ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၅)ပွဲလုံး ဂိုးသွင်းပြီး စံချိန်‌တွေရယူခဲ့ပြန်တဲ့ ရော်နယ်ဒို

ရော်နယ်ဒို ကတော့ မန်ချက်စတာယူနိုက်တက် အသင်းက ဗီလာရီးရယ်လ် အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး စံချိန်တွေရယူသွားခဲ့ပါတယ်။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ရော်နယ်ဒိုနဲ ဆန်ချို တို့က သွင်းယူပေးခဲ့တာပါ။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို တက်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဖွင့်(၅)ပွဲလုံး ဂိုးသွင်းနိုင်ခဲ့တာပါ။အဲ့ဒါကြောင့် အင်္ဂလန်ကလပ်အသင်းတစ်သင်းမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်(၅)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့်ပထမဦးဆုံးကစားသမားအဖြစ် ရော်နယ်ဒို က မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ယန်းဘွိုင်းစ် နဲ့ ပွဲမှာ (၁)ဂိုး၊ဗီလာရီးရယ်လ်နဲ့ (၂)ပွဲလုံးမှာ (၁)ဂိုးစီ၊ အတ္တလန်ဝာာနဲ့ (၂)ပွဲမှာ (၃)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ရော်နယ်ဒို ဟာ ချန်ပီယံလိဂ်အုပ်စုပွဲ(၅)ပွဲကစားပြီးချိန်မှာ (၆)ဂိုးအထိ သွင်းယူထားတာပါ။

အသက်(၃၆)နှစ်အရွယ်ရှိ ရော်နယ်ဒို ဟာ ဒီပွဲမှာ ခြေစွမ်းပြသခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ရော်နယ်ဒို အတွက်တော့ နိုင်ငံနဲ့ ကလပ်အသင်းပွဲတွေမှာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီရာသီ နောက်ဆုံး(၁၅)မိနစ်အတွင်း အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးတာ (၃)ပွဲရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒါဟာ ချန်ပီယံလိဂ်တရာသီအတွင်း နိုင်ပွဲရယူပေးနိုင်မှုအများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒို ဟာ ဒီသွင်းဂိုးကြောင့် နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုး(၇၉၉)ဂိုးရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့် ရော်နယ်ဒို ဟာ ကစားသမားဘဝ သွင်းဂိုး(၈၀၀)ပြည့်ဖို့ (၁)ဂိုးသာ လိုအပ်တော့တာလည်းဖြစ်ပါတယ်။