ပီအက်စ်ဂျီ ကို ရောက်ပြီး ၄လအကြာမှ ပထမဆုံးပွဲကစားရဖို့ ရှိနေတဲ့ ရာမို့စ်

ရာမို့စ် ဟာ မန်စီးတီး အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီ ကစားသမားဘ၀ ပထမဆုံး ပွဲစဉ်အဖြစ် ပါ၀င်ရဖို့ ရှိနေတယ်လို့ မေရာ သတင်းက ဖော်ပြပါတယ်။ရာမိုစ့် ဟာ ပြီးခဲ့တဲ့ နွေရာသီက ရီးရယ်လ် ကနေ ပီအက်စ်ဂျီ အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရာမို့စ် ဟာ ဒဏ်ရာပြသနာတွေကြောင့် ပီအက်စ်ဂျီ အတွက် ပွဲမကစားနိုင်သေးဘဲ ဖြစ်နေခဲ့တာပါ။ စပိန်နောက်ခံလူ ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ မက်ဆီ၊ဟာကီမီ၊ဒွန်နာရမ်မာ၊၀စ်ခ်ျနယ်လ်ဒန်း တို့နဲ အတူ ရောက်ရှိခဲ့တာဖြစ်ပြီး အခြားကစားသမားတွေကတော့ ပွဲတွေကစားနေချိန်မှာ ရာမို့စ် က အနားယူနေရာတာ ဖြစ်ပါတယ်။

ရာမို့စ် ဟာ ပြီးခဲ့တဲ့ ရာသီက ရီးရယ်လ် အသင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ တူညီတဲ့ ဒဏ်ရာ အခြေအနေကြောင့် အသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ဖိ်ု့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ရာမို့စ် ဟာ မကြာသေးခင် က အသင်းနဲ့ အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နိုင်ခဲ့တာပါ။

အခုဆိုရင် ရာမို့စ် ဟာ မန်စီးတီး နဲ့့ကစားမယ့် ပီအက်စ်ဂျီ အသင်းရဲ့လူစာရင်းမှာ ပါ၀င်လာခဲ့ပြီး ကွင်းထဲမှာ ပီအက်စ်ဂျီ အသင်းရဲ့ဂျာစီကို ပထမဆုံးအကြိမ်၀တ်ဆင်ရတော့မှာလည်းဖြစ်ပါတယ်။ရာမို့စ် အနေနဲ့ ဒီပွဲမှာ ပါ၀င်ခွင့်ရမယ်ဆိုရင် မေလနောက်ပိုင်း ပထမဆုံးအကြိမ်ပြိုင်ပွဲကစားခွင့်ရတာဖြစ်လာမှာပါ။

ရာမိုစ့် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်ကတော့ ချယ်လ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး ဒီပွဲမှာ ချယ်လ်ဆီး အသင်းက (၂)ဂိုး-ဂိုးမရှိနဲ့ရီးရယ်လ် အသင်းကို အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ရာမို့စ် ရဲ့ ကစားခွင့်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ပိုချက်တီနို က သူမသိဘူးလို့ ပြောဆိုထားတာပါ။

ပိုချက်တီနို က “သူဘယ်လိုတိုးတက်နေလဲဆိုတာ ကြည့်ဖို့ အရေးကြီးပါတယ်။တခုရှိတာက လေ့ကျင့်တာနဲ့ ပြိုင်ပွဲယှဉ်ပြိုင်တာဟာ လုံး၀မတူညီပါဘူး”လို့ ဆိုခဲ့ပါတယ်။ရာမို့စ် ဟာ ပီအက်စ်ဂျီ ကို ရောက်ရှိလာပြီးနောက် အသင်းဖော်တွေနဲ့လေ့ကျင့်ခန်းဆင်းတာ ရက်သတ္တပတ်အနည်းငယ်ပဲရှိသေးတာပါ။

ဒါပေမယ့် ရာမို့စ် ဟာ နန့်တက်စ် အသင်းကို အနိုင်ရတဲ့ ပွဲမှာလည်း ကစားခွင့်ရဖို့ လုံလောက်ခြင်းမရှိတဲ့ အတွက် ပွဲကြည့်စင်ပေါ်ကနေသာ ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်း အကြီးအကဲတွေကတော့ ရာမို့စ် ပွဲကစားနိုင်ခြင်းမရှိသေးတဲ့ အပေါ်မှာ စိတ်ပျက်နေတာလည်းဖြစ်ပါတယ်။