မူရာ ကို အံဩဖွယ်အရေးနိမ့်ပြီး နောက် စပါးရဲ့အဆင့်ဟာ မြင့်မားမှုမရှိဘူးလို့ ဝန်ခံခဲ့တဲ့ ကွန်တီ

ကွန်တီ က စပါးအသင်းဟာ ပြသနာတွေရှိနေပြီး အသင်းရဲ့အဆင့်ဟာလည်း မြင့်မားမှုမရှိဘူးလို့ မူရာ အသင်းကို ယူရိုပါ ကွန်းဖရန့်စ်လိဂ်မှာ အံသြဖွယ် (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပြောလိုက်ပါတယ်။

စပါးအသင်းဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်မိနစ်(၃၀)ကျော် တည်းက ဆက်ဆီဂနွန် က (၂)ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။မူရာ အသင်းဟာ ပွဲချိန်(၁၁)မိနစ်ထဲက ဟော်‌ဗတ် က ဦးဆောင်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး (၇၂)မိနစ်မှာ ဟာရီကိန်းက ပြန်လည်ချေပခဲ့တာပါ။ဒါပေမယ့် နာကျင်အချိန်ပိုမှာ မူရာ အသင်းက အနိုင်ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါဟာ ကွန်တီ အတွက်တော့ စပါးနည်းပြဘဝ ပထမဆုံးရှုံးပွဲလည်းဖြစ်ခဲ့တာပါ။ကွန်တီ က “ကျွန်တော််တို့ အတွက် ဆိုးရွားတဲ့ ရှုံးနိမ့်မှုပါပဲ။စွမ်းဆောင်ရည်ကလည်း ညံဖျင်းပါတယ်။ကျွန်တော်တို့ မှာ အလုပ်တွေအများကြီးရှိတယ်ဆိုတာကို သိပါတယ်”

“ဒါဟာ ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ အခိုက်အတန့်ပါပဲ။ပြန်ကောင်းလာဖို့နဲ့ တိုးတက်မှုတွေရဖို့ အတွက် စိတ်ရှည်ဖို့လိုပါတယ်။နည်းဗျုဟာပိုင်းရော နည်းပညာပိုင်းရော ညံဖျင်းခဲ့ပေမယ့် စိတ်ဓါတ်ပိုင်းကတော့ ကောင်းမွန်ခဲ့ပါတယ်”

“စပါး အသင်းကို ပြန်လာနိုင်အောင်လုပ်ဖို့ အချိန်ယူရပါမယ်။အသင်းကို ကိုင်တွယ်လာတာ (၃)ပတ်ကြာပြီးတဲ့ အချိန်မှာ အခြေအနေကို နားလည်လာတာကို ရိုးရိုးသားသားပြောဖို့လိုပါတယ်။ဒီအခြေအနေက မလွယ်ဘူးလို့ ပြောလို့ရပါတယ်။အခုအချိန်မှာ စပါးရဲ့အဆင့်က မြင့်မားခြင်းမရှိတော့ပါဘူး”

“အဂ်လန်မှာ ရှိတဲ့ ထိပ်တန်းအသင်းတွေအကြားမှာ အရေးပါတဲ့ ကွာဟမှုရှိပါတယ်။ဒါကို ကြောက်နေမှာ မဟုတ်ပါဘူး။အခြေအနေတွေကို တိုးတက်အောင်လုပ်ဖို့ဒီမှာရှိနေတာပါ။ကဏ္ဍပေါင်းစုံမှာ အသင်းကို နောက်တဆင့်တက်အောင် ကြိုးစားရပါမယ်။အချိန်လိုပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

(၂၀၁၂) ကမှ စတင်ဖွဲ့စည်းခဲ့တဲ့ မူရာ အသင်းဟာ ဒီပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲကို စပါး အသင်းနဲ့ အတွေ့မှာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။စပါး အသင်းအနေနဲ့ နောက်တဆင့်တက်ဖို့ဆိုရင် အုပ်စုနောက်ဆုံးပွဲမှာ အနိုင်ရလဒ်ရယူနိုင်ဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။