ဒီညမှာ ဥရောပရဲ့အကောင်းဆုံးအသင်း က လွှမ်းမိုးခဲ့ပြီဆိုပြီး ချယ်လ်ဆီးကို ချီးကျုးခဲ့တဲ့ ဂျွန်တယ်ရီ

ချယ်လ်ဆီး အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက ဂျုဗင်တပ်စ် အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ဂိုးပြတ်အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျုးခဲ့ပါတယ်။ချယ်လ်ဆီး အသင်းဟာ ဂျုဗင်တပ်စ် အသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ကိုတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျွန်တယ်ရီ က ချယ်လ်ဆီးအသင်းရဲ့စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရလို့ ကျေနပ်နေသလို လူငယ်ကစားသမား တွေ ခြေစွမ်းပြသနိုင်ခဲ့တာကို ပျော်ရွှင်နေတာလည်းဖြစ်ပါတယ်။ဂျွန်တယ်ရီ က “ဒီညမှာ ဥရောပရဲ့အကောင်းဆုံး အသင်းတွေထဲက တသင်းက လွှမ်းမိုးနိုင်ခဲ့ပါတယ်”

“ဒီညမှာ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်က ဘယ်လောက်တောင်ကောင်းလိုက်တာလဲ။သီယာဂိုဆေးလ်ဗား လို ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ ၀န်းရံထားပြီး အသင်းထွက် ကစားသမားတွေကို တွေ့ရတာ အလွန်ကောင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ်ဟာလည်း ဂျုဗင်တပ်စ်နဲ့ပွဲစဉ်က အသင်းစွမ်းဆောင်ရည်ကို အလွန်ပျော်ရွှင်နေတာဖြစ်ပါတယ်။တူချယ်လ် က “ဒါဟာ အလွန်အားကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ထူးခြားတဲ့ ရလဒ်တခုပါပဲ။စိတ်ရှည်သည်းခံဖို့လိုတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်”

“တချိန်တည်းမှာပဲ စည်းချက်နဲ့ ပြင်းထန်မှုအတွက် တာ၀န်ရှိတယ်လို့ “ဆိုခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ ချန်ပီင်္ယံလိဂ်ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ အပြင် ဒီရာသီ ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းပါ အလွန်ထက်မြတ်နေတာလည်းဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလား(၂)ခုလုံးကို ရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုထိပ်ဆုံးနေရာမှာ ရှိနေတာပါ။

ချယ်လ်ဆီး အသင်းဟာ ဒီတပတ်မှာတော့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားနေပြီး နည်းပြကုိပါ ထုတ်ပယ်ထားတဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။