင်စရာကောင်းတဲ့ ပြိုင်ဆိုင်မှုတွေရှိခဲ့တာဖြစ်ပါတယ်။မက်ဆီ ကတော့ ရော်နယ်ဒိုနဲ့ ပြိုင်ဆိုင်မှုအပေါ် ပြန်လည်သုံးသပ်ခဲ့ပြီး သူတို့ ကို နှစ်သက်တဲ့ သူတ်ိုင်းအတွက် အလွန်လှပတဲ့ စင်မြင့်တခုအဖြစ်ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ တ်ိုက်ရိုက်ထိတွေ့ပြီး ယှဉ်ပြိုင်တာကို လွမ်းဆွတ်နေလားလို့ မာကာ က မေးမြန်းခဲ့ရာမှာ မက်ဆီ က “တူညီတဲ့ လိဂ်မှာ ကျွန်တော်တို့ မယှဉ်ပြိုင်ရတာ ကြာနေပါပြီ”လို့ ဖြေဆိုခဲ့ပါတယ်။ဒါ့အပြင် မက်ဆီ က “ကျွန်တော်တို့ ဟာ တဦးချင်းအတွက်ရော အသင်းအတွက်ရော တူညီတဲ့ ပန်းတိုင်တခုအတွက် ယှဉ်ပြိုင်ခဲ့ပါတယ်”

“ဒါဟာ ကျွန်တော်တို့ အတွက်နဲ့ပြည်သူတွေအတွက် အလွန်လှပတဲ့ စင်မြင့်တခုဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ က ဒါကို အလွန်ကြိုက်ကြလို့ပါပဲ။ဒါဟာ ဘောလုံးသမိုင်းမှာ ကျန်ရှိမယ့် လှပတဲ့ အမှတ်တရတခုပါပဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒို တို့ ဟာ ဘောလုံးသမိုင်းမှာ အောင်မြင်မှုဆုတံဆိပ်တွေ အများကြီး ရယူထားနိုင်တဲ့ သူတွေလည်းဖြစ်ပါတယ်။သူတို့ (၂)ဦးဟာ စပိန်မှာ (၉)နှစ်ကြာ ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ကြပြီး ဘောလွန်းဒီအောဆု(၉)ကြိမ်ကို ခွဲဝေယူခဲ့ကြပါတယ်။

မက်ဆီက ဘောလွန်းဒီအောဆုကို (၅)ကြိမ်ရယူနိုင်ခဲ့ပြီး ရော်နယ်ဒို က (၄)ကြိမ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ရော်နယ်ဒို က ချန်ပီယံလိဂ်ဖလား(၄)ကြိမ်ကို ရယူနိုင်ခဲ့ကာ မက်ဆီ ကတော့ ချန်ပီယံလိဂ်(၂)ကြိမ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။သူတို့ (၂)ဦးလုံးဟာ စပိန်မှာ မရှိတော့ပေမယ့် ပြိုင်ဆိုင်မှုတွေတော့ ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။

မက်ဆီ ဟာ ဒီရာသီမှာ ဘာစီလိုနာ ကနေ ထွက်ခွာကာ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ရော်နယ်ဒို ကတော့ ဂျုဗင်တပ်စ် ကနေ ထွက်ခွာကာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။