ဂျူဗင်တပ်စ်က (၄) ဂိုးပဲအထည့်ခံလိုက်ရလို့ ပျော်နေမှာပဲလို့ လေအကြီးအကျယ်တိုက်လိုက်တဲ့ ဂျိုကိုးလ်

ချဲလ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်က မနေ့ညက ချဲလ်ဆီးနဲ့ ဂျူဗင်တပ်စ်တို့ပွဲမှာ ဂျူဗင်တပ်စ်အနေနဲ့ (၄) ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့တဲ့အပေါ် အိမ်အပြန် လေယာဥ်ပေါ်မှာ ပျော်နေရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးက ပွဲအစအဆုံး တိုက်စစ်ဆင်ကစားခဲ့ပြီး ဂျူဗင်တပ်စ်ကတော့ ထိထိရောက်ရောက် တုံ့ပြန်နိုင်ခဲ့ခြင်းမရှိပါဘူး။ ချဲလ်ဆီးအတွက် ဂိုးတွေကို ချာလိုဘာ့ဂ်၊ ရီစီဂျိမ်းစ်၊ အိုဒွိုင်းနဲ့ လူစားဝင် တိုက်စစ်မှူး ဗာနာတို့က သွင်းယူခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးတို့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့သလို အုပ်စုဗိုလ်နေရာကိုလည်း ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဂျိုကိုးလ်က “ဂျူဗင်တပ်စ် ကစားသမားတွေကတော့ လေယာဥ်ပေါ် ရောက်ရင် သူတို့ (၄) ဂိုးပဲပေးခဲ့ရလို့ ပျော်နေတော့မှာပဲ”

“စနေညက လက်စတာကို နိုင်ခဲ့ပြီးတဲ့နောက် ဒါက နောက်ထပ်ခြေလှမ်းတခုပါ။  လူကာကူနဲ့ တီမိုဗာနာတို့ မပါသေးဘူးနော် ဒါတောင်။ သူတို့က နှစ်ယောက်ပေါင်း ပေါင်သန်း (၁၅၀) တန်ကြေးရှိပြီး ဂျူဗင်တပ်စ်ကို (၄) ဂိုးထက် ပိုသွင်းနိုင်ကြတယ်”

“ခင်ဗျားလည်း ချီးကျူးစရာ စကားရှာတွေ့မှာ မဟုတ်ပါဘူး။ ချဲလ်ဆီးက တသင်းလုံး အကယ်ဒမီထွက်တွေနဲ့ စုဖွဲ့ထားပြီး ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး၊ ချန်ပီယံလိဂ်အုပ်စုမှာလည်း ထိပ်ဆုံး၊ ဥရောပမှာလည်း ချန်ပီယံအသင်းတစ်သင်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။