ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တဦးလို့ချီးကျုးခဲ့တဲ့ ဗီလာရီးရယ်လ် ကစားသမား

ဗီင်္လာရီးရယ်လ် အသင်းကွင်းလယ်ကစားသမား ထရီဂယ်ရို့စ် က မန်ချက်စတာယူနိုက်တက် အသင်းကို အရေးနိမ့်တဲ့ ပွဲမှာ ပြိုင်ဘက်ဂိုးသမား ဒီဂီယာရဲ့လက်စွမ်းကို ချီးကျုးလိုက်ပါတယ်။ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဗီလာရီးရယ်လ် အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီဂီယာ ဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာတင် အလွန်အရေးပါတဲ့ ကာကွယ်မှု(၂)ခုကို ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ဒီဂီယာ ဟာ ထရီဂယ်ရို့စ် ရဲ့ကောင်းမွန်တဲ့ ကန်သွင်းချက်တွေကိုလည်း အံအားသင့်ဖွယ် ကာကွယ်သွားနိုင်ခဲ့တာပါ။

ဒီဂီယာဟာ ဗီလာရီးရယ်လ် အသင်းနဲ့ကစားခဲ့တဲ့ ဒီရာသီ ချန်ပီယံလိဂ် မိနစ်ပေါင်း(၁၅၀)မှာ ဂိုးပေါက်ကာကွယ်မှု(၉)ကြိမ် ပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီ(၂)ပွဲလုံးမှာ ဗီလာရီးရယ်လ် အသင်းကို အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ထရီဂယ်ရို့စ် က “ခံစားချက်က အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တုန်းကနဲ့ အတူတူပါပဲ။သူတ်ို့ဂိုးသမားဟာ အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုတွေ ထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်။သူတိ်ု့မှာ ထူးချွန်တဲ့ ကစားသမားတွေရှိ ပါတယ်။ရော်နယ်ဒိုကလည်း ဂိုးသွင်းဖ်ို့ နေရာမရွေးပါဘူး”

“ကျွန်တော်တို့ အကောင်းဆုံးလုပ်ပြီး ကောင်းမွန်စွာ ကစားနိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ဒီဂီယာ ကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေထဲက တဦးပါ။သူဟာ ဂိုးတွေအများကြီးကို ကာကွယ်နိုင်ခဲ့ပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီဂီယာ ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ကာကွယ်မှုပေါင်းများစွာ ပြုလုပ်ပြီး အသင်းက်ို ကယ်တင်ပေးနေတာပါ။ဒါပေမယ့် အသင်းရဲ့ခံစစ်ပိုင်းအမှားအယွင်းတွေကြောင့် ပေးဂိုးတွေကို ခွင့်ပြုပေးနေရတာဖြစ်ပါတယ်။

VILLARREAL, SPAIN – NOVEMBER 23: David De Gea of Manchester United gestures during the UEFA Champions League group F match between Villarreal CF and Manchester United at Estadio de la Ceramica on November 23, 2021 in Villarreal, Spain. (Photo by Aitor Alcalde/Getty Images)

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယန်းဘွိုင်းစ် နဲ့ ကစားဖို့ ကျန်ရှိနေသေးပေမယ့် အုပ်စုတွင်း ပထမနဲ့ (၁၆)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။