သူဟာ ကွင်းထဲမှာ အကောင်းဆုံးပဲလို့ ယူနိုက်တက်ကြယ်ပွင့်ကို ချီးကျုးခဲ့တဲ့ ဟားဂရေ့ဗ်စ်

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်း ကစားသမားဟောင်း အို၀င် ဟားဂရေ့ဗ်စ် က ဗီလာရီးရယ်လ် ကို အနိုင်ရတဲ့ ပွဲမှာ ခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆန်ချိုကို ချီးကျုးမှုပြုလုပ်သွားခဲ့ပါတယ်။ဆန်ချိုဟာ ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် ကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟားဂရော့ဗ်စ် ကတော့ ဆန်ချိုဟာ ကွင်းထဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် အတွက် ဒေါ့မွန် အသင်းမှာ ကစားခဲ့တုန်းက ပုံစံကောင်းအချို့ကို ပြသနိုင်ခဲ့တယ်လိ့ ပြောခဲ့တာဖြစ်ပါတယ်။

ဟားဂရေ့ဗ်စ် ဟာ ဂိုးသမား ဒီဂီယာရဲ့လက်စွမ်းကိုလည်း ချီးကျုးသွားခဲ့ပါတယ်။ဟားဂရေ့ဗ်စ် က “ဂျေဒန် ဟာ ကွင်းထဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ဒေါ့မွန်မှာ တွေ့ခဲ့ရတဲ့ ဂျေဒန်နဲ့တူပါတယ်။ဒီဂီယာကလည်း အကောင်းဆုံးကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့တယ်လို့”ဆိုသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဗီလာရီးရယ်လ် အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းကို ဒီပွဲမှာ ယာယီနည်းပြအဖြစ် ကာရစ် က ပထမဆုံးကိုင်တွယ်ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ပေါင်(၇၃)သန်းနဲ့ ဒေါ့မွန်ကနေ ရောက်ရှိလာတဲ့ ဆန်ချို အတွက်တော့ (၁၅)ပွဲကစားပြီးမှ မန်ချက်စတာယူနိုက်တက် ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ဆန်ချို ဟာ ဂိုးလည်းမသွင်းနိုင် ဂိုးလည်းမဖန်တီးနိုင်ခဲ့တာကြောင့် ဝေဖန်ခံနေတာဖြစ်ပါတယ်။

အခုဆ်ိုရင် ဆန်ချိုဟာ ပထမဆုံးဂိုးကို သွင်းယူပြီးနောက် ဝေဖန်မှုတွေကို အနည်းငယ်အသံတိတ်သွားစေခဲ့တာ လည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးနေတာတွေကို အဆုံးသတ်ဖို့လည်း လိုအပ်နေပြိဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီး အသင်း ရဲ့အိမ်ကွင်းမှာ သွားရောက်ကစားရမှာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်(၇)ပွဲမှာ (၅)ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် နည်းပြဆိုးလ်ရှား ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။