ငါတို့အကြောင်း လူတွေဘာပြောနေကြလဲဆိုတာ စိတ်မပူဘူးလို့ ပိုချက်တီနို ကို တုံ့ပြန်ခဲ့တဲ့ တူချယ်လ်

ချယ်လ်ဆီးအသင်းဟာ ခံစစ်အသင်းဆိုပြီး ဝေဖန်ခဲ့တဲ့ ပိုချက်တီနို ကို နည်းပြဖြစ်သူ တူချယ်လ် က ပြန်တုံ့ပြန်ခဲ့ပါတယ်။ဂျာမန် အသင်းနည်းပြကတော့ သူများပြောတာတွေကို နားထောင်ရတာမကြိုက်ဘဲ သူ့အသင်းကို ယုံကြည်မှုရှိတယ်လို့ ၀န်ခံခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ တူချယ်လ်ကိုင်တွယ်ပြီးနောက်ပိုင်း ကစားရခက်တဲ့ အသင်းအဖြစ် ရှိလာခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ တူချယ်လ် လက်ထက် ပွဲပေါင်း(၅၀)မှာ (၂၄)ဂိုးသာ ပေးဂိုးခွင့်ပြုခံ ခဲ့ရတာဖြစ်ပါတယ်။ဂိုးအများဆုံးခွင့်ပြုခဲ့ရတာဆိုလို့ ၀က်စ်ဘရွန်းကို အရေးနိမ့်တဲ့ ပွဲစဉ်သာရှိခဲ့ပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီး အသင်းဟာ (၅)ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာဆိုရင် ဂျုဗင်တပ်စ် အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ဂိုးပြတ်အနိုင်ရခဲ့တာပါ။တူချယ်လ် က “ ကျွန်တော်တို့ အကြောင်းလူတွေပြောနေကြတာကို သိပ်ပြီး နားမထောင်ပါဘူး”

“အသင်းနဲ့အတူ သက်တောင့်သက်သာဖြစ်တယ်လို့ ကျွန်တော်ခံစားရပါတယ်။ခုခံကာကွယ်ဖို့ ချဉ်းကပ်ရာမှာလည်း ကျွန်တော်တို့ အလွန်သတ္တိရှိတယ်လို့ ထင်ပါတယ်။ချက်ချင်းဆိုသလိုပဲ ကျွန်တော်တို့ဟာ ဘောလုံးပိုင်ဆိုင်မှုအများဆုံးရရှိခဲ့ပါတယ်”

“အဲ့လိုကနေ အခွင့်အရေးတွေဖန်တီးပြီး အန္တရယ်ဖြစ်အောင် ကြိုးစားပါတယ်။အဲ့ဒီနောက်ပိုင်းမှာ ရာသီသစ်တခု ရောက်ရှိလာခဲ့ပြီး ဒါကိုဖန်တီးနိုင်ဖို့ ထပ်ပြီးကြိုးစားခဲ့ပါတယ်။အသင်းမှ လူသစ်တွေအနည်းငယ်ပါ၀င်လာပြီး ဒီင်္လိုအရာတွေပါပဲ”

“အချို့အခိုက်အတန့်တွေမှာ အရာတွေဟာ ပိုမိုလွယ်ကူလာခဲ့ပြီး ဒီအရှိန်ကို ဖမ်းဆုပ်နိုင်ဖို့တော့လိုပါတယ်။ပွဲရဲ့အစ်ိတ်အပိုင်းအားလုံးမှာတော့ ကျွန်တော်တို့ အားကောင်းချင်ပါတယ်။အချို့အချိန်တွေမှာ ခံစစ်ပိုင်းကို ကောင်းမွန်အောင် ကာကွယ်ရမှာဖြစ်ပြီး အချို့အချိန်တွေမှာ အခြားသူတွေထက် တိုက်စစ်ဆင်နိုင်ဖို့ အနည်းငယ်ပိုကောင်းတဲ့နေရာကို ခင်ဗျားတ်ို့ ရှာဖွေနိုင်မှာပါ”

“ဒါဟာ အလွန်ရှုပ်ထွေးပေမယ့် ကျွန်တော်တို့ အတူတူလုပ်ခဲ့ကြပါတယ်။ဒါဟာ အသင်းလိုက်ကြိုးစားအားထုတ်မှုဖြစ်ပြီး ဒီအသင်းရဲ့ထူးခြားတဲ့ လက္ခဏာပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။