နော်ဝေနဲ့ ကမ္ဘာ့ဖလားမဝင် ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ပါ ဆင်းကစားရမယ့် ဟာလန်း

ဒေါ့မွန် အသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စပို့တင်းလစ္စဘွန်း အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားရဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။

LISBON, PORTUGAL – NOVEMBER 24: Donyell Malen of Borussia Dortmund, Manuel Akanji of Borussia Dortmund, Dan Axel Zagadou of Borussia Dortmund disappointed during the UEFA Champions League match between Sporting CP v Borussia Dortmund at the Estadio Jose Alvalade on November 24, 2021 in Lisbon Portugal (Photo by Eric Verhoeven/Soccrates/Getty Images)

ဒေါ့မွန် အသင်းဟာ ဒီပွဲမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ပထမပိုင်းမှာ ပေးခဲ့ရတဲ့ (၂)ဂိုး၊အမ်မရီချန် ရဲ့တိုက်ရိုက်အနီကတ်တို့ ကြောင့် အရေးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ဒေါ့မွန် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်(၂)ပွဲလုံးမှာ အေဂျတ်စ် ကို ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။

ဒီလိုအရေးနိမ့်ခဲ့တာတွေကြောင့်လည်း အုပ်စုပွဲစဉ်(၁)ပွဲကစားဖို့ ကျန်ရှိသေးပေမယ့် အုပ်စုတတိယနေရာသာ ရပ်တည်ပြီး ယူရိုပါလိဂ် ကစားရတော့မှာဖြစ်ပါတယ်။အေဂျတ်စ်နဲ့ စပို့တင်းလစ္စဘွန်း တို့ကတော့ (၁၆)သင်းအဆင့်ကို တက်ရောက်သွားပြီလည်းဖြစ်ပါတယ်။

LISBON, PORTUGAL – NOVEMBER 24: Donyell Malen of Borussia Dortmund, Manuel Akanji of Borussia Dortmund, Dan Axel Zagadou of Borussia Dortmund disappointed during the UEFA Champions League match between Sporting CP v Borussia Dortmund at the Estadio Jose Alvalade on November 24, 2021 in Lisbon Portugal (Photo by Eric Verhoeven/Soccrates/Getty Images)

ဟာလန်း အတွက်ကတော့ နိုင်ငံအသင်းနဲ့လည်း စိတ်ပျက်စရာကြုံတွေ့ခဲ့ရသလို ကလပ်အသင်းနဲ့လည်း နောက်ထပ်စိတ်ပျက်စရာ ကြုံတွေ့ခဲ့ရတာပါ။ဟာလန်း ရဲ့နိုင်ငံအသင်းဖြစ်တဲ့ နော်ဝေ အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် လာမယ့်(၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ကနေပဲ ကြည့်ရတော့မှာဖြစ်ပါတယ်။

အခု ဒေါ့မွန် အသင်းကလည်း ချန်ပီယံလိဂ်မှာ (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခြင်းမရှိခဲ့ဘဲ ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာပါ။ဟာလန်း လို အသင်းကြီးတွေရဲ့ပစ်မှတ်ကစားသမား ကတော့ ဒီလို အခြေအနေတွေကြောင့် စိတ်ပျက်နေမှာ အသေအချာလည်းဖြစ်ပါတယ်။

‌ဟာလန်း ဟာ ဒဏ်ရာပြသနာတွေကြောင့် လာမယ့်နှစ်ကျမှ အသင်းအတွက် ပြန်ကစားပေးနိုင်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဟာလန်း သာ ကစားနိုင်မယ်ဆိုရင် အခြေအနေတွေဟာ တမျိုးတဖုံပြောင်းလဲသွားနိုင်တယ်လို့တောင် သုံးသပ်မှုတွေရှိနေကြတာဖြစ်ပါတယ်။

ဒေါ့မွန် အသင်းဟာ ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာတော့ ထိပ်ဆုံးနေရာက ဘိုင်ယန်မြူးနစ် အသင်းကို ဒုတိယနေရာကနေ (၁)မှတ်အကွာနဲ့ ဖိအားပေးနေတာဖြစ်ပါတယ်။ဒေါ့မွန် အသင်းဟာ ဒီတပတ်မှာ ဝုလ်ဖ်ဘတ် အသင်းနဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။